သဇင်နှင့် ခွာညို

““ မန်ခန်းကျွန်းတွင်း စံမြန်းရွှန်းလင်း မှန်နန်းထွန်းဝင်း၊ ဘုန်းပန်းကြိုင်သင်း နှန်းနှန်းပြိုင်ရှင်း ထီးစင်းရာနေ ခွန်းတော်ခြွေ၊ ဘွေမန်းစက်ဦး သန်းယှက်ကူး လေဖျန်းရွက်မြူး။”” (မြင်းခင်းကြိုး-မြဝတီမင်းကြီး ဦးစ) ပြာသိုမှာ မင်းနေပြည်တော်ခေတ်က မြင်းခင်းသဘင်ထင်ရှားသည်။ပြာသိုလတွင် ရွှေနန်းတော်တွင်း ဝှဲချီးကျင်းပသော မြင်းခင်းသဘင်များနှင့်ပတ်သက်၍ စာဆိုတော်များက သီချင်းဂီတ အများအပြား စပ်ဆိုခဲ့ကြသည်။ မြင်းခင်းကြိုးများက မြန်မာ့မဟာဂီတ၏ အဆီအနှစ်များဖြစ်ခဲ့သည်။““ ဘုန်းမိုးရွာစွေ သွန်းဖျန်း၊ ရွှေပြည်တော်သာ ငြိမ်းချမ်း””ဟူ၍ စပ်ဆိုသကဲ့သို့ ““မန်ခန်း ကျွန်းတွင်း စံမြန်းရွှန်းလင်း၊ မှန်နန်းထွန်းဝင်း””ဟူ၍လည်း စပ်ဆိုခဲ့ကြသည်။ အလားတူ ““ လာချေပြီ၊မြင်းများခေါင်ဘွေမှာလေ၊ဖြိုးမျှကဲလွန်း”” ဟူ၍လည်း စပ်ဆိုခဲ့ကြသည်။ ထို့ကြောင့် အနုပညာရှင်ကြီး မြို့မငြိမ်းကလည်း ရှေးဘုရင်များလက်ထက်က ထင်ရှားခဲ့သော မြင်းခင်းသဘင်များကို ပြန်လည်အမှတ်ရစေသောငှာ မမေ့မလျော့တမ်းသီချင်းတစ်ပုဒ်စပ်ဆိုခဲ့ပြန်၏။ ““ငွေနှင်းမှုန်ရီ၊ဝေစီစီ…..၊မြောက်ပြန်လေညှင်းသွင်းတဲ့လရာသီ၊ သမယအခါဆီ ပြာသိုခွာညို ညှာစိုစိမ်းလဲ့လန်း၊ ရွှေနန်းတော်တွင်း လဲ့ဝင်းမူယာပလီ၊ သူဇာဒေဝီ တော်ဝင်ပန်းကို လှမ်းလို့ချူရှာသည်…..”” ဟူလို။ ဆက်လက်၍…

Read More

ပဋိပက္ခကြားက မြန်မာ့စီးပွားရေး

ဖေဖော်ဝါရီ ၂ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ၂ နှစ်တာ ကာလအတွင်းမှာ အခြေအနေဆိုးလာတဲ့ ပဋိပက္ခကြောင့် ထိခိုက်မှုပိုမို ဆိုးရွားလာနေခဲ့ပါတယ်။ လက်ရှိမှာ အခြေခံပြည်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုနဲ့အတူ မိသားစုစားဝတ်နေရေး ပြဿနာတွေကြောင့် ဘဝရပ်တည်ရှင်သန်ဖို့ ပိုမိုခက်ခဲလာနေကြပါတယ်။ “မြန်မာ့စီးပွားရေးကတော့ လက်ရှိမှာ နာလန်ထနိုင်ဖို့ အလားအလာ အများကြီးကို နည်းပါးနေသေးတဲ့ အခြေအနေပါ။ နာလန်ထဖို့ထက် ပိုပြီး ဆိုးဝါးသွားနိုင်တဲ့ အခြေအနေဆီကို ဦးတည်နေတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ပြည်တွင်းက ဘဏ်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေဟာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း အတော်ကို ယိမ်းယိုင်သွားပါပြီ။ ဘဏ်လုပ်ငန်းတွေ ကောင်းကောင်းမွန်မွန် လည်ပတ်မှု မရှိဘူး။ အဲ့ဒီတော့ ပြည်သူတွေရဲ့ယုံကြည်မှု ကျဆင်းတယ်။ အများပြည်သူ ယုံကြည်မှုမရှိရင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက…

Read More

ပေါင်မြို့နယ်က ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ဟောင်း တဦး ပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂ -၂၀၂၃ SP (VOM) မွန်ပြည်နယ် ၊ ပေါင်မြို့ ၊ ပေါင်ရပ်ကွက် ၊ ဘူတာရပ် နယ်မြေမှာနေထိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးကိုကိုလေး ဆိုသူဟာ မနေ့ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက ပစ်သတ်ခံရတယ်လို့ ပေါင်မြို့နယ် ထွေ/ အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၆ နာရီခွဲ ၇ နာရီဝန်းကျင်မှာ နေအိမ်စတိုးဆိုင်မှာ ပစ်သတ်ခံရတယ် ၊ ​စျေးဝယ်လာတဲ့ လူငယ် ၂ ယောက်က ၊ ပစ္စတိုသေနတ်နဲ့ ၈ ချက်ပစ်ခံတာကြောင့် နေရာမှာတင် သေဆုံးသွားတာဖြစ်တယ်”လို့ ထွေ/အုပ် ဝန်ထမ်းတယောက်က ပြောပါတယ်။ သေဆုံးသူ ဦးကိုကိုလေး ဆိုသူဟာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဝင် တဦးဖြစ်ပြီး ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ…

Read More

နေပြည်တော်က ကိုယ်ပိုင်ကျောင်းတခုမှာ ကျောင်းသူတဦး ခုန်ချသေဆုံးမှုဖြစ်ပွါးခဲ့

ဖေဖော်ဝါရီ ၂-၂၀၂၃ KT(VOM) နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊မင်္ဂလာဒီပရပ်ကွက်ရှိ ‘ခေတ်ရှေ့ဆောင်’ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မနေ့ ဖေဖော်ဝါရီ ၁ရက် ညနေပိုင်းက ကိုယ်ပိုင်ကျောင်း ခေါင်မိုးပေါ်ကနေ ကျောင်းသူတဦး ခုန်ချသေဆုံးမှုဖြစ်ပွါးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ကျောင်းသူ ခုန်ချသေဆုံးချိန် နောက်ကနေ လိုက်လံဆွဲခေါ်တဲ့ ဆရာတဦးပါ ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ခုန်ချသေဆုံးသူဟာ အဲ့ဒီကိုယ်ပိုင်ကျောင်းမှာ Grade-10တက်နေတဲ့ အသက်(၁၆)နှစ်အရွယ် ကျောင်းသူဖြစ်ပြီး လိုက်လံဆွဲခေါ်သူကတော့ ကွန်ပျူတာသင်ကြားတဲ့ အသက်(၂၃)နှစ်အရွယ် ဆရာတဦးဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းသူဟာ ဝဲမျက်လုံးဖူးယောင်ပေါက်ပြဲ၊ပါးစပ်သွေးထွက်၊ဝဲတံတောင်ဖူးယောင်၊ယာလက်ကောက်ဝတ်ဖူးယောင်၊ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာတွေနဲ့ ကုတင်(၁၀၀၀)မှာ ဆေးကုသနေစဥ် သေဆုံးခဲ့ပြီး ကျောင်းဆရာဖြစ်သူကလည်း နှာခေါင်းသွေးထွက်၊ပါးစပ်သွေးထွက်၊လည်ပင်းရိုးကျိုး၊ဝဲ/ယာဒူးပေါက်ပြဲ၊နားသွေးထွက်ဒဏ်ရာတွေနဲ့ ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားတာဖြစ်ပါတယ်။ အဲ့ဒီက်ိစ္စနဲ့ပတ်သက်ပြီး ခေတ်ရှေ့ဆောင် ကိုယ်ပိုင်ကျောင်းကို ဆက်သွယ်ရာမှာတော့ လက်ရှိအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။ နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုမြို့နယ်ရဲစခန်းကတော့ သေမှုသေခင်းအမှတ်စဥ် ၁/၂၀၂၃ နဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ကိုယ်ပိုင်ကျောင်း #ကျောင်းသူခုန်ချသေဆုံး

Read More

စစ်ကိုင်းတိုင်းမှာ ၁ လအတွင်း ကျေးရွာပေါင်း ၂၀ ကျော်နဲ့ နေအိမ် တစ်ထောင်ကျော် မီးလောင်ခဲ့

ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့လ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ၁ လတာ ကာလအတွင်းမှာ ကျေးရွာပေါင်း ၂၀ ကျော် မီးလောင်ခဲ့ရပြီး လူနေအိမ် တစ်ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ လတုန်းက ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၂ ရွာနဲ့ ရပ်ကွက် တခု မီးရှို့ဖျက်ဆီးခံရတယ် ၊ အဲ့ဒီ ရွာတွေကတော့ လက်ယက်ကုန်းကျေးရွာ ၊ မူးခတွင်းကျေးရွာ ၊ ညောင်လှကျေးရွာ ၊ အောင်ချမ်းသာကျေးရွာ ၊ သရက်တောကျေးရွာ ၊ မရကန်ကျေးရွာ ၊ အုန်းတပင်ကျေးရွာ ၊ တိုင်နတ်ကျေးရွာ ၊ ယဉ်ကျေးရွာ ၊ မူးရိုးကုန်းကျေးရွာ ၊မစိုးရိမ်ကျေးရွာ…

Read More

ဖိလစ်ပိုင်မှာ နောက်ထပ်စစ်အခြေစိုက်စခန်း(၄)ခု အမေရိကန်တည်ဆောက်ဖို့ သဘောတူ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂-၂၀၂၃ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်နဲ့ ထိုင်၀မ်တဝိုက်မှာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်မယ့် အဓိကနေရာ(၄)ခုမှာ အမေရိကန်က စစ်အခြေစိုက်စခန်း(၄)ခုတည်ဆောက်ဖို့ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့အကြား သဘောတူလိုက်ကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်ကွာယ်ရေး၀န်ကြီး လွိုင်အော်စတင်နဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့ မနီလာမှာ ဖေဖော်ဝါရီ ၂ ရက်ကတွေ့ဆုံဆွေးနွေးပြီးနောက် စစ်အခြေစိုက်စခန်းတွေ တည်ဆောက်ရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား သဘောတူလိုက်တာဖြစ်ပါတယ်။ အခုလိုသဘောတူညီချက်ကြောင့် မြောက်ဘက်ရှိ တောင်ကိုရီးယား၊ ဂျပန်မှ တောင်ဘက် သြစတြေးလျထိ ဖြန့်ကြက်ထားတဲ့ အမေရိကန်နဲ့မဟာမိတ်တွေအကြား လုံခြုံရေးနယ်မြေချိတ်ဆက်မှု ကွာဟချက်တွေ ကျဉ်းမြောင်းသွားမှာဖြစ်ပါတယ်။ အမေရိကန်တည်ဆောက်မယ့် စစ်အခြေစိုက်စခန်းသစ်တွေဟာ ဘယ်နေရာတွေလဲဆိုတာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် စခန်းသုံးခုဟာ ထိုင်၀မ်နဲ့ နီးဆုံးနေရာဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့မြောက်ဘက်စွန်းရှိ လူဇွန်ကျွန်းမှာ ဖြစ်ဖွယ်ရှိပါတယ်။ စခန်းသစ်တွေတည်ဆောက်ခြင်းအားဖြင့် ဖိလစ်ပိုင်မှာ လူသားချင်းစာနာမှုဆိုင်ရာနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်တွေအတွက် ပိုမိုလျှင်မြန်စွာ ပံ့ပိုးကူညီပေးရဖို့နဲ့ အခြားသော…

Read More

စစ်ကိုင်းတိုင်း သတင်းစာဆရာများအသင်း အတွင်းရေးမှူး၊စာရေးဆရာမ မယဥ်ယဥ်သိန်း ထောင် ၁ နှစ်ခွဲ အမိန့်ချခံရ

ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း ၊ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နဘားကျေးရွာမှာနေတဲ့ စစ်ကိုင်းတိုင်း သတင်းစာဆရာများအသင်း အတွင်းရေးမှူး စာရေးဆရာမ မယဥ်ယဥ်သိန်း (နဘား) ဆိုသူကို အင်းတော်မြို့နယ် အထူးတရားရုံးကနေ မနေ့ ဖေဖော်ဝါရီ ၁ရက်က အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံလိုက်ရတယ်လို့ သူ့ရဲ့မိသားစုအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ချုပ်ရက်က တနှစ်ကျော်နေပြီ ၊ တနှစ်ခွဲပြည့်ဖို့ သုံးလပဲကျန်တော့တာ ၊ အင်းတော် အချုပ်မှာပဲ ချုပ်နှောင်ခံနေရဆဲဖြစ်တယ် ၊ ကျန်းမာရေး ကောင်းပါတယ် “လို့ သူ့မိသားစုဝင်တဦးကပြောပါတယ်။ ဆရာမ မယဥ်ယဥ်သိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းက အင်းတော်မြို့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ပုဒ်မ ၅၀၅ – က အရ တရားစွဲခံရပြီးနောက် ထောင်ဒဏ်…

Read More

ဖားကန့်မှာ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီးကို သူ့ရဲ့ယောကျ်ားဖြစ်သူက ဓားနဲ့မသေမချင်းခုတ်သတ်မှုဖြစ်ပွား

ဖေဖော်ဝါရီ ၂ – ၂၀၂၃ GG(VOM) ဖားကန့်မြို့၊မော်ဝမ်းရပ်ကွက်က ‘ရွှေရောင်လင်း’ စား​သောက်ဆိုင်ပိုင်ရှင်အမျိုးသမီးကို သူရဲ့ယောကျ်ားဖြစ်သူက ဓားနဲ့အပိုင်းပိုင်းခုတ်ပြီးသတ်ဖြတ်မှု မနေ့ ဖေဖော်ဝါရီ(၂)ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ည ၁၀ နာရီလောက်မှာအခင်းဖြစ်ပွားတယ်၊ ပိုက်ဆံတောင်းတာမပေးလို့ လင်မယား စကားများရာကနေ မိန်းမကို မသေမချင်းဓားနဲ့ခုတ်သတ်တာလို့သိရတယ်၊အခင်းဖြစ်ချိန် လပေးနဲ့ငှားထားတဲ့အမျိုးသမိးဝန်ထမ်းတွေရှိတယ်၊ရပ်မိရပ်ဖတွေလည်းရှိတယ်သိရတယ်”လို့ ကူညိကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ဖားကန်မြို့ရဲ့အတွင်းရေးမှူးဖြစ်သူကပြောပြပါတယ်။ ပိုင်ရှင်အမျိုးသမီးမှာ လည်ပင်းပြတ်လုနီးပါး ဒဏ်ရာ၊ ညာဘက်ပါးပြင် လှီးဖြတ်ဒဏ်ရာ၊လက်မောင်း လှီးဖြတ်ဒဏ်ရာ စတဲ့ဓားဒဏ်ရာတွေနဲ့ မသေမချင်းခုတ်သတ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။ အသတ်ခံရတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ မနေ့ ညပိုင်းကတည်းက ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ပြစ်မှုကျူးလွန်သူ ခင်ပွန်းဖြစ်တဲ့ ကိုမျိုးမင်းဇော် အသက် ၃၃ နှစ်ကို ဖားကန့်မြို့မရဲစခန်းကနေ ဖမ်းဆီးထားပြီး အရေးယူဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ဖားကန့် #လူသတ်မှု

Read More

ရုရှားက ထိုးစစ်ကြီးတရပ်ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီး သတိပေး

ကိဗ်ယက်၊ ဖေဖော်ဝါရီ-၂၀၂၃ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းကို ထိုးစစ်ကြီးကြီးမားမားဆင်ဖို့ ပြင်ဆင်နေပြီး အဲဒီထိုးစစ်ကို ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်နိုင်ကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။ ရုရှားဟာ ထောင်နဲ့ချီတဲ့တပ်ဖွဲ့၀င်တွေကို စုစည်းထားပြီး ယမန်နှစ်က ယူကရိန်းကိုကျူးကျော်မှုစတင်ခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ တစုံတခုလုပ်ဖို့ ကြိုးစားလာနိုင်တယ်လို့ ယူကရိန်းကာကွယ်ရေး၀န်ကြီး အိုလက်ဆေးရီဇ်နီကော့ဗ်က ပြောပါတယ်။ လတ်တလောမှာလည်း ရုရှားဟာ ယူကရိန်းနိုင်ငံ ခါရာမာတော့စ်မြို့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် လူသုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ အပျက်အစီးတွေအကြားမှာ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိပါတယ်။ ရုရှားရဲ့ အကြမ်းဖက်ဝါဒကို ရပ်တန့်ဖို့တခုတည်းသောနည်းကတော့ ချေမှုန်းပစ်တာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုပါတယ်။ ယူကရိန်းအတွက် တင့်ကားတွေကို အမေရိကန်၊ ဂျာမနီနဲ့ ဗြိတိန်တို့ကပေးအပ်မယ်လို့ ကတိပြုထားပြီး ယူကရိန်းသမ္မတဇီလန်စကီးကတော့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ အနောက်အုပ်စုဆီကနေ တိုက်လေယာဉ်တွေ…

Read More

ရနောင်းမှာထိန်းသိမ်းခံရတဲ့ မြန်မာလုပ်သား ၆၇၀ ကျော် ကော့သောင်းကို ရောက်ပြီ

ဖေဖော်ဝါရီ ၂ – ၂၀၂၃ GG(VOM) ထိုင်းနိုင်ငံ ရနောင်းမြို့၊လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်း (IDC)မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဟာ ဒီနေ့ဖေဖော်ဝါရီ၂ ရက်နေ့မှာ မြန်မာဘက်ကိုပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။ ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ရနောင်းဘက်ကနေ မြန်မာနိုင်ငံသားတွေကို ကော့သောင်းဘက်ကို ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပြီး အားလုံးကိုကျန်းမာရေးစစ်ဆေးမှုအကုန်လုံးလုပ်ထားတယ်လို့ သိရပါတယ်။ “အားလုံး ၆၇၉ ယောက်၊ အဲ့ဒီအထဲမှာ မိန်းကလေးက ၁၃၀ ကျော်ပဲပါတယ်၊ကျန်တာက ယောကျ်ားလေးတွေချည်းပဲ။ ရန်ကုန်ပြန်ပို့မယ့်လူတွေကိုတော့ နိုင်ငံတော်အစီအစဥ်နဲ့ပို့မှာပါ”လို့ နေရပ်ပြန်ပို့သူတွေ ကို လက်ခံမှုမှာ ကူညီပေးနေတဲ့ ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ဝင်တဦးကပြောပါတယ်။ နေရပ်ပြန်ရောက်လာသူတွေထဲက တနင်္သာရီတိုင်းဒေသခံတွေကိုတော့ မထသ နဲ့ချိတ်ဆက်ပြီး သက်ဆိုင်ရာမြို့နယ်တွေကို လိုက်လံပို့ဆောင်ပေးခဲ့ပြီး ၊ ရန်ကုန်ပြန်ပို့မယ့်သူတွေကိုတော့ တပ်မတော်ရေ အစီအစဥ်နဲ့ စစ်သင်္ဘောနဲ့ပြန်လည်ပို့ဆောင်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ ရနောင်းမှာအထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၆၇၀ ကျော်ဟာ မြန်မာနိုင်ငံကိုပြန်လိုကြောင်း…

Read More
VOM News

FREE
VIEW