မြောက်ကိုရီးယားရဲ့ စစ်ရေးပြပွဲမှာ တိုက်ချင်းပစ်ဒုံးကျည်တွေ စံချိန်တင်ပြသ

ပြုံးယမ်း၊ ဖေဖော်ဝါရီ-၉-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီ ၈ ရက်ညနေပိုင်းကပြုလုပ်ခဲ့တဲ့ စစ်ရေးပြပွဲအခမ်းအနားမှာ တိုက်ချင်းပစ်ဒုံးကျည်အရေအတွက် စံချိန်တင်ပြသခဲ့ပြီး စစ်ရေးပြပွဲသို့ ကင်ဂျုံအန်တက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီ ၉ ရက်မှာ ဖော်ပြထားပါတယ်။

အဲဒီစစ်ရေးပြပွဲသည် မြောက်ကိုရီးယားရဲ့ ကြီးမားအင်အားတောင့်တင်းတဲ့ နျူကလီးယားတိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ရေးပြပွဲမှာ ပြသထားတဲ့ လက်နက်တွေထဲမှာ မြောက်ကိုရီးယားရဲ့အကြီးဆုံး ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည် ၁၀ စင်းနဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို သယ်ဆောင်ပစ်ခတ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ယာဉ်တွေပါ၀င်ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့လက်နက်များကို ခြေရာခံထောက်လှမ်းဖို့နဲ့ ကြားဖြတ်ဖျက်ဆီးဖို့ ပိုမိုခက်ခဲတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို တီထွင်ဖို့လွန်ခဲ့တဲ့နှစ်များစွာကတည်းက အားထုတ်လုပ်ဆောင်နေခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ အဆိုပါစစ်ရေးပြပွဲအခမ်းအနားသို့ ဇနီး ရီဆိုလ်ဂျူ၊ သမီးဖြစ်သူ ဂျူအေးတို့နဲ့အတူ တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။

Ref: CNA
Photo: Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW