စစ်ကိုင်းတိုင်းမှာ ၁ လအတွင်း ကျေးရွာပေါင်း ၂၀ ကျော်နဲ့ နေအိမ် တစ်ထောင်ကျော် မီးလောင်ခဲ့

ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့လ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ၁ လတာ ကာလအတွင်းမှာ ကျေးရွာပေါင်း ၂၀ ကျော် မီးလောင်ခဲ့ရပြီး လူနေအိမ် တစ်ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ လတုန်းက ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၂ ရွာနဲ့ ရပ်ကွက် တခု မီးရှို့ဖျက်ဆီးခံရတယ် ၊ အဲ့ဒီ ရွာတွေကတော့ လက်ယက်ကုန်းကျေးရွာ ၊ မူးခတွင်းကျေးရွာ ၊ ညောင်လှကျေးရွာ ၊ အောင်ချမ်းသာကျေးရွာ ၊ သရက်တောကျေးရွာ ၊ မရကန်ကျေးရွာ ၊ အုန်းတပင်ကျေးရွာ ၊ တိုင်နတ်ကျေးရွာ ၊ ယဉ်ကျေးရွာ ၊ မူးရိုးကုန်းကျေးရွာ ၊မစိုးရိမ်ကျေးရွာ ဒီပဲယင်းမြို့ အနောက်ကွက်သစ် တို့ဖြစ်တယ် ၊ အဲ့ဒီထဲက သိရသလောက် မီးလောင်စာရင်းက ၊ ညောင်လှ‌ ကျေးရွာအိမ်ခြေ (၃၇၀)ကျော် ၊ တိုင်နတ်ကျေးရွာ (၁၂၀)ကျော်ယဉ်ကျေးရွာ (၁၄၀)ဝန်းကျင်သရက်တောကျေးရွာ (၁၀၀)ဝန်းကျင် ထိခိုက်မှုကြီးမားစွာ မီးရှို့ဖျက်ဆီးခံရတယ် ၊ ဒီပဲယင်းမြို့နယ်မှာက လပေါင်း ၂၀ ကျော်မှာ အိမ်ခြေ ၆ ထောင်ကျော် မီးလောင်ပျက်စီးခဲ့ရတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အရာတော်မြို့နယ် ၊ သလဲဘာကျေးရွာမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ခြေ ၁၁၀ ကျော် မီးလောင်ခဲ့ပြီး အဲ့ဒီ မီးလောင်ပြင်ထဲကနေ အမျိုးသား ရုပ်အလောင်း ၇ လောင်း ၊ အမျိုးသမီး ရုပ်အလောင်း ၃ လောင်း တွေ့ရတာ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကိုင်းမြို့နယ် ၊ ဒီပဲယင်းကွဲကျေးရွာမှာ ၊ ဇန်နဝါရီ ၆ ရက်၊ မနက်ပိုင်းက ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ယောက် ပစ်သတ်ခံရပြီး ရွာထဲက လူနေအိမ် တစ်ရာ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းမှာ ၁ လအတွင်း လူနေအိမ် တစ်ထောင်ကျော် မီးရှို့ခံရပြီး ၊ မီးဘေးသင့် ပြည်သူ ၇ ထောင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အဲ့ဒီမီးလောင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ၁၅ ယောက်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းခရိုင် ၊ မြောင်မြို့ ၊ မြိုသစ်ရပ်ကွက်မှာ ဇန်နဝါရီ ၂၆ ရက်က ရွေးကောက်ပွဲကော်မရှင်ရုံး မီးလောင်ခဲ့ပြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့ ၊ မုံရွာ – မန္တလေးကားဘေးမှာရှိတဲ့ မြို့နယ် လဝကရုံးနဲ့ ဝန်ထမ်းအိမ်ယာလိုင်းခန်းဟာ ဇန်နဝါရီ ၂၇ ရက်ညပိုင်းက မီးလောင်ခဲ့ပါတယ်။

အဲ့ဒီနောက် ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ မြိ​နယ် စက်မှုလယ်ယာ ရုံး အဆောက်အဦဟာ ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းက မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနက သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW