ကိုဗစ်-၁၉ ကပ်ရောဂါကို ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဆက်လက်ထားရှိဖို့ WHO ဆုံးဖြတ်

ဂျီနီဗာ၊ ဇန်နဝါရီ-၃၁-၂၀၂၃
မျိုးဆက်(VOM)

ကိုဗစ်-၁၉ ကပ်ရောဂါကို ကျန်းမာရေးအရေးပေါ်အခြအနေအဖြစ် ဆက်လက်ထားရှိဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဇန်နဝါရီ ၃၀ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ လွန်ခဲ့တဲ့သောကြာနေ့က နိုင်ငံတကာကျွမ်းကျင်သူတွေ ကော်မတီအစည်းအဝေးမှာ ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့အညီ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အခြေအနေကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးမှုအရေအတွက်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေးမလုံလောက်မှုတို့အပေါ် စိုးရိမ်ပူပန်ဆဲဖြစ်ကြောင်း အစည်းအဝေးမှာ ပညာရှင်များက ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ဟာ ကြိုတင်မခန့်မှန်းနိုင်တဲ့ ရောဂါလက္ခဏာတွေနဲ့အတူ မျိုးကွဲသစ်တွေအထိ ဆင့်ကဲပြောင်းလဲနိုင်တဲ့စွမ်းရည် ရှိနေဆဲဖြစ်ကြောင်း ပညာရှင်တွေက အကြုံပြုပြောဆိုပါတယ်။

ဒီအခြေအနေတွေမှာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံကြဖို့နဲ့ ပေါ်ပေါက်လာတဲ့ မျိုးကွဲသစ်တွေကို သတိထားကြဖို့ ၊ရောဂါကူးစက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပေးအပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW