ပါကစ္စတန်မှာ ရဲတွေကိုပစ်မှတ်ထားပြီး အသေခံဗုံးခွဲတိုက်ခိုက်မှု လူ ၈၀ ကျော်သေဆုံး၊ ရာနဲ့ချီပြီး ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၃၁-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံ ပက်ရှာဝါပြည်နယ်မှာ ရဲတပ်ဖွဲ့၀င်တွေကို ပစ်မှတ်ထားပြီး ဗလီတစ်ခုကို အသေခံဗုံးခွဲမှုကြောင့် လူ ၈၃ ဦးထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၃၁ ရက်မှာ ပြောပါတယ်။

အခင်းဖြစ်ရာနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိကြောင်း ဆေးရုံတာ၀န်ရှိသူတွေကပြောပါတယ်။ ဒါပေမယ့် ပြည်နယ်ရဲတပ်ဖွဲ့မူ ဒဏ်ရာရသူ ၃၀၀ မှ ၄၀၀ အကြားရှိကြောင်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။

အဲဒီဗလီဟာ လုံခြုံရေးအထူးတင်းကြပ်တဲ့ ရဲဌာနချုပ် ၊ ထောက်လှမ်းရေးနဲ့ အကြမ်းဖက်မှုတန်ပြန်ရေးဗျူရိုတို့ရှိရာ ဧရိယာအတွင်းမှာဖြစ်ပြီး ဗုံးခွဲသမားဘယ်လို ၀င်ရောက်လာတယ်ဆိုတာကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။

မကြာသေးမီနှစ်များအတွင်း နိုင်ငံတွင်ဖြစ်ပွားတဲ့ အဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်ဖြစ်တဲ့ အဆိုပါလုပ်ရပ်ကို ပါကစ္စတန်၀န်ကြီးချုပ်နဲ့ အခြားခေါင်းဆောင်တွေက ရှုတ်ချပြောဆိုထားပါတယ်။

အသေခံဗုံးခွဲမှုမှာ ပါ၀င်ပတ်သက်ခြင်းမရှိကြောင်း ပါကစ္စတန်တာလီဘန်အဖွဲ့က ငြင်းဆိုထားပါတယ်။

အကြမ်းဖက်သမားတွေဟာ ပါကစ္စတန်အတွက် ကာကွယ်ရေးတာ၀န်ထမ်းဆောင်နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီး အကြောက်တရားဖန်တီးနေချင်နေကြကြောင်း ပါကစ္စတန်၀န်ကြီးချုပ် ရှာရစ်ဖ်က ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW