မုံရွာမြို့မှာ ဆန်ဆိုင်ဓားပြတိုက်ခံရပြီး သိန်း ၃၀၀ ကျော် ပါသွား

ဇန်နဝါရီ ၃၁ -၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက်မှာရှိတဲ့ ၊ မြင့်မြင့်အေး ဆန်မျိုးစုံ ရောင်းဝယ်ရေး နေအိမ်မှာ မနေ့ ဇန်နဝါရီ ၃၀ ရက် ညပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေပါသွားတယ်လို့ အိုးဘိုတောင်ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

” မနေ့ကည ၇ နာရီဝန်းကျင်မှာ အတိုက်ခံရတာပါ ၊ အမည်မသိ လူ လေးငါးယောက်လောက်က သေနတ်တွေကိုင်ပြီး မြင့်မြင့်အေး ဆန်ရောင်းဝယ်ရေး အိမ်ထဲကို ပြေးဝင်လာပြီး ဓားပြတိုက်တယ် ၊ ဆန်ရောင်းရငွေ ပိုက်ဆံ သိန်းနှစ်ရာ ၊ ရွှေနားကပ် ၁ ရံ ၊ နဲ့ စိန်ဆွဲသီး ပါသွားတယ် အားလုံး သိန်း သုံးရာဖိုးလောက်ဖြစ်တယ်”လို့ အိုးဘိုတောင်ရပ်ကွက်နေ ဒေသခံတယောက်ကပြောပါတယ်။

အဲဲ့ဒီ ဓားပြတိုက်မှုဖြစ်စဥ် ဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့တွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ခံ တယောက်ကလည်း ” အခု ဓားပြတိုက် လုယက်ခံရတဲ့ ရပ်ကွက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနဲ့ လွှတ်တော်ရုံးစိုက်ရာ ရပ်ကွက်ဖြစ်တယ် ၊ ဘေးမှာလည်း စစ်တပ် တခုရှိတယ် ၊ အဲ့ဒီကြားကနေ တိုက်ခံရတာဖြစ်တယ် ၊ မုံရွာမြို့မှာ ၃၁ ရပ်ကွက်ရှိတဲ့ အထဲက အိုးဘိုတောင်ရပ်ကွက်က လုံခြုံရေး အတင်းကြပ်ဆုံး ရပ်ကွက်ဖြစ်တယ်” လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၂တုန်းက ဓားပြတိုက် လုယက်မှု ဖြစ်စဥ်ပေါင်း ၂၀ ကျော်ဖြစ်ပွားပြီး၊ အဲ့ဒီ အမှုတွေနဲ့ ပတ်သက်ပြီး လူငယ်တချို့ ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW