ရုရှားက ထိုးစစ်ကြီးတရပ်ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီး သတိပေး

ကိဗ်ယက်၊ ဖေဖော်ဝါရီ-၂၀၂၃
မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်းကို ထိုးစစ်ကြီးကြီးမားမားဆင်ဖို့ ပြင်ဆင်နေပြီး အဲဒီထိုးစစ်ကို ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်နိုင်ကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။

ရုရှားဟာ ထောင်နဲ့ချီတဲ့တပ်ဖွဲ့၀င်တွေကို စုစည်းထားပြီး ယမန်နှစ်က ယူကရိန်းကိုကျူးကျော်မှုစတင်ခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ တစုံတခုလုပ်ဖို့ ကြိုးစားလာနိုင်တယ်လို့ ယူကရိန်းကာကွယ်ရေး၀န်ကြီး အိုလက်ဆေးရီဇ်နီကော့ဗ်က ပြောပါတယ်။

လတ်တလောမှာလည်း ရုရှားဟာ ယူကရိန်းနိုင်ငံ ခါရာမာတော့စ်မြို့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် လူသုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ အပျက်အစီးတွေအကြားမှာ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိပါတယ်။

ရုရှားရဲ့ အကြမ်းဖက်ဝါဒကို ရပ်တန့်ဖို့တခုတည်းသောနည်းကတော့ ချေမှုန်းပစ်တာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုပါတယ်။

ယူကရိန်းအတွက် တင့်ကားတွေကို အမေရိကန်၊ ဂျာမနီနဲ့ ဗြိတိန်တို့ကပေးအပ်မယ်လို့ ကတိပြုထားပြီး ယူကရိန်းသမ္မတဇီလန်စကီးကတော့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ အနောက်အုပ်စုဆီကနေ တိုက်လေယာဉ်တွေ တောင်းဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW