စစ်ကိုင်းတိုင်း သတင်းစာဆရာများအသင်း အတွင်းရေးမှူး၊စာရေးဆရာမ မယဥ်ယဥ်သိန်း ထောင် ၁ နှစ်ခွဲ အမိန့်ချခံရ

ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်း ၊ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နဘားကျေးရွာမှာနေတဲ့ စစ်ကိုင်းတိုင်း သတင်းစာဆရာများအသင်း အတွင်းရေးမှူး စာရေးဆရာမ မယဥ်ယဥ်သိန်း (နဘား) ဆိုသူကို အင်းတော်မြို့နယ် အထူးတရားရုံးကနေ မနေ့ ဖေဖော်ဝါရီ ၁ရက်က အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံလိုက်ရတယ်လို့ သူ့ရဲ့မိသားစုအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ချုပ်ရက်က တနှစ်ကျော်နေပြီ ၊ တနှစ်ခွဲပြည့်ဖို့ သုံးလပဲကျန်တော့တာ ၊ အင်းတော် အချုပ်မှာပဲ ချုပ်နှောင်ခံနေရဆဲဖြစ်တယ် ၊ ကျန်းမာရေး ကောင်းပါတယ် “လို့ သူ့မိသားစုဝင်တဦးကပြောပါတယ်။

ဆရာမ မယဥ်ယဥ်သိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းက အင်းတော်မြို့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ပုဒ်မ ၅၀၅ – က အရ တရားစွဲခံရပြီးနောက် ထောင်ဒဏ် ၁ နှစ်ခွဲ ချခံရတာဖြစ်တယ်လို့ သိရပါတယ်။

စာရေးဆရာမ ယဥ်ယဥ်သိန်း (နဘား)ဟာ ၊ အလွတ်တန်း သတင်းထောက် တယောက်ဖြစ်သလို ၊ စစ်ကိုင်းတိုင်း သတင်းစာဆရာများအသင်းရဲ့ အတွင်းရေးမှူး တယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကိုင်းမြို့မှာနေထိုင်တဲ့ စစ်ကိုင်းတိုင်း သတင်းစာဆရာများ အသင်း ဥက္ကဋ္ဌ ဦးကြည်အောင် ( အလွတ်တန်း သတင်းထောက်)ဆိုသူဟာ ပုဒ်မ ၅၀၅ – က အရ စစ်ကိုင်းမြို့နယ် အထူးတရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချခံရပါသေးတယ်။

၂၀၂၁ နိုင်ငံရေး ပြောင်းလဲဖြစ်စဥ်မှာ စစ်ကိုင်းတိုင်း အခြေစိုက် သတင်းစာဆရာ ၈ ဦးထက်မနည် ဖမ်းဆီးထောင်ချခံရပြီး အဲ့ဒီအထဲက တချို့ကတော့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ယဥ်ယဥ်သိန်း(နဘား) #ထောင်တနှစ်ခွဲချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW