MOU လုပ်သားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေ နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်ပြီလို့ သိရ

ဖေဖော်ဝါရီ ၁၃ – ၂၀၂၃ SN (VOM) MoU လုပ်သားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေ အချက်အလက် အစုံအလင်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ပြီလို့ နီးစပ်ရာအသိုင်းအဝန်းက သိရပါတယ်။ “အခု ဖေဖော်ဝါရီလကစလို့ MOU စနစ် နဲ့ PJ လုပ်မဲ့သူ များကို Passport ပြန်လည်လုပ်ဆောင်ခွင့် ပြုထားပါတယ်။ ဒါပေမယ့် အခုလို စာရင်းပေးပို့ရမယ့်အထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနကနေ Black List သွင်းထားတဲ့ အေဂျင်စီ ၁၃၃ ခု မပါဝင်ဘူးလို့ သိရပါတယ်။ သူတို့ခွင့်ပြုထားတဲ့ အေဂျင်စီတွေကနေ သက်ဆိုင်ရာဌာနကို အထောက်အထားအစုံနဲ့ စာတင်ရမယ်လို့ သိရပါတယ်“ လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ MOEAF ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ အလုပ်ခေါ်စာနဲ့ စေလွှတ်မယ့် အလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံလက်မှတ်ကူး လျှောက်ထားရာမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ black list…

Read More

ဖားကန့်မှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင် မြေစာပုံပြိုကျလို့ လူ ၂ ဦးသေ ၊ ၃ ဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၁၃ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်၊ လုံးခင် ကျေးရွာအုပ်စု၊ ကုဋေကျေးရွာနားမှာရှိတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဟောင်းက မြေစာပုံဟာ မနေ့ ဖေဖော်ဝါရီ ၁၂ရက် ည ၁၀ ဝန်းကျင်က ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေတဲ့ လုပ်သား ၂ ယောက်သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အဲဗားဝင်းနား ကျောက်မျက်တူးဖော်ရေးကုမ္မဏီလုပ်ကွက်ဟောင်းနားက မြေစာပုံပြိုကျတာဖြစ်တယ် ၊ မနေ့ကည ၁၁ နာရီဝန်းကျင်ကဖြစ်တာပါ ၊ ရေမဆေးကျောက်ရှာတဲ့သူတွေအပေါ် မြေစာတွေပိတာဖြစ်တယ် ၊ လတ်တလော ရှာဖွေတွေ့ရှိတာက အမျိုးသား ရုပ်အလောင်း ၂ လောင်းနဲ့ ဒဏ်ရာရသူ ၃ ဦးဖြစ်တယ် ၊ ရှာဖွေကယ်ဆယ်နေရဆဲဖြစ်တယ်”လို့ ကူညီကယ်ဆယ်ပေးနေတဲ့ ဒေသခံ…

Read More

သန်လျင်မှာ စက်လှေမှောက်လို့ လူ၂ ယောက်သေဆုံး

ဖေဖော်ဝါရီ ၁၃ – ၂၀၂၃ GG(VOM) ရန်ကုန်တိုင်း ၊သန်လျင်မြို့နယ် ၊ခြောက်လမ်းသွားလမ်းမဘေး၊ ငါးပြေမကျေးရွှာချောင်းထဲမှာ စက်လှေမှောက်ပြီး အမျိုးသား ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ ဖြစ်စဥ်ဟာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက အမျိုးသား ၆ ယောက် ငါးပြေမရွာချောင်းထဲမှာ စက်လှေပတ်စီးနေရာကနေ စက်လှေက အရှိန်များပြီး တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့ကညနေ ၅ နာရီခွဲလောက်မှာ သူတို့သူငယ်ချင်းတွေ ထမင်းစားဖိတ်လို့ဆိုပြီးသွားကြတာ၊အပြန်မှာ စက်လှေပတ်စီးကြတယ်၊ နောက် စက်လှေကလည်းအရှိန်ပါနေတယ် လူကလည်းနည်းနည်းမူးနေကြတယ်ဆိုတော့ စက်လှေဆွဲအဝိုက်မှာ မှောက်တာ ။၆ ယောက်ပါတာမှာ ၂ယောက်သေတာပါ၊ချောင်းက ကမ်းစပ်တောင်ဝါးတပြန်လောက်နက်တယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ စက်လှေပေါ်ပါသူ အမျိုးသား ၆ ယောက်အနက် ၂ယောက်သေဆုံးခဲ့တာဖြစ်ပြီး မနေ့ ည၇ နာရီအကျော်မှာ ရုပ်အလောင်းတခုတွေ့ခဲ့သလို ဒီနေ့မနက်…

Read More

စစ်တပ်က စစ်တပ်အလုပ်လုပ်မှာဖြစ်ပြီး အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းမှာမဟုတ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်ပြော

အဘူဂျာ၊ ဖေဖော်ဝါရီ-၁၃-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို နှောက်ယှက်ဖို့စီစဉ်နေကြောင်း အာဏာရပါတီရဲ့ အခိုင်အမာပြောဆိုမှုကို နိုင်ဂျီးရီးယားစစ်တပ်က ဖေဖော်ဝါရီ ၁၂ ရက်မှာ ပယ်ချလိုက်ပါတယ်။ နိုင်ဂျီးရီးယားစစ်တပ်မှ စစ်ဗိုလ်ချုပ်တွေဟာ ပြိုင်ဘက်ပီဒီပီပါတီရဲ့ သမ္မတလောင်း အာတီကူအဘူဘာခါနဲ့ လွန်ခဲ့တဲ့သီတင်းပတ်မှာ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း အေပီစီပါတီမှ တာ၀န်ရှိသူတဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။ ထိုသို့ပြောဆိုမှုတွေဟာ ဆိုးရွားပြီး လွန်စွာအန္တရာယ်များတဲ့ စွပ်စွဲချက်တွေဖြစ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က ပြောပါတယ်။ အာဖရိကတိုက်ရဲ့ လူဦးရေအများဆုံးနိုင်ဂျီးရီးယားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ စစ်တပ်ဟာ စစ်တပ်အလုပ်သာလုပ်မှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာစောင့်သိမှာဖြစ်ကာ အရပ်သားအစိုးရကို မည်သည့်အခါမှ ဖြုတ်ချမည်မဟုတ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က ပြောပါတယ်။ မိမိတို့အနေနဲ့ ခက်ခက်ခဲခဲရထားတဲ့ ဒီမိုကရေစီကို ပျက်ယွင်းစေဖို့ မည်သည့်ကြံစည်မှုမျိုးကိုမှ လုပ်ဆောင်မှာမဟုတ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားအစိုးရနဲ့အဓိကအတိုက်အခံပါတီတွေက တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။ Ref:BBC Photo:Getty…

Read More

ဖားကန့်ဒေသမှာ 92ဓါတ်ဆီ ရောင်းချဖို့ မရှိတော့ဘူးလို့ စက်သုံးဆီရောင်းချသူတွေဆီက သိရ

ဖေဖော်ဝါရီ ၁၀-၂၀၂၃ Voicd Of Myanmar(VOM) ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းအချိန်က စတင်ပြီး 92ဓါတ်ဆီ ရောင်းချပေးဖို့ မရှိတော့ဘူးလို့ စက်သုံးဆီ အရောင်းဆိုင်တွေဆီက သိရပါတယ်။ “95ဓါတ်ဆီက နှစ်ရက်စာလောက်တော့ ရောင်းဖို့ရှိသေးတယ်။အဲ့ဒီနောက်ပိုင်းကျရင်တော့ စက်သုံးဆီ ပြတ်တော့မှာပါ၊ ဒီနေ့ညနေပိုင်းက စတင်ကာ မော်တော်ဆိုင်ကယ်၊ကားတွေနဲ့ လာရောက်ဝယ်ယူသူတွေကိုသာ ရောင်းချပေးနေတယ် ၊တဆင့်ပြန်လည်ရောင်းမယ့် ပုံးခွံတွေနဲ့လာဝယ်သူတွေကို ရောင်းချမပေးတော့ဘူး “လို့ အမည်မဖော်လိုသူ စက်သုံးဆီ အရောင်းအဝယ်လုပ်သူတဦးက ပြောပါတယ်။ ဖားကန့်ဒေသရှိ စက်သုံးဆီဆိုင်တွေကို လစဥ် ဆီပေပါအလုံးရေ ၄၀၀ တင်သွင်းခွင့်ပါမစ်ဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချနေကြပေမယ့်လည်း အခုဖေဖော်ဝါရီလအတွင်း စက်သုံးဆီတင်ယာဥ်ကားတွေ လာရောက်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဖားကန့်ကိုလာမယ့် စက်သုံးဆီယာဥ်တွေဟာ ကာမိုင်းဒေသထိ ရောက်ရှိလာခဲ့ပေမယ့် ဘယ်လိုအကြောင်းပြချက်မှန်းမသိရှိရဘဲ ရှစ်မိုင်ဂိတ်အထိ နောက်ပြန်ဆုတ် မောင်းသွားခဲ့ရတယ်လို့ စက်သုံးဆီယာဥ်မောင်းတွေဆီက စုံစမ်းသိရှိရပါတယ်။ အဲ့ဒီ…

Read More

ကြံ (၁)တန်ကို (၁)သိန်းကျပ်အထိဖြစ်လာ

ဖေဖော်ဝါရီ ၁၀ – ၂၀၂၃ GG(VOM) အခုနှစ် ကြံစိုက်ရာသီမှာ ကြံ(၁)တန်ကို အမြင့်ဆုံးစျေး (၁)သိန်းကျပ်နဲ့ ဝယ်ယူသွားမယ်လို့ သကြားစက်ရုံအချို့က တောင်သူတွေကို အသိပေးလိုက်တယ်လို့သိရပါတယ်။ အဲ့ဒီနူန်းထားဟာ စက်ရုံအရောက်စျေးနူန်းဖြစ်ပြီး ပြည်တွင်း ကြံစိုက်ရာသီကာလသက်တမ်းတလျှောက်မှာ အမြင့်ဆုံးစံချိန်တင်နူန်းတခုဖြစ်ပြီး တောင်သူတွေအတွက်လည်း အဆင်ပြေတဲ့ စျေးတန်းဖြစ်တယ်လို့ သိရပါတယ်။ ” ကြုံဖူးသမျှထဲမှာတော့ အမြင့်ဆုံးပဲ။အမှန်က ဒီနှစ် သွင်းအားစုတွေက စျေးနည်းနည်းများလို့ပေါ့၊တော်တော်လေးအဆင်ပြေတဲ့နှစ်လို့ ပြောလို့ရပါတယ်။သွင်းအားစုတွေများတယ်၊ဒီဇယ်ဈေးတွေတက်တယ်ဆိုပြီး ပြောကြတယ်၊ဒါပေမယ့်လည်း သေချာစစ်စစ်စီစီတွက်မယ်ဆိုရင် တွက်ချေကိုက်ပါတယ်။” လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးဝင်းဌေးကပြောပါတယ်။ ကြံတစ်တန် (၁)သိန်း ကျပ်နဲ့ဝယ်ယူမယ့်အကြောင်းကို ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မြဘုရင် သကြားစက်ရုံက စတင်ကြေညာလိုက်တာဖြစ်ပြီး ကျန်တဲ့စက်ရုံတွေကတော့ ၉၅၀၀၀ ကျပ်နဲ့ ဝယ်ယူမှုရှိသလို ၊ ၉၀၀၀၀ ကျပ်နဲ့စျေးဖွင့်ထားတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ” ဆေးတွေက အကုန်အတက်ချည်းပဲ။တနေ့တခြားကိုတက်တာပါ။အဲဒီတော့ ကြံကလည်းထွက်မှ စျေးကလည်းကောင်းမှ တောင်သူတွေအကျိုးအမြတ်ရမယ်၊အဲ့ဒီလိုမဟုတ်ဘဲ အထွက်ကလျော့ရင် အရင်းလောက်ပဲရမယ်၊အထွကိကလျော့တဲ့အထဲစျေးကပါနည်းရင်းရှုံးမယ်။ဒီတော့…

Read More

အမေရိကန်ပေါ်ဖြတ်ပျံနေတဲ့ အမျိုးအမည်မသိအရာ၀တ္ထုကို တိုက်လေယာဉ်နဲ့ပစ်ချ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ အလက်စကားကမ်းလွန်မှာ အမြင့်ကနေပျံသန်းနေတဲ့ အမျိုးအမည်မသိအရာ၀တ္တုတခုကို တိုက်လေယာဉ်ကနေ ပစ်ချဖို့ သမ္မတဂျိုးဘိုင်ဒင်က အမိန့်ပေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ အမေရိကန်ကိုဖြတ်သန်းပျံသန်းနေတဲ့ တရုတ်ထောက်လှမ်းရေး မိုးပျံပူပေါင်းတစ်လုံးကို အမေရိကန်စစ်တပ်က ပစ်ချပြီးနောက် တပတ်အကြာမှာ အခုလိုအမည်မသိအရာ၀တ္ထုကိုပစ်ချခဲ့တာဖြစ်ပါတယ်။ အဲဒီအရာ၀တ္ထုဟာ အလက်စကားကိုဖြတ်ပြီး တနာရီ မိုင် ၂၀ မှ ၄၀ နှုန်းနဲ့ ပျံသန်းနေခဲ့ပြီး ဘယ်နေရာကလာပြီး ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ပျံသန်းလဲဆိုတာ ရှင်းလင်းစွာမသိရသေးကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂွန်ခရီဘီကပြောပါတယ်။ ပျံသန်းနေတဲ့ အရာ၀တ္ထုဟာ ကားငယ်တစီးအရွယ်ရှိပြီး အရပ်ဘက်လေယာဉ်တွေ ပျံသန်းမှုအတွက် ဘေးအန္တရာယ်ဖြစ်စေတာကြောင့် အခုလိုပစ်ချဖို့ သမ္မတကအမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သူကပြောပါတယ်။ ဖေဖော်ဝါရီ ၉ ရက်မှာ စတင်တွေ့ရှိခဲ့ပြီး မနေ့က ပစ်ချလိုက်တဲ့အရာ၀တ္ထုဟာ အစိုးရတရပ်ရပ်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင်ဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Ref: BBC #voiceofmyanmar #VOM…

Read More

ပုဏ္ဏားကျွန်းမှာ ဘုန်းကြီးကျောင်းဆောင်မီးလောင်လို့ သံဃာတော်တပါး ပျံလွန်တော်မူ

ဖေဖော်ဝါရီ၊၁၁-၂ဝ၂၃ MM(VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်က ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းမှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၇၂ နှစ်အရွယ် သံဃာတော်တပါး မီးထဲပါသွားပြီး ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုမှာ ဒီနေ့ ဖဖော်ဝါရီ ၁၁ ရက်၊ မနက် ၉ နာရီကျော်ကဖြစ်ပွားခဲ့ပြီး သံဃာဆောင်ထဲမှာ တပါးတည်းရှိနေချိန် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မီးထဲပါသွားကာ ပျံလွန်တော်မူသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံ စေတနာ့ဝန်ထမ်းတဦးကပြောပါတယ်။ ”မနက်ပိုင်းမှာ မီးလောင်မှုကဖြစ်တာ၊ မီးလောင်မှုကြောင့် မီးထဲပါသွားတဲ့ ဆရာတော်က ခန္ဓာကိုယ် ညာဘက်တစ်ခြမ်း လေဖြန်းထားတာပါ ၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းမှာ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း သံဃာဆောင်တစ်ခုမှာ နောက်ထပ် ရဟန်းတစ်ပါးနဲ့ အတူနေထိုင်တာ မီးလောင်တဲ့အချိန် အခြား ဆရာတော်မရှိဘူး၊မသွားမလာနိုင်ဘူးလေ ၊ မီးလောင်တော့လည်း ဘယ်ထပြေးနိုင်မလဲ၊ ဒါ့ကြောင့် အသက်ဆုံးရှုံးရတာပါ ၊ သက်တော်က ၇၂ နှစ်…

Read More

နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းကြောင့် မော်လ်ဒိုဗာ၀န်ကြီးချုပ်နဲ့အစိုးရအဖွဲ့ နှုတ်ထွက်

ချီဆင်နော့၊ ဖေဖော်ဝါရီ-၁၁-၂၀၂၃ မျိုးဆက်(VOM) မော်လ်ဒိုဗာနိုင်ငံမှာ အစိုးရပြိုလဲပြီးနောက် ၁၈ လအကြာမှာ နိုင်ငံရေးနဲ့စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားပြီးနောက် အီးယူလိုလားတဲ့ လက်ရှိ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ နှုတ်ထွက်သွားပါတယ်။ ဥရောပရဲ့အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ မော်လ်ဒိုဗာနိုင်ငံဟာ အကျပ်အတည်းများစွာဖြင့် ရုန်းကန်နေခဲ့ရကြောင်း နှုတ်ထွက်သွားတဲ့ ၀န်ကြီးချုပ်နာဆာလီယာဂါဘရီလီတာက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောပါတယ်။ အိမ်နီးချင်းယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် မော်လ်ဒိုဗာနိုင်ငံမှာလည်း ငွေကြေးဖောင်းပွမှု၊ စွမ်းအင်စျေးနှုန်းကြီးမြင့်မှု၊ ဒုက္ခသည်တွေ၀င်ရောက်လာမှုနဲ့ ရုရှားရဲ့ရန်စမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်မှာ ရာထူးမှနှုတ်ထွက်ကြောင်းကြေညာခဲ့တဲ့ မော်လ်ဒိုဗာ၀န်ကြီးချုပ်က သူ့ရဲ့အစိုးရဟာ ၂၀၂၁ ခုနှစ်ရွေးချယ်တင်မြောက်ခံရတဲ့အခါ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ခုလောက်ထိ ကိုင်တွယ်ဖြေရှင်းရမယ်လို့ ဘယ်သူမှ မျှော်လင့်မထားကြောင်း ပြောပါတယ်။ အကျပ်အတည်းများစွာနဲ့တိုင်းပြည်ကို ဦးဆောင်ဖို့ အနစ်နာခံကြိုးပမ်းခဲ့တာတွေအတွက် ၀န်ကြီးချုပ်ကိုကျေးဇူးတင်ကြောင်း မော်လ်ဒိုဗာသမ္မတ မိုင်ယာဆန်ဒူကပြောပါတယ်။ သမ္မတဟာ ၀န်ကြီးချုပ်သစ်အဖြစ်…

Read More

ဘုန်းကြီးနဲ့ သီလရှင်တွေ ဖေ့စ်ဘုတ်နဲ့ TikTok မှာ သီချင်းဆိုတာ၊ကခုန်တာတွေလုပ်ရင် လူဝတ်လဲ အရေးယူမယ်

ဖေဖော်ဝါရီ ၁၁ – ၂၀၂၃ GG(VOM) ဘုန်းကြီး ၊သီလရှင်တွေ Tik Tok နဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ကခုန်တာ၊သီချင်းဆိုတာတွေ လုပ်ရင် လူဝတ်လဲပြီး အရေးယူသွားမှာဖြစ်တယ်လို့ နိုင်ငံတော် သံဃမဟာနာယက (မဟန)အဖွဲ့က သတိပေးထားတယ်လို့ သိရပါတယ်။ သီလရှင် ၊ဘုန်းကြီးတွေအနေနဲ့ သီချင်းဆိုတာတွေ ကခုန်တာတွေမလုပ်ဖို့ သက်ဆိုင်ရာမြို့နယ် သံဃနာယကအဖွဲ့ကတဆင့် ကျောင်းထိုင်ဆရာတော်၊ ကျောင်းအုပ် ၊ ချောင်အုပ် ၊ ဇရပ်သီလရှင်ဆရာကြီးတွေဆီအသိပေးထားတယ်လို့သိရပါတယ်။ ” အခုနောက်ပိုင်း ဖေ့ဘုတ်စ်တွေ ၊ Tik Tok မှာ သီချင်းဆိုပြီး ကတဲ့ဗီဒီယိုတွေ၊ကနေတာတွေတင်တာ များလာတယ်။အဲ့ဒါတွေက လူပြောများလာပြီး ကဲ့ရဲ့စရာဖြစ်လာတယ်၊ဒါကြောင့် မဟန ဆရာတော်ကြီးတွေက အခုလိုသတိပေးလိုက်တာ”လို့ ကျောင်းထိုင်ဆရာတော်တပါးကမိန့်ပါတယ်။ ဇန်နဝါရီလ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲရဲ့ပဉ္စမအကြိမ် ဧကာဒသမအစည်းအဝေးမှာ ဆရာတော်ကြီးတွေက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အကယ်၍ သတိပေးတားမြစ်ချက်ကို…

Read More
VOM News

FREE
VIEW