ဖိလစ်ပိုင်မှာ နောက်ထပ်စစ်အခြေစိုက်စခန်း(၄)ခု အမေရိကန်တည်ဆောက်ဖို့ သဘောတူ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂-၂၀၂၃
မျိုးဆက်(VOM)

တောင်တရုတ်ပင်လယ်နဲ့ ထိုင်၀မ်တဝိုက်မှာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်မယ့် အဓိကနေရာ(၄)ခုမှာ အမေရိကန်က စစ်အခြေစိုက်စခန်း(၄)ခုတည်ဆောက်ဖို့ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့အကြား သဘောတူလိုက်ကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်ကွာယ်ရေး၀န်ကြီး လွိုင်အော်စတင်နဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့ မနီလာမှာ ဖေဖော်ဝါရီ ၂ ရက်ကတွေ့ဆုံဆွေးနွေးပြီးနောက် စစ်အခြေစိုက်စခန်းတွေ တည်ဆောက်ရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား သဘောတူလိုက်တာဖြစ်ပါတယ်။

အခုလိုသဘောတူညီချက်ကြောင့် မြောက်ဘက်ရှိ တောင်ကိုရီးယား၊ ဂျပန်မှ တောင်ဘက် သြစတြေးလျထိ ဖြန့်ကြက်ထားတဲ့ အမေရိကန်နဲ့မဟာမိတ်တွေအကြား လုံခြုံရေးနယ်မြေချိတ်ဆက်မှု ကွာဟချက်တွေ ကျဉ်းမြောင်းသွားမှာဖြစ်ပါတယ်။

အမေရိကန်တည်ဆောက်မယ့် စစ်အခြေစိုက်စခန်းသစ်တွေဟာ ဘယ်နေရာတွေလဲဆိုတာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် စခန်းသုံးခုဟာ ထိုင်၀မ်နဲ့ နီးဆုံးနေရာဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့မြောက်ဘက်စွန်းရှိ လူဇွန်ကျွန်းမှာ ဖြစ်ဖွယ်ရှိပါတယ်။

စခန်းသစ်တွေတည်ဆောက်ခြင်းအားဖြင့် ဖိလစ်ပိုင်မှာ လူသားချင်းစာနာမှုဆိုင်ရာနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်တွေအတွက် ပိုမိုလျှင်မြန်စွာ ပံ့ပိုးကူညီပေးရဖို့နဲ့ အခြားသော စိန်ခေါ်မှုတွေကို တုံ့ပြန်နိုင်မှာဖြစ်ကြောင်း ဒေသတွင်းမှာ တရုတ်ရဲ့လွှမ်းမိုးမှုများကို ကိုးကားပြီး အမေရိကန်က ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW