လှိုင်သာယာမှာ ဒီကနေ့ မနက်အစောပိုင်း မီးလောင်မှုအမျိုးသား ၁ ဦး မီးလောင်သေဆုံးခဲ့

ဖေဖော်ဝါရီ ၉ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက် အပိုင်း ၆၊ ဗိုလ်တေဇပတ်လမ်းမှာ ဒီနေ့ မနက်အစောပိုင်း ၁ နာရီ၊ ၃၈ မိနစ်အချိန်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်မှာ အမျိုးသား ၁ ဦး မီးလောင်သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

“ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အမျိုးသားတဦး မီးလောင်သေသွားပြီ။ ဗိုလ်တေဇပတ်လမ်းဘေးက ကျူးကျော်အိမ်တွေမှာလောင်တာပါ။ သေဆုံးသူရဲ့ Dead Body ကိုတော့ နာရေးကူညီမှုအသင်းကားနဲ့ လှိုင်သာယာဆေးရုံကို ပို့လိုက်ပါတယ်“လို့ ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ့ မီးလောင်မှုဖြစ်စဉ်ဟာ အချိန်အားဖြင့် ၁၆ မိနစ်ဝန်းကျင် ရှိခဲ့ပြီး လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၁ နာရီ ၅၄ မိနစ်တွင်မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ် အသေးစိတ်ကိုတော့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

မနေ့ (ဖေဖော်ဝါရီ ၈ ရက်နေ့)ကလည်း ရန်ကုန်မှာ တရက်တည်း နေရာ ၆ နေရာ မီးလောင်ခဲ့ကာ လူ ၁ ဦးသေဆုံးခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။

Photo – ကရုဏာတွဲလက်
#voiceofmyanmar #VOM #ရန်ကုန် #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW