ဖားကန့်ဒေသမှာ 92ဓါတ်ဆီ ရောင်းချဖို့ မရှိတော့ဘူးလို့ စက်သုံးဆီရောင်းချသူတွေဆီက သိရ

ဖေဖော်ဝါရီ ၁၀-၂၀၂၃
Voicd Of Myanmar(VOM)

ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းအချိန်က စတင်ပြီး 92ဓါတ်ဆီ ရောင်းချပေးဖို့ မရှိတော့ဘူးလို့ စက်သုံးဆီ အရောင်းဆိုင်တွေဆီက သိရပါတယ်။

“95ဓါတ်ဆီက နှစ်ရက်စာလောက်တော့ ရောင်းဖို့ရှိသေးတယ်။အဲ့ဒီနောက်ပိုင်းကျရင်တော့ စက်သုံးဆီ ပြတ်တော့မှာပါ၊ ဒီနေ့ညနေပိုင်းက စတင်ကာ မော်တော်ဆိုင်ကယ်၊ကားတွေနဲ့ လာရောက်ဝယ်ယူသူတွေကိုသာ ရောင်းချပေးနေတယ် ၊တဆင့်ပြန်လည်ရောင်းမယ့် ပုံးခွံတွေနဲ့လာဝယ်သူတွေကို ရောင်းချမပေးတော့ဘူး “လို့ အမည်မဖော်လိုသူ စက်သုံးဆီ အရောင်းအဝယ်လုပ်သူတဦးက ပြောပါတယ်။

ဖားကန့်ဒေသရှိ စက်သုံးဆီဆိုင်တွေကို လစဥ် ဆီပေပါအလုံးရေ ၄၀၀ တင်သွင်းခွင့်ပါမစ်ဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချနေကြပေမယ့်လည်း အခုဖေဖော်ဝါရီလအတွင်း စက်သုံးဆီတင်ယာဥ်ကားတွေ လာရောက်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဖားကန့်ကိုလာမယ့် စက်သုံးဆီယာဥ်တွေဟာ ကာမိုင်းဒေသထိ ရောက်ရှိလာခဲ့ပေမယ့် ဘယ်လိုအကြောင်းပြချက်မှန်းမသိရှိရဘဲ ရှစ်မိုင်ဂိတ်အထိ နောက်ပြန်ဆုတ် မောင်းသွားခဲ့ရတယ်လို့ စက်သုံးဆီယာဥ်မောင်းတွေဆီက စုံစမ်းသိရှိရပါတယ်။

အဲ့ဒီ ဂိတ်တွေက တစ်ချို့မော်တော်ယာဥ်ငယ်များ၊တုန်ဖုန်းကားများနဲ့ စက်သုံးဆီယာဥ်ကြီးတစ်ချို့ကိုသာ ဖြတ်သန်းခွင့်ပြုပေးနေတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရှိရပါတယ်။

ဖားကန့်ဒေသမှာ ဒီနေ့ 92ဓါတ်ဆီ တစ်လီတာ 3150ကျပ်၊95 ဓါတ်ဆီတစ်လီတာ 3200ကျပ်၊ဒီဇယ် တစ်လီတာ 3550ကျပ် နဲ့ ရောင်းချပေးနေတယ်လို့ သိရပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်းကလည်း အလားတူ ဆီသယ်ယာဥ်တွေ ဖြတ်သန်းခွင့်တားဆီးခံရတာကြောင့် ဓါတ်ဆီ တစ်ဂါလံ ကျပ် နှစ်သောင်းကျော်အထိ စျေးနှုန်းတွေ ရောက်ရှိခဲ့ပါတယ်။

သတင်းဓာတ်ပုံ- NY (PK)
#voiceofmyanmar #VOM #ဖားကန့် #စက်သုံးဆီပြတ်လပ် #ဒေသတွင်းစက်သုံးဆီရောင်းဝယ်ရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW