မြန်မာ့အရေးဖြေရှင်းရာမှာ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍကပါဖို့ ထိုင်းကို မလေးရှား၀န်ကြီးချုပ် တိုက်တွန်း

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၀-၂၀၂၃
မျိုးဆက်(VOM)

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် ပိုမိုကြီးမားတဲ့အခန်းကဏ္ဍကနေပါ၀င်ဖို့ ထိုင်းနိုင်ငံကို မလေးရှား၀န်ကြီးချုပ် အန်ဝါအီဘရာဟင်က တိုက်တွန်လိုက်ပါတယ်။

မလေးရှား၀န်ကြီးချုပ်ဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဘန်ကောက်မှာတွေ့ဆုံဆွေးနွေးခဲ့ရာမှာ အခုလိုက်တိုက်တွန်းလိုက်တာဖြစ်ပြီး ၀န်ကြီးချုပ်နှစ်ဦးအကြား ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ မြန်မာအာဏာပိုင်တွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် အကြမ်းဖက်မှုတွေ၊ မငြိမ်သက်မှုတွေနဲ့ပတ်သက်ပြီး ထင်သလောက်တုံ့ပြန်ခြင်းမရှိတာကြောင့် နိုင်ငံတကာရဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လုပ်ဖို့ကလွဲပြီး မိမိတို့လုပ်နိုင်တာ အနည်းငယ်ပဲရှိကြောင်း မလေးရှား၀န်ကြီးက သတင်းထောက်တွေကိုပြောပါတယ်။

မြန်မာနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ သံတမန်ရေးရာအားထုတ်မှုတွေကို အာဆီယံအဖွဲ့က ဦးဆောင်ကြိုးပမ်းနေပါတယ်။

မကြာသေးမီကကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးမှာတော့ မြန်မာကို ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။

Ref: Straits Times
Photo: AFP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW