နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းကြောင့် မော်လ်ဒိုဗာ၀န်ကြီးချုပ်နဲ့အစိုးရအဖွဲ့ နှုတ်ထွက်

ချီဆင်နော့၊ ဖေဖော်ဝါရီ-၁၁-၂၀၂၃
မျိုးဆက်(VOM)

မော်လ်ဒိုဗာနိုင်ငံမှာ အစိုးရပြိုလဲပြီးနောက် ၁၈ လအကြာမှာ နိုင်ငံရေးနဲ့စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားပြီးနောက် အီးယူလိုလားတဲ့ လက်ရှိ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ နှုတ်ထွက်သွားပါတယ်။

ဥရောပရဲ့အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ မော်လ်ဒိုဗာနိုင်ငံဟာ အကျပ်အတည်းများစွာဖြင့် ရုန်းကန်နေခဲ့ရကြောင်း နှုတ်ထွက်သွားတဲ့ ၀န်ကြီးချုပ်နာဆာလီယာဂါဘရီလီတာက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောပါတယ်။

အိမ်နီးချင်းယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် မော်လ်ဒိုဗာနိုင်ငံမှာလည်း ငွေကြေးဖောင်းပွမှု၊ စွမ်းအင်စျေးနှုန်းကြီးမြင့်မှု၊ ဒုက္ခသည်တွေ၀င်ရောက်လာမှုနဲ့ ရုရှားရဲ့ရန်စမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာ ရာထူးမှနှုတ်ထွက်ကြောင်းကြေညာခဲ့တဲ့ မော်လ်ဒိုဗာ၀န်ကြီးချုပ်က သူ့ရဲ့အစိုးရဟာ ၂၀၂၁ ခုနှစ်ရွေးချယ်တင်မြောက်ခံရတဲ့အခါ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ခုလောက်ထိ ကိုင်တွယ်ဖြေရှင်းရမယ်လို့ ဘယ်သူမှ မျှော်လင့်မထားကြောင်း ပြောပါတယ်။

အကျပ်အတည်းများစွာနဲ့တိုင်းပြည်ကို ဦးဆောင်ဖို့ အနစ်နာခံကြိုးပမ်းခဲ့တာတွေအတွက် ၀န်ကြီးချုပ်ကိုကျေးဇူးတင်ကြောင်း မော်လ်ဒိုဗာသမ္မတ မိုင်ယာဆန်ဒူကပြောပါတယ်။

သမ္မတဟာ ၀န်ကြီးချုပ်သစ်အဖြစ် သူ့ရဲ့ကာကွယ်ရေးအကြံပေးဟောင်း ဒိုရင်ရီစီယန်ကို အမည်စာရင်းတင်သွင်းထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ချီဆင်နော့

Related posts

Leave a Comment

VOM News

FREE
VIEW