မန္တလေးမြို့မှာ ပေါက်စီပေါင်းဖို မီးကြွင်းမီးကျန်ကနေတဆင့် မီးလောင်မှုဖြစ်ပွါးခဲ့

ဇန်နဝါရီ ၃၁-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် ၊ ၃၂(A)လမ်း၊ ၇၃-၇၄လမ်းကြားရှိ ပေါက်စီလုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်မှာ ဒီနေ့မနက်ပိုင်းက ပေါက်စီပေါင်းဖို မီးကြွင်းမီးကျန်စုပုံထားရာကနေ အနီးရှိ ထီးပုံကိုမီးကူးစက်ရာမှ မီးလောင်မှု စတင်ဖြစ်ပွါးခဲ့ပါတယ်။ “မီးဖိုဆောင်ထဲက ပေါက်စီပေါင်းဖို မီးကြွင်းမီးကျန်ကနေ မီးစလောင်တာပါ၊ မီးဖိုဆောင်(၁)လုံး၊ ပျဉ်ခင်း၊ နံကပ် (၂)ထပ်နေအိမ်အပေါ်ထပ်၊ မီးလောင်တဲ့ နေအိမ်ရဲ့ အရှေ့ဘက်က နေအိမ်တလုံးရဲ့အပေါ်ထပ် မျက်နှာကျက်အနည်းငယ်မီးလောင်ပျက်စီးခဲ့ပါတယ်”လို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ မီးလောင်မှုကို Level-1အဆင့်သက်မှတ်ပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ကာ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ် (၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်(၆၀)ဦး၊ စုစုပေါင်း(၉၀)ဦး တို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးလောင်မှုကြောင့် မီးသတ်တွက်ချက်တန်ဖိုးငွေ ၆၃သိန်းကျော် ဆုံးရှုံးခဲ့မှုကြောင့် မီးစလောင်တဲ့ နေအိမ်ပိုင်ရှင် အသက်(၂၆)နှစ်အရွယ် အမျိုးသားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းမှ…

Read More

NLDလက်ထက်က လူမှုရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒေါက်တာလှမြတ်သွေး ထောင်(၂)နှစ်ချမှတ်ခံရ

ဇန်နဝါရီ၊၃၁-၂၀၂၃ MM (VOM) NLD ပါတီလက်ထက်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာလှမြတ်သွေးကို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ သူနဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာလှမြတ်သွေးကို ပုသိမ်ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ မနေ့ ဇန်နဝါရီ ၃၀ ရက်က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ သူနဲ့နီးစပ်တဲ့ ပုသိမ်မြို့ခံ တယောက်က ပြောပါတယ်။ ”ဒေါက်တာ လှမြတ်သွေးက ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဝင်တွေဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ ၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၊ ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၅ ဦးနဲ့အတူဖမ်းဆီးခံရသူပါ ၊ သူက NLD ပါတီအစိုးရတာဝန်ယူတုန်းက ဝန်ကြီးလည်း ဖြစ်သလို တိုင်းပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း တာဝန်ယူခဲ့သူပဲ ၊ အခြားဝန်ကြီးတွေကတော့ ပြန်လွတ်လာပြီး သူ့ကို ဆက်လက် ဖမ်းဆီးထားခဲ့တာ ၊ မနေ့ကတော့ အခုလိုပဲ…

Read More

ပါကစ္စတန်မှာ ရဲတွေကိုပစ်မှတ်ထားပြီး အသေခံဗုံးခွဲတိုက်ခိုက်မှု လူ ၈၀ ကျော်သေဆုံး၊ ရာနဲ့ချီပြီး ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၃၁-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံ ပက်ရှာဝါပြည်နယ်မှာ ရဲတပ်ဖွဲ့၀င်တွေကို ပစ်မှတ်ထားပြီး ဗလီတစ်ခုကို အသေခံဗုံးခွဲမှုကြောင့် လူ ၈၃ ဦးထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၃၁ ရက်မှာ ပြောပါတယ်။ အခင်းဖြစ်ရာနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိကြောင်း ဆေးရုံတာ၀န်ရှိသူတွေကပြောပါတယ်။ ဒါပေမယ့် ပြည်နယ်ရဲတပ်ဖွဲ့မူ ဒဏ်ရာရသူ ၃၀၀ မှ ၄၀၀ အကြားရှိကြောင်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။ အဲဒီဗလီဟာ လုံခြုံရေးအထူးတင်းကြပ်တဲ့ ရဲဌာနချုပ် ၊ ထောက်လှမ်းရေးနဲ့ အကြမ်းဖက်မှုတန်ပြန်ရေးဗျူရိုတို့ရှိရာ ဧရိယာအတွင်းမှာဖြစ်ပြီး ဗုံးခွဲသမားဘယ်လို ၀င်ရောက်လာတယ်ဆိုတာကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။ မကြာသေးမီနှစ်များအတွင်း နိုင်ငံတွင်ဖြစ်ပွားတဲ့ အဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်ဖြစ်တဲ့ အဆိုပါလုပ်ရပ်ကို ပါကစ္စတန်၀န်ကြီးချုပ်နဲ့ အခြားခေါင်းဆောင်တွေက ရှုတ်ချပြောဆိုထားပါတယ်။ အသေခံဗုံးခွဲမှုမှာ ပါ၀င်ပတ်သက်ခြင်းမရှိကြောင်း ပါကစ္စတန်တာလီဘန်အဖွဲ့က ငြင်းဆိုထားပါတယ်။ အကြမ်းဖက်သမားတွေဟာ ပါကစ္စတန်အတွက် ကာကွယ်ရေးတာ၀န်ထမ်းဆောင်နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီး…

Read More

မုံရွာမြို့မှာ ဆန်ဆိုင်ဓားပြတိုက်ခံရပြီး သိန်း ၃၀၀ ကျော် ပါသွား

ဇန်နဝါရီ ၃၁ -၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက်မှာရှိတဲ့ ၊ မြင့်မြင့်အေး ဆန်မျိုးစုံ ရောင်းဝယ်ရေး နေအိမ်မှာ မနေ့ ဇန်နဝါရီ ၃၀ ရက် ညပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေပါသွားတယ်လို့ အိုးဘိုတောင်ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” မနေ့ကည ၇ နာရီဝန်းကျင်မှာ အတိုက်ခံရတာပါ ၊ အမည်မသိ လူ လေးငါးယောက်လောက်က သေနတ်တွေကိုင်ပြီး မြင့်မြင့်အေး ဆန်ရောင်းဝယ်ရေး အိမ်ထဲကို ပြေးဝင်လာပြီး ဓားပြတိုက်တယ် ၊ ဆန်ရောင်းရငွေ ပိုက်ဆံ သိန်းနှစ်ရာ ၊ ရွှေနားကပ် ၁ ရံ ၊ နဲ့ စိန်ဆွဲသီး ပါသွားတယ် အားလုံး သိန်း သုံးရာဖိုးလောက်ဖြစ်တယ်”လို့ အိုးဘိုတောင်ရပ်ကွက်နေ ဒေသခံတယောက်ကပြောပါတယ်။ အဲဲ့ဒီ ဓားပြတိုက်မှုဖြစ်စဥ် ဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့တွေ…

Read More

ကိုဗစ်-၁၉ ကပ်ရောဂါကို ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဆက်လက်ထားရှိဖို့ WHO ဆုံးဖြတ်

ဂျီနီဗာ၊ ဇန်နဝါရီ-၃၁-၂၀၂၃ မျိုးဆက်(VOM) ကိုဗစ်-၁၉ ကပ်ရောဂါကို ကျန်းမာရေးအရေးပေါ်အခြအနေအဖြစ် ဆက်လက်ထားရှိဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဇန်နဝါရီ ၃၀ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ လွန်ခဲ့တဲ့သောကြာနေ့က နိုင်ငံတကာကျွမ်းကျင်သူတွေ ကော်မတီအစည်းအဝေးမှာ ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့အညီ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အခြေအနေကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးမှုအရေအတွက်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေးမလုံလောက်မှုတို့အပေါ် စိုးရိမ်ပူပန်ဆဲဖြစ်ကြောင်း အစည်းအဝေးမှာ ပညာရှင်များက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ဟာ ကြိုတင်မခန့်မှန်းနိုင်တဲ့ ရောဂါလက္ခဏာတွေနဲ့အတူ မျိုးကွဲသစ်တွေအထိ ဆင့်ကဲပြောင်းလဲနိုင်တဲ့စွမ်းရည် ရှိနေဆဲဖြစ်ကြောင်း ပညာရှင်တွေက အကြုံပြုပြောဆိုပါတယ်။ ဒီအခြေအနေတွေမှာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံကြဖို့နဲ့ ပေါ်ပေါက်လာတဲ့ မျိုးကွဲသစ်တွေကို သတိထားကြဖို့ ၊ရောဂါကူးစက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပေးအပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ Ref: NHK Photo:AFP…

Read More

အနောက်အုပ်စုရဲ့ တင့်ကားအကူအညီနဲ့ ပြောင်းလဲလာနိုင်တဲ့ ယူကရိန်းစစ်ပွဲ အလားအလာ

ဝါရှင်တန်၊ ဇန်နဝါရီ-၃၁-၂၀၂၃ မျိုးဆက်(VOM) ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကစတင်ခဲ့တဲ့ ယူကရိန်းကို ရုရှားရဲ့ကျုးကျော်တိုက်ခိုက်မှုဟာ တနှစ်နီးပါးကြာမြင့် လာပြီဖြစ်ပြီး လက်ရှိအချိန်ထိတော့ ယူကရိန်းစစ်ပွဲရဲ့အခြေအနေဟာ နှစ်ဘက်စစ်ပန်းမှုတွေရှိနေသလို စစ်ရေးဗျူဟာ အပြောင်းအလဲတွေလည်းရှိနေပါတယ်။ ရုရှားဟာ ဆောင်းရာသီကာလအတွင်း ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအအောက်အအုံတွေကို ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းဘက်ကလည်း မြေပြင်ထိုးစစ်၊ ခံစစ်တွေပြင်ပြီး ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အားထုတ်နေပါတယ်။ ဒီလိုအခြေအနေမှာ အမေရိကန်နဲ့ ဂျာမနီအပါအ၀င် အနောက်နိုင်ငံတွေက ယူကရိန်းအတွက် အစွမ်းထက် တင့်ကားတွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ချက်ဟာ ယူကရိန်းအတွက် သတင်းကောင်းဖြစ်ပေမယ့် ယူကရိန်းကို အလွယ်တကူသိမ်းပိုက်နိုင်မယ်လို့ မှန်းဆထားတဲ့ ရုရှားအတွက်တော့ အိပ်မက်ဆိုးတခုဖြစ်ပါတယ်။ ဂျာမနီဟာ သူ့ရဲ့ နာမည်ကျော် လီယိုပက်-၂ တင့်ကား ၁၄ စီးကို ယူကရိန်းအတွက် ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ပြီး ပိုလန်ကလည်း သူ့မှာရှိတဲ့ လီယိုပက်-၂ တင့်ကား ၁၄ စီးပေးမယ်လို့…

Read More

ဖလမ်း ပညာရေးမှူးရုံးအတွင်းကို အမည်မသိသူတွေဝင်လာပြီး လစာငွေ သိန်း ၈၀၀ ကျော်ယူဆောင်သွား

ဇန်နဝါရီ ၊ ၃၁ ၊ ၂၀၂၃ SP (VOM) ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့ပေါ်မှာရှိတဲ့ မြို့နယ် ပညာရေးမှူးရုံးမှာ ဒီကနေ့ မနက်ပိုင်းက လစာငွေတွေကို အမည်မသိသူတွေက ရုံးထဲဝင်ပြီး ယူဆောင်သွားတယ်လို့ ဖလမ်းမြို့ခံတွေဆီက သိရပါတယ်။ ” ဘဏ်ကနေ လစာငွေတွေထုတ်ပြီး ရုံးပြန်ရောက်ချိန် မနက် ၁၁ နာရီဝန်းကျင်မှာ သေနတ်အတိုတွေကိုင်ထားတဲ့ အမည်မသိ လူငယ် ၄ ယောက်က ရုံးထဲဝင်လာပြီး မြို့နယ်ပညာရေးမှူးကို သေနတ်နဲ့ထောက်ပြီး အခန်းထဲခေါ်သွားတယ် ၊အဲ့ဒီနောက် အိတ်နဲ့ ထည့်ထားတဲ့ ဝန်ထမ်းလစာငွေ သိန်း ၈၀၀ ကျော်ကို ယူသွားတယ်”လို့ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။ အဲ့ဒါကြောင့် ဖလမ်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေဟာ ဒီကနေ့ လစာငွေ မထုတ်ရသေးဘူးလို့ သိရပါတယ်။ အဲ့ဒီ မြို့နယ် ပညာရေးမှူးရုံး…

Read More

ရန်ကုန်မှာ တစ်လအတွင်း မီး(၄၅)ကြိမ်လောင်ပြီး (၄)ဦးသေဆုံး၊ မီးသတ်တပ်ဖွဲ့နဲ့ပရဟိတအချို့ ဒဏ်ရာရ

ဇန်နဝါရီ ၃၁-၂၀၂၃ KK(VOM) ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း မီးလောင်မှု(၄၅)ကြိမ်ဖြစ်ခဲ့ပြီး လူ (၄)ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ မီးလောင်ခဲ့တဲ့နေရာတွေကတော့ ထန်းတပင်၊သယ်န်းကျွန်း ၊မှော်ဘီ ၊လှိုင်သာယာ၊ကမာရွတ် ၊ရွှေပြည်သာ၊မဂ်လာတောင်ညွန့်၊တိုက်ကြီး ၊ဒဂုံအရှေ၊လှည်းကူးမဂ်လာဒုံ၊တောင်ဒဂုံ၊မြောက်ဒဂုံ၊မြောက်ဥက္ကလာ ၊ဒဂုံဆိပ်ကမ်း၊ဒဂုံအရှေ၊ဒလ၊ခရမ်း၊သန်လျင်၊ကျောက်တန်း၊ကြည့်မြင်တိုင်၊သာကေတ၊လသာ၊ဗဟန်း၊မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက”လူနေအိမ်တွေလောင်တာရှိသလို ကိုင်းတောတွေ မြက်တောတွေ လောင်တာ ကားမီးလောင်တာ သုံးကြိမ်ရှိတယ်၊ မြောက်ဒဂုံမှာလောင်တဲ့မီးက အမျိုးသားတဦးရယ် အမျိုးသမီးသုံးဦးရယ်သေတယ်၊ မီးသတ်တွေ ပရဟိတသမားတွေ ဒဏ်ရာရတာ Grand Royal စက်ရုံနဲ့ စိန်ဂေဟာမှာ”လို့ ပြောပါတယ်။ မီးလောင်မှု(၄၅)ကြိမ်မှာ နေအိမ်မီးလောင်မှု(၂၆)ကြိမ်၊ ကိုင်းတောနဲ့မြက်တောမီးလောင်မှု(၁၆)ကြိမ်နဲ့ ကားမီးလောင်မှု(၃)ကြိမ်ဖြစ်ပြီး ကားမီးလောင်ခဲ့တဲ့မြို့နယ်တွေကတော့ ကမာရွတ်မြို့နယ်တောင်ဒဂုံနဲ့မဂ်လာဒုံမြို့နယ်တွေပဲဖြစ်ပြီး သေဆုံးထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းမီးလောင်မှု(၂၂၄)ကြိမ်ဖြစ်ပွားခဲ့ပြီး(၇)ဦးသေဆုံးကာ (၂၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ VOM လက်လှမ်းမီသမျှ စုဆောင်းရတဲ့ သတင်းအချက်အလက်များသာဖြစ်ပြီး ကျန်တဲ့ဖြစ်စဉ်များ ရှိနေနိုင်ပါသေးတယ်။ #voiceofmyanmar…

Read More

ရန်ကုန်မှာ တစ်လအတွင်း အထောက်အထားမဲ့(၁၄၈)ဦး ဖမ်းဆီးခံရပြီး (၇၇)ဦး ထောင်(၂)နှစ်ချခံထားရ

ဇန်နဝါရီ ၃၁-၂၀၂၃ KK(VOM) ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဒဂုံ၊သန်လျင်၊မရမ်းကုန်းနဲ့ ရွှေပြည်သာမြို့နယ်မှာ ဇန်နဝါရီလအတွင်း အထောက်အထားမဲ့ (၁၄၈)ဦးဖမ်းဆီးခံရပြီး (၇၇)ဦးကို လဝကဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်အမိန့်ချထားတယ်လို့ ဖမ်းဆီးခံရတဲ့ မြို့နယ်တွေဆီက သိရပါတယ်။ မြောက်ဒဂုံမြို့နယ်၊ ၁၆ ရပ်ကွက်၊ တိုးကြောင်လေးဘူတာမှာ ဇန်နဝါရီ၂ ရက်နေ့ မနက်ပိုင်းက ရထားလက်မှတ်ဝယ်ဖို့စောင့်နေတဲ့ ပွဲစားနှစ်ဦးနဲ့ အထောက်အထားမဲ့ အမျိုးသား(၈)ဦး၊ အမျိုးသမီး တဦးဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတဦးက VOM ကိုပြောပါတယ်။ “မြောက်ဒဂုံမှာ ဖမ်းမိတဲ့သူတွေကတော့ အမှုဖွင့်စစ်ဆေးနေတုန်းပဲ အခုလောက်ဆို အမှုက တရားရုံးတောင် ရောက်နေုပြီ”လို့ ​ပြောပါတယ်။ သံလျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုရားနီ ပေ ၃၀ လမ်းက နေအိမ်တစ်အိမ်မှာ ဇန်နဝါရီ ၂ ရက်က ရခိုင်ပြည်နယ်ဘက်က ရောက်လာတဲ့ အထောက်အထားမဲ့( ၇၇)ဦးကို ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတဦးက VOM ကိုပြောပါတယ်။…

Read More

ရန်ကုန်မှာ တစ်လအတွင်း ပစ်ခတ်မှုကြောင့် ၉ ဦးသေ၊ ၈ဦးဒဏ်ရာရ

ဇန်နဝါရီ ၃၁-၂၀၂၃ KK(VOM) ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ဇန်နဝါရီလအတွင်း ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် စစ်တပ်မှအရာရှိအချို့အပါအဝင် လူ(၉)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ရာ မြို့နယ်တွေဆီက သိရပါတယ်။ လှိုင်သာယာ၊ရွှေပြည်သာ၊ဒဂုံဆိပ်ကမ်း၊သာကေတ၊မရမ်းကုန်း၊လှိုင်၊တွံတေးနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ ဇန်နဝါရီလ ၁ ရက်ကနေ ၃၀ရက်နေ့အထိ ပစ်ခတ်မှုတွေဖြစ်လို့ သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက VOM ကိုပြောပါတယ်။ “ဒီလထဲမှာ ပစ်ခတ်ခံရတဲ့အထဲမှာ တပ်ဘက်က လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေနဲ့ အငြိမ်းစားတွေ (၄)ဦးလောက်ပါတယ် ကျန်တာက အုပ်ချုပ်းရေးဘက်က ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်”လို့ ပြောပါတယ်။ သေဆုံးသူတွေမှာ ဗိုလ်မှုးတဦး၊အငြိမ်းစားဗိုလ်မှူးနှစ်ဦး၊အငြိမ်းစားဗိုလ်ကြီးတဦး၊အကျဥ်းဦးစီးဝန်ထမ်းဟောင်းတဦး၊အုပ်ချုပ်ရေးမှူးတဦး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး၊ရာအိမ်မှူးတဦးနဲ့အမျိုးသမီးတဦးတို့ဖြစ်ပြီး ပစ်ခတ်ခံရလို့ သေဆုံးခဲ့သူတွေရှိသလို ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ တွံတေးမြို့ခံတဦးက VOM ကိုပြောပါတယ်။ “တွံတေး လာကပုံမှာဆို ဓားပြတိုက်မိ သေနတ်နဲ့ပစ်သွားလို့ လင်မယားနှစ်ယောက်ဒဏ်ရာရသေးတယ် ရွှေတစ်ဆယ်သားနဲ့ ငွေသိန်းခြောက်ဆယ်ပါသွားတယ် “လို့ ပြောပါတယ်။ မနေ့ညပိုင်းကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သေနတ်နဲ့ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက VOM…

Read More
VOM News

FREE
VIEW