လှိုင်သာယာမှာ ဒီကနေ့ မနက်အစောပိုင်း မီးလောင်မှုအမျိုးသား ၁ ဦး မီးလောင်သေဆုံးခဲ့

ဖေဖော်ဝါရီ ၉ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက် အပိုင်း ၆၊ ဗိုလ်တေဇပတ်လမ်းမှာ ဒီနေ့ မနက်အစောပိုင်း ၁ နာရီ၊ ၃၈ မိနစ်အချိန်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်မှာ အမျိုးသား ၁ ဦး မီးလောင်သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ “ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အမျိုးသားတဦး မီးလောင်သေသွားပြီ။ ဗိုလ်တေဇပတ်လမ်းဘေးက ကျူးကျော်အိမ်တွေမှာလောင်တာပါ။ သေဆုံးသူရဲ့ Dead Body ကိုတော့ နာရေးကူညီမှုအသင်းကားနဲ့ လှိုင်သာယာဆေးရုံကို ပို့လိုက်ပါတယ်“လို့ ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲ့ဒီ့ မီးလောင်မှုဖြစ်စဉ်ဟာ အချိန်အားဖြင့် ၁၆ မိနစ်ဝန်းကျင် ရှိခဲ့ပြီး လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၁ နာရီ ၅၄ မိနစ်တွင်မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။…

Read More

ရေဦးမြို့မှာ လက်နက်ကြီးကျပေါက်ကွဲလို့ အမျိုးသမီး(၂)ဦးသေဆုံး၊(၂)ဦးဒဏ်ရာရ

ဖေဖော်ဝါရီ၊ ၉-၂၀၂၃ MM(VOM) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာအုပ်စု၊ ဇီးကန်ရွာအတွင်းထဲကို မနေ့ ဖေဖော်ဝါရီ ၈ရက် ညပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး(၂)ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ”မနေ့က ညပိုင်းကဖြစ်တာ ဇီးကန်ရွာထဲကိုကျတာ ညဘက်ပါ၊ အမျိုးသမီး၂ ယောက်သေဆုံးပြီး အမျိုးသား၂ ယောက် ဒဏ်ရာရရှိခဲ့တယ်၊ နွား ၆ ကောင်လည်း သေဆုံးခဲ့တယ်၊ လူနေအိမ်တွေလည်း မနည်းပျက်စီးခဲ့တာ တွေ့ရတယ်၊ သေဆုံးသွားတဲ့ အမျိုးသမီး၂ ယောက်က အသက် ၄၀ ဝန်းကျင်အရွယ် မစိန်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် မငြိမ်းငြိမ်းတို့ပါ ၊ ဒဏ်ရရှိခဲ့တဲ့အမျိုးသား၂ ယောက်ကို ဆေးရုံကိုတင်ပို့ထားရတယ်။”လို့ ဒေသခံ ရပ်မိရပ်ဖ တဦးကပြောပါတယ်။ လက်နက်ကြီးကျပေါက်ကွဲခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံတယောက်က”ရွာမှာတိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး ၊ လက်နက်ကြီးက ဘယ်လိုကျတာလည်း မပြောတတ် သလောက်ပါပဲ ၊…

Read More

ဆိုမာလီပြည်သူတွေ ဧပြီလကစပြီး အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသတိပေး

မိုဂါဒစ်ရှူး ၊ ဖေဖော်ဝါရီ-၉-၂၀၂၃ မျိုးဆက်(VOM) ဆိုမာလီယာနိုင်ငံမှာ လက်ရိ်ှမိုးလေ၀သခန့်မှန်းချက်များအရ ခြောက်နှစ်ဆက်တိုက်မိုးခေါင်းမှုဖြစ်ပေါ်နေတာကြောင့် လာမည့်ဧပြီလမှစပြီး ပြည်သူတွေ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၈ ရက်မှာ သတိပေးလိုက်ပါတယ်။ နိုင်ငံတွင်းမှာ ဆယ်စုနှစ်များစွာအတွင်း အရှည်ကြာဆုံးနဲ့ အပြင်းထန်ဆုံး မိုးခေါင်ရေရှားမှုဒဏ်ကို ဆိုမာလီယာနိုင်ငံမှာ ပြည်သူ ခုနှစ်သန်းကျော် ဆက်လက်ခံစားနေရကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆိုမာလီယာနိုင်ငံအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှာ တုံ့ပြန်ကူညီမှုတွေ လက်ရှိချိန်ထိ လုံလောက်ခြင်းမရှိဘူးလို့ မြို့တော်မိုဂါဒစ်ရှူးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ၊ ဆိုမာလီယာအစိုးရနဲ့ အကူအညီပေးရေးအေဂျင်စီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ အကူအညီများဆက်လက်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဒေါ်လာ ၂ ဒသမ ၅ သန်းတောင်းခံထားသည်။ မိုးခေါင်ရေရှားမှုကြောင့် ပြည်သူ ၁ ဒသမ ၄ သန်း နေရပ်စွန့်ခွာခဲ့ရပြီး တိရိစ္ဆာန်ကောင်ရေ ၃ ဒသမ ၅ သန်းသေဆုံးခဲ့ပါတယ်။ ဆိုမာလီပြည်သူတွေဟာ ရာသီဥတုပြောင်းလဲစေနိုင်တဲ့…

Read More

ဘူးသီးတောင်မှာ ပျောက်ဆုံးသွားတဲ့ ခမီအမျိုးသား တဦးကို ၄ ရက်ကြာမှ ဓားဒဏ်ရာတွေနဲ့ အလောင်းပြန်တွေ့

ဖေဖော်ဝါရီ ၉- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း၊ ကျောင်းတောင်အုပ်စု၊ ဂန္ဒရူးအောက်ရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းက ပျောက်ဆုံးသွားတဲ့ သက်ကြီးပိုင်း ခမီအမျိုးသားတဦးကို မနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ဓားဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူဟာ ဂန္ဒရူးအောက်ရွာ (ခမီရွာ) က အသက် (၄၀) ကျော်အရွယ် ဦးစိန်ဖြူဖြစ်ကြောင်း ရွာနဲ့သိပ်မဝေးတဲ့ စမ်းပတီးချောင်းအတွင်း ငါးရှာသွားစဉ်ပျောက်ဆုံးသွားရကနေ အခုလို ဓားထိုးဒဏ်ရာတွေနဲ့ အသတ်ခံထားရတာကို ရွာသားတွေ ရှာဖွေတဲ့ ၅ ရက်မြောက်နေ့မှာ သေဆုံးပြီးတွေ့ရှိတာလို့ ဒေသခံတဦးက VOMကို ပြောပါတယ်။ ဂန္ဒရူးကျေးရွာ ဒေသခံတဦးကလည်း “ အဲဒီနေ့ ၃ နာရီလောက်က ငါးမြူးထောင်ထားတာကို ပြန်ဖော်ဖို့သွားတဲ့အခါ ပြန်မလာတဲ့အခါမှာ လိုက်ရှာကြတာပါ။ လိုက်ရှာတဲ့အခါ ဆိုင်ကယ်ကိုဘဲတွေ့တယ်။ အဲဒီလိုရှာရင်းနဲ့…

Read More

တူရကီနဲ့ ဆီးရီးယားမှာ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူ ၁၅၀၀၀ ကျော်ရှိလာ

အန်ကာရာ၊ ဖေဖော်ဝါရီ-၉-၂၀၂၃ မျိုးဆက်(VOM) တူရကီနဲ့ ဆီးရီးယာတို့မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးအရေအတွက်ဟာ ၁၅၀၀၀ ကျော်ထိမြင့်တက်လာကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ရေးမှာ ရာသီဥတုဆိုးရွားမှုတွေကြောင့် အခက်အခဲတွေကြုံနေရပြီး အေးခဲနေတဲ့ရာသီဥတုအခြေအနေအောက်မှာ တတိယမြောက်နေ့ရှိလာပြီဖြစ်ပါတယ်။ အခုလိုရာသီဥတုအခြေအနေမျိုးကြောင့် ပိတ်မိနေသူတွေအနေနဲ့ အသက်အန္တရာယ်သိသိသာသာ ရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက သတိပေးထားပါတယ်။ အခုလိုငလျင်လှုပ်ခတ်ပြီးနောက် တူရကီအစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေဟာ နှောင့်နှေးတယ်လို့ ဝေဖန်ခံနေရပေမယ့် သမ္မတအာဒိုဂန်ကတော့ ပယ်ချထားပါတယ်။ ဒီလိုသဘာဝဘေးအန္တရာယ်ကြီးတွေအတွက် ကြိုတင်ကာကွယ်ဖို့မဖြစ်နိုင်ကြောင်းနဲ့ အစိုးရအဖွဲ့အတွင်းမှာ ပြသနာအချို့ကြုံခဲ့ရကြောင်း အာဒိုဂန်က လက်ခံပြီး အခုအခါမှာတော့ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ တူရကီနဲ့ဆီးရီးယားအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကနေ အကူအညီနဲ့ အထောက်အပံ့တွေ ပေးပို့လျှက်ရှိနေပါတယ်။ Ref: BBC #voiceofmyanmar #VOM #အန်ကာရာ

Read More

မြိုင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မီးလောင်

ဖေဖော်ဝါရီ ၊ ၉ ၊ ၂၀၂၃ SP( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ၊ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် အဆောက်အဦဟာ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် မနက် အစောပိုင်းက မီးလောင်ခဲ့တယ်လို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနက သိရပါတယ်။ ” ဒီမနက် ၁ နာရီဝန်းကျင်မှာ မီးလောင်တယ် ၊ မီးလောင်တဲ့နေရာက မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ် အဆောက်အဦဖြစ်တယ် ၊ မီးကရှို့မီး အမျိုးအစားဖြစ်တယ်”လို့ မီးငြိမ်းသတ်ခဲ့သူ တယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြိုင်မြို့ခံ တယောက်က ” ပစ်ခတ်သံတွေကြားရပြီးနောက် ဘဏ်မီးလောင်တာဖြစ်တယ် ၊ မီးလောင်နေတဲ့အချိန် လက်နက်ကြီး ပေါက်ကွဲသံတွေ ထပ်ကြားရတယ်”လို့ ပြောပါတယ်။ မြိုင်မြို့နယ်…

Read More

မြောက်ကိုရီးယားရဲ့ စစ်ရေးပြပွဲမှာ တိုက်ချင်းပစ်ဒုံးကျည်တွေ စံချိန်တင်ပြသ

ပြုံးယမ်း၊ ဖေဖော်ဝါရီ-၉-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီ ၈ ရက်ညနေပိုင်းကပြုလုပ်ခဲ့တဲ့ စစ်ရေးပြပွဲအခမ်းအနားမှာ တိုက်ချင်းပစ်ဒုံးကျည်အရေအတွက် စံချိန်တင်ပြသခဲ့ပြီး စစ်ရေးပြပွဲသို့ ကင်ဂျုံအန်တက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီ ၉ ရက်မှာ ဖော်ပြထားပါတယ်။ အဲဒီစစ်ရေးပြပွဲသည် မြောက်ကိုရီးယားရဲ့ ကြီးမားအင်အားတောင့်တင်းတဲ့ နျူကလီးယားတိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။ စစ်ရေးပြပွဲမှာ ပြသထားတဲ့ လက်နက်တွေထဲမှာ မြောက်ကိုရီးယားရဲ့အကြီးဆုံး ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည် ၁၀ စင်းနဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို သယ်ဆောင်ပစ်ခတ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ယာဉ်တွေပါ၀င်ပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့လက်နက်များကို ခြေရာခံထောက်လှမ်းဖို့နဲ့ ကြားဖြတ်ဖျက်ဆီးဖို့ ပိုမိုခက်ခဲတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို တီထွင်ဖို့လွန်ခဲ့တဲ့နှစ်များစွာကတည်းက အားထုတ်လုပ်ဆောင်နေခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ အဆိုပါစစ်ရေးပြပွဲအခမ်းအနားသို့ ဇနီး ရီဆိုလ်ဂျူ၊ သမီးဖြစ်သူ ဂျူအေးတို့နဲ့အတူ တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။ Ref: CNA Photo: Reuters #voiceofmyanmar…

Read More

ချောက်မြို့မှာ ပေါက်ကွဲမှုဖြစ်ပြီး အမှိုက်ကောက်နေတဲ့ ကလေးငယ် ၂ ဦးသေဆုံး

ဖေဖော်ဝါရီ ၊ ၉ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ချောက်မြို့ ၊ အမှတ် ၇ ရပ်ကွက်မှာရှိတဲ့ အမှိုက်ပုံ တခုမှာ မနေ့ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး အမှိုက်ကောက်နေတဲ့ ကလေးငယ် ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ .” အမှိုက်ပုံကနေ ပေါက်ကွဲတာပါ ၊ လက်လုပ်မိုင်းလို့ ယူဆရတဲ့ ပေါက်ကွဲမှုဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ချောက်မြို့နယ် ၊ ရွာဟောင်းကျေးရွာမှာနေတဲ့ ကလေး ၂ ဦး ထိမှန်သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ မောင်ဝေယံကို ၁၁ နှစ်နဲ့ မောင်ဝင်းနိုင်မင်း ၁၁ နှစ် ဖြစ်တယ်”လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတသမား တယောက်က…

Read More

ရန်ကုန်မှာ တရက်တည်း မီးလောင်မှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ (၁)ဦးသေဆုံး၊ (၅)ဦးခန့် ဒဏ်ရာရ

ဖေဖော်ဝါရီ ၉ – ၂၀၂၃ SN (VOM) ရန်ကုန်က မြို့နယ်(၆)မြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၈ ရက် တရက်တည်း မနက်ပိုင်းကနေ ည ၇ နာရီခွဲကျော်အထိ မီးလောင်မှု(၆)ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား(၁)ဦးသေဆုံးကာ (၄)ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပရဟိတအသင်းအဖွဲ့တွေဆီက သိရပါတယ်။ မနေ့ မနက် ၁၀ နာရီ ၂၉ မိနစ်ခန့်က စတင်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် Samsung Service စင်တာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဒလမြို့နယ်၊ အလုံမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တို့မှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီ မီးလောင်ကျွမ်းမှု ဖြစ်စဥ်တွေထဲမှာ ည ၇ နာရီ ၂၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အလုံမြို့နယ်၊ နှင်းဆီလမ်းရှိ ၆ လွှာ တိုက်ခန်း…

Read More

ရုံတော်ကြီးနှင့် ရေစက်ရုံကြားက ပြဒါးပြယ်ပုံရိပ်ဟောင်းများ

ဆူးငှက် မန္တလေးသားတွေကို အခြားမြို့သားများက ကျီစယ်လိုကြသောအခါတွင် အိမ်နံပါတ်၊ လမ်းနံပါတ်နဲ့ မေးလို့မြန်းလို့မရတဲ့ လူတွေဟု ပြောတတ်ကြသည်။ ဟုတ်တော့လည်းဟုတ်သည်။ ယခင်က မန္တလေးမှာ အိမ်နံပါတ်၊ လမ်းနံပါတ်နှင့်ပြောလို့မရ။ ““မြောက်ပြင် မောင်းထောင်ဝင်းထဲကလေ””၊ “ညောင်ပင်ဈေး ဒေါက်တာဂူးဝါးနားပေါ့””။ ““သို့ ဦးထွန်းကြွယ်၊ဆီဝင်းရပ်၊ အိမ်တော်ရာတောင်ပေါက်””။ “ကာတစ်တိုက်နားဆိုင်က””စသည်ဖြင့်သာ ပြောကြညွှန်းကြသည်။ ယုတ်စွအဆုံး စာထည့်ကြရသည်။ သည်လိုစာမျိုးကိုလည်း မန္တလေးသား စာပို့လုလင်များက ရောက်အောင် ပို့နိုင်ကြသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဦးကြီးတစ်ယောက်ကို ကြီးဒေါ်က ဤသို့ခိုင်းဖူးသည်။ “ဝါးတန်းရောက်တော့ ခတ္တိယဝင်းထဲ ဝင်လိုက်။ အရှေ့ပေါက်ရောက်ရင် ရုံတော်ကြီးဖြတ်ပြီး ရှင်ဘို့မယ်အပေါက်ဝင်။ ပြီးမှ ယိုးဒယားဝင်းသွားပေါ့”တဲ့။ ထိုအခါ ဦးကြီးက““ဟာ – အုန်းရင်ကလည်း ငါ မန္တလေးသားပါဟ။ ယိုးဒယားဝင်းသွားဆို သွားတတ်ပါတယ်။ နင့်ဟာလျှာရှည်ရန်ကော””ဟု ဆူငေါက်၏။ ကျွန်တော်တို့ (၂၉)လမ်းမှာနေစဉ်က ဖြစ်ပါသည်။ ငယ်စဉ်က ဦးလေးတစ်ယောက်သည် အမေ့အား ““ဒီနေ့ဘာဟင်းချက်သလဲ””ဟု…

Read More
VOM News

FREE
VIEW