ကြံ (၁)တန်ကို (၁)သိန်းကျပ်အထိဖြစ်လာ

ဖေဖော်ဝါရီ ၁၀ – ၂၀၂၃
GG(VOM)

အခုနှစ် ကြံစိုက်ရာသီမှာ ကြံ(၁)တန်ကို အမြင့်ဆုံးစျေး (၁)သိန်းကျပ်နဲ့ ဝယ်ယူသွားမယ်လို့ သကြားစက်ရုံအချို့က တောင်သူတွေကို အသိပေးလိုက်တယ်လို့သိရပါတယ်။

အဲ့ဒီနူန်းထားဟာ စက်ရုံအရောက်စျေးနူန်းဖြစ်ပြီး ပြည်တွင်း ကြံစိုက်ရာသီကာလသက်တမ်းတလျှောက်မှာ အမြင့်ဆုံးစံချိန်တင်နူန်းတခုဖြစ်ပြီး တောင်သူတွေအတွက်လည်း အဆင်ပြေတဲ့ စျေးတန်းဖြစ်တယ်လို့ သိရပါတယ်။

” ကြုံဖူးသမျှထဲမှာတော့ အမြင့်ဆုံးပဲ။အမှန်က ဒီနှစ် သွင်းအားစုတွေက စျေးနည်းနည်းများလို့ပေါ့၊တော်တော်လေးအဆင်ပြေတဲ့နှစ်လို့ ပြောလို့ရပါတယ်။သွင်းအားစုတွေများတယ်၊ဒီဇယ်ဈေးတွေတက်တယ်ဆိုပြီး ပြောကြတယ်၊ဒါပေမယ့်လည်း သေချာစစ်စစ်စီစီတွက်မယ်ဆိုရင် တွက်ချေကိုက်ပါတယ်။” လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးဝင်းဌေးကပြောပါတယ်။

ကြံတစ်တန် (၁)သိန်း ကျပ်နဲ့ဝယ်ယူမယ့်အကြောင်းကို ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မြဘုရင် သကြားစက်ရုံက စတင်ကြေညာလိုက်တာဖြစ်ပြီး ကျန်တဲ့စက်ရုံတွေကတော့ ၉၅၀၀၀ ကျပ်နဲ့ ဝယ်ယူမှုရှိသလို ၊ ၉၀၀၀၀ ကျပ်နဲ့စျေးဖွင့်ထားတာတွေလည်းရှိတယ်လို့ သိရပါတယ်။

” ဆေးတွေက အကုန်အတက်ချည်းပဲ။တနေ့တခြားကိုတက်တာပါ။အဲဒီတော့ ကြံကလည်းထွက်မှ စျေးကလည်းကောင်းမှ တောင်သူတွေအကျိုးအမြတ်ရမယ်၊အဲ့ဒီလိုမဟုတ်ဘဲ အထွက်ကလျော့ရင် အရင်းလောက်ပဲရမယ်၊အထွကိကလျော့တဲ့အထဲစျေးကပါနည်းရင်းရှုံးမယ်။ဒီတော့ သကြားစက်တွေအကုန်လုံး ၁သိန်း ပေးစေချင်ပါတယ်”လို့ ကြံစိုက်တောင်သူတဦးကပြောပါတယ်။

စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ မြေသြဇာ၊ ပိုးသတ်ဆေး အပါအဝင် စိုက်ပျိုးရေး ဆေးမျိုးစုံ၊ စက်သုံးဆီစျေး၊အလုပ်သမားငှားရမ်းခနူန်းတွေ အရင်နှစ်တွေကထက် စျေးနူန်းမြင့်တက်လာတာကြောင့် စိုက်ပျိုးစရိတ်ကြီးမြင့်လို့ ကြံတတန် ၁ သိန်းကျပ်နူန်းနဲ့ သကြားစက်အားလုံးကဝယ်ယူပေးဖို့ ​ကြံစိုက်တောင်သူတွေကပြောပါတယ်။

ပြည်တွင်း ကြံစိုက်ပျိုးမှုအများဆုံးကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ တောင်ပိုင်း ၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ အနောက်ပိုင်း ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ မန္တလေးတိုင်း နဲ့မကွေးတိုင်း၊ ရန်ကုန်းတိုင်းထဲက ဥက္ကံမြို့မှာ စိုက်ပျိုးမှုတွေရှိနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ကြံစိုက်ရာသီမှာ ကြံတတန်ကို ၅၅၀၀၀ ကျပ်အများဆုံးဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်မှာ ကြံတတန် ကို ၇၀၀၀၀ ကနေ ၈၀၀၀၀ ကျပ်အထိ သကြားစက်ရုံတွေက ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကြံစိုက်ပျိုးရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW