ရွှေကျင်မြို့က ရွာတရွာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ယောက်သေဆုံး၊ ၁ယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၄ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကျေးရွာသူ အမျိုးသမီး၂ ယောက် သေဆုံးပြီး ၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဖေဖော်ဝါရီ၂၃ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူ အမျိုးသမီးကို ရွှေကျင်မြို့ကုတင် ၁၀၀ ပြည်သူဆေးရုံ ပို့​ဆောင်ထားပြီး ဒဏ်ရာကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။

” မနေ့က နေ့လယ်၂နာရီကျော်လောက်မှာလက်နက်ကြီးကျပြီး နေရာမှာပဲ သေတာ၂ယောက်ပေါ့ ၊တယောက်က ဘယ်ဘက်နံရိုးအောက်ဘေးပေါက်ဝင် ဒဏ်ရာ၊ ညာဘက် ပုခုံးထိမှန်ဒဏ်ရာရတယ်၊အိမ်လည်း မီးလောင်ပျက်စီးတာရှိတယ်လို့သိရ တယ်၊အဲ့ဒီဘက်မှာက တိုက်ပွဲတွေကဖြစ်နေတာပေါ့ “လို့ ရွှေကျင်မြို့ခံတဦးကပြောပါတယ်။

လက်နက်ကြီးထိမှန်ပြီးသေဆုံးသူတွေက ညောင်ပင်ကြီးရွာသစ်ရွာက အသက် ၇၂ နှစ်အရွယ် ဒေါ်တူဆိုသူနဲ့ အသက် ၃၄ နှစ်အရွယ် ဒေါ်သူဇာနွယ်တို့ဖြစ်ကြောင်း၊ နောက်ထပ်ဒဏ်ရာရသူအမျိုးသမီးကလည်းစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

ရွှေကျင်မြို့နယ်က ကျေးရွာဘက်တွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့်ရွှေကျင်မြို့နယ်က ကျေးရွာဒေသခံတွေ ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာကာ စစ်ဘေးထွက်ပြေးတိမ်းရှောင်နေရတာတွေရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေကျင် #လက်နက်ကြီးကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW