ဆိုမာလီပြည်သူတွေ ဧပြီလကစပြီး အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသတိပေး

မိုဂါဒစ်ရှူး ၊ ဖေဖော်ဝါရီ-၉-၂၀၂၃
မျိုးဆက်(VOM)

ဆိုမာလီယာနိုင်ငံမှာ လက်ရိ်ှမိုးလေ၀သခန့်မှန်းချက်များအရ ခြောက်နှစ်ဆက်တိုက်မိုးခေါင်းမှုဖြစ်ပေါ်နေတာကြောင့် လာမည့်ဧပြီလမှစပြီး ပြည်သူတွေ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၈ ရက်မှာ သတိပေးလိုက်ပါတယ်။

နိုင်ငံတွင်းမှာ ဆယ်စုနှစ်များစွာအတွင်း အရှည်ကြာဆုံးနဲ့ အပြင်းထန်ဆုံး မိုးခေါင်ရေရှားမှုဒဏ်ကို ဆိုမာလီယာနိုင်ငံမှာ ပြည်သူ ခုနှစ်သန်းကျော် ဆက်လက်ခံစားနေရကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆိုမာလီယာနိုင်ငံအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှာ တုံ့ပြန်ကူညီမှုတွေ လက်ရှိချိန်ထိ လုံလောက်ခြင်းမရှိဘူးလို့ မြို့တော်မိုဂါဒစ်ရှူးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ၊ ဆိုမာလီယာအစိုးရနဲ့ အကူအညီပေးရေးအေဂျင်စီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

အကူအညီများဆက်လက်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဒေါ်လာ ၂ ဒသမ ၅ သန်းတောင်းခံထားသည်။

မိုးခေါင်ရေရှားမှုကြောင့် ပြည်သူ ၁ ဒသမ ၄ သန်း နေရပ်စွန့်ခွာခဲ့ရပြီး တိရိစ္ဆာန်ကောင်ရေ ၃ ဒသမ ၅ သန်းသေဆုံးခဲ့ပါတယ်။

ဆိုမာလီပြည်သူတွေဟာ ရာသီဥတုပြောင်းလဲစေနိုင်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ခြင်းမရှိပေမယ့် ရာသီဥတုပြောင်းလဲလာမှုရဲ့ အကျိုးဆက်ကို ခံစားနေရကြောင်း ဆိုမာလီယာနိုင်ငံရဲ့ မိုးခေါင်ရေရှားမှုတုံ့ပြန်ရေးဆိုင်ရာ တာ၀န်ရှိသူက ပြောဆိုပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မိုဂါဒစ်ရှူး

Related posts

Leave a Comment

VOM News

FREE
VIEW