မြိုင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မီးလောင်

ဖေဖော်ဝါရီ ၊ ၉ ၊ ၂၀၂၃
SP( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ၊ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် အဆောက်အဦဟာ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် မနက် အစောပိုင်းက မီးလောင်ခဲ့တယ်လို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနက သိရပါတယ်။

” ဒီမနက် ၁ နာရီဝန်းကျင်မှာ မီးလောင်တယ် ၊ မီးလောင်တဲ့နေရာက မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ် အဆောက်အဦဖြစ်တယ် ၊ မီးကရှို့မီး အမျိုးအစားဖြစ်တယ်”လို့ မီးငြိမ်းသတ်ခဲ့သူ တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြိုင်မြို့ခံ တယောက်က ” ပစ်ခတ်သံတွေကြားရပြီးနောက် ဘဏ်မီးလောင်တာဖြစ်တယ် ၊ မီးလောင်နေတဲ့အချိန် လက်နက်ကြီး ပေါက်ကွဲသံတွေ ထပ်ကြားရတယ်”လို့ ပြောပါတယ်။

မြိုင်မြို့နယ် ရဲတပ်ဖွဲ့က မီးလောင်ရတဲ့အကြောင်းကို စစ်ဆေးစုံစမ်းပြီး အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။

အခု မီးလောင်မှုဖြစ်ပွားရာ မြိုင်မြို့နယ်ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခြင်းခံရတဲ့ မြို့နယ်တခုဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြိုင် #ဘဏ်မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW