ထိုင်းမှာ နိုင်ငံကူးလက်မှတ်စာအုပ်ကြေး ဘတ် ၁၂၅၀ အထိတိုးမြှင့်

ဖေဖော်ဝါရီ ၂၆ – ၂၀၂၃ GG(VOM) ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ခကို ဘတ် ၁၂၅၀ အဖြစ် တိုးမြှင့်ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ဒီနေ့ဖေဖော်ဝါရီ၂၆ရက်နေ့မှာအသိပေးထုတ်ပြန်လိုက်ပါတယ်။ အရင် နိုင်ငံကူးလက်မှတ်ကြေးက ဘတ် ၈၀၀ သာရှိကြောင်း OWIC ကဒ်အတွက် ၂၅ဝ ဘတ်အပါမှ အားလုံး ၁၀၅၀ သာကုန်ကျမှုရှိပြီး ပြောင်းလဲလိုက်တဲ့ တိုးမြှင့်နူန်းထားမှာတော့ စာအုပ်လုပ်ခအပြီးအစီး ဘတ် ၁၅၀၀ ကျသင့်မှာဖြစ်ကာ မတ်လ ၁ရက်နေ့မှာ စတင်မယ်လို့သိရပါတယ်။ ပတ်စ်ပို့စာအုပ်ကြေး တိုးမြှင့်လိုက်တဲ့အပေါ် ထိုင်းရောက်မြန်မာလုပ်သား ကိုမင်းဇေယျာက ” owicကဒ်ဖိုးဆိုပြီး၂၅၀ပိုယူထားပြီး ထလေထိုင်းမှာ ကဒ်သွားထုတ်တော့ ၃၀၀ ထပ်တောင်းတယ်၊ အစကတည်းက ၅၅၀ဆိုပြီး တခါတည်းတောင်းထားရင်လည်း ပြီးတာပဲကို၊ အခုတော့ လိမ်စားသလိုဖြစ်နေတယ်၊နောက်ပြီး ကဒ်သွားထုတ်ဖို့ အဆင်မပြေတဲ့သူတွေက ပွဲစားကို စျေးအမျိုးမျိုးနဲ့ထပ်ပေးနေရပြန်တယ်၊ အခု သူတို့ကတောင် စျေးတက်ပြီဆိုတော့ ပွဲစားတွေက…

Read More

FATF ရဲ့ အမည်မည်းစာရင်းမှာ မြနိမာနိုင်ငံ ဆက်ရှိနေသေးသလား

ဖေဖော်ဝါရီ ၂၆ – ၂၀၂၃ SN (VOM) ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF)က ချမှတ်ထားတဲ့ Action Plan တွေ ဆောင်ရွက်တဲ့နေရာမှာ ငွေလွှဲလုပ်ငန်းနဲ့ ပတ်သက်ပြီး အဆင့်သတ်မှတ်ချက် တိုးမြှင့်ရရှိခဲ့တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောဆိုထားပေမယ့် FATF ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့ အမည်မည်းစာရင်း (Black List)မှာတော့ မြန်မာနိုင်ငံအနေနဲ့ ဆက်လက်ပါဝင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စင်ကာပူသမ္မတ T Raja Kumar လက်ထက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပတဲ့ FATF ရဲ့ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံကို အမည်မည်းစာရင်းမှာ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယား၊ အီရန်နိုင်ငံတို့နဲ့အတူ အမည်မည်းစာရင်းမှာ ဆက်လက် ပါဝင်နေဦးမှာဖြစ်ပြီး အကြံပြုထားတဲ့ လုပ်ဆောင်ချက် အစီအစဉ်တွေကို…

Read More

ပေါက်မှာ မိုင်းပေါက်ကွဲလို့ ၁၃ နှစ် ကလေး ၂ယောက်သေဆုံး၊ ကလေးတဦးလည်း စိုးရိမ်ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၆ – ၂၀၂၃ GG(VOM) မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မိုင်းပေါက်ကွဲပြီး အသက်မပြည့်သေးတဲ့ ကလေး ၂ ယောက်သေဆုံးကာ ၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ မနေ့ ဖေဖော်ဝါရီ၂၅ ရက် ညနေပိုင်းက ဘုရားတောင်ကျေးရွာအုပ်စု၊ ကြူတောရွာက ဆိတ်ကျောင်းတဲ့ ကလေး၃ယောက်ဟာ တောထဲကမပေါက်ကွဲသေးတဲ့ မိုင်းကို ယူလာစဥ် လမ်းမှာပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ၃ယောက်အတူတူ ဆိတ်ကျောင်းကြတာမှာ မိုင်းကိုတွေ့တော့ ကလေးတွေက အိမ်ပြန်ချိန် ယူလာကြတာ ရွာလယ်လည်းရောက်ရော မိုင်းကပေါက်ကွဲပြီး၂ယောက်ကနေရာမှာပဲ သေတယ်၊၁ယောက်က ဒဏ်ရာရတယ်။ကလေးတွေဆိုတော့ မိုင်းလို့မသိဘဲယူလာကြတာ”လို့ ပေါက်ဒေသခံတဦးကပြောပါတယ်။ ပေါက်ကွဲမှုကြောင့် သေဆုံးတဲ့ကလေးတွေက အသက် ၁၃ နှစ်အရွယ်တွေဖြစ်တဲ့ မောင်မျိုးမင်းထက်နဲ့ မောင်ကျော်ဇင်မင်းတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကလည်း အသက်၁၃ နှစ်သာရှိသေးတဲ့ ပိုင်ပိုင်အောင် ဖြစ်တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် မောင်ပိုင်ပိုင်အောင်က ဆီးခုံကို မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တာကြောင့် စိုးရိမ်ရတဲ့အခြေအနေရှိပြီး…

Read More

ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရွှေဘိုမြို့နယ်ထဲက ဆိပ်ခွန် ချည်ထည် ရက်ကန်းလုပ်ငန်းများ

ဖေဖော်ဝါရီ ၂၆ -၂၀၂၃ Voice Of Myanmar(VOM) ဆိပ်ခွန် ပိုးတွဲချည်ထည်ဆိုတာ မြန်မာနိုင်ငံနေရာအနှံအပြားမှာ လူတိုင်းနီးပါးလူကြိုက်များတဲ့ စက်ရက်ကန်းချည်ထည်ဖြစ်ပါတယ်။ အဲ့ဒီချည်ထည်တွေကို အဓိကထုတ်လုပ်တာကတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်တိုက်နယ်ဒေသကပဲဖြစ်ပါတယ်။ အဲ့ဒီဒေသမှာ အရင်တုန်းက ဒီရက်ကန်းလုပ်ငန်းကြောင့် လုပ်ငန်းရှင်တွေ စီးပွားရေးအစဉ်ပြေကျသလို အလုပ်သမားတွေလည်း စားဝတ်နေရေးအတွက် အပူအပင်ကင်းမဲ့တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ခေတ်ကာလနဲ့ နိုင်ငံရေးပြောင်းလဲမှုအခြေအနေတွေအရ ဆိတ်ခွန်ရက်ကန်းလုပ်ငန်းဆိုတာ ပျောက်ကွယ်လုနီးပါးအခြေအနေအထိ ကြုံတွေ့လာနေပါတယ်။ #voiceofmyanmar #VOM #ရွှေဘို #ဆိပ်ခွန်ချည်ထည်းရက်ကန်း

Read More

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ သိန်း ၄၀၀နီးပါး ဓားပြတိုက်ခံရပြီး ဒုရဲမှူး ၁ ဦးသေဆုံး

ဖေဖော်ဝါရီ ၊ ၂၆ -၂၀၂၃ SP + Voice Of Myanmar(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်၊ ၄၄ လမ်းနဲ့ ၁၃၆ လမ်း၊ ညောင်ပင်ကုန်းရွာမှာ မနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက မြေပွဲစားတဦးရဲ့နေအိမ်မှာ သိန်း ၄၀၀နီးပါး ဓားပြတိုက်ခံရပြီး ဓားပြတိုက်နေချိန် နေအိမ်မှာ အလည်ရောက်နေတဲ့ ဒုရဲမှူး တဦး ပစ်သတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းကနေ သိရပါတယ်။ “ဖြစ်စဥ်က မနေ့ကည ၇ နာရီ ဝန်းကျင်မှာ ဖြစ်တာပါ ၊ မြစ်ငယ် မီးရထားတပ်ဖွဲ့က ရထားရဲ ဒုရဲမှူး ဝင်းမင်းသန်း ဆိုသူက သူ့မိန်းမရဲ့ အစ်မ နေအိမ်ကို လှည့်ကင်းသွားရင်း အလည်ရောက်နေတယ် ၊ အဲ့ဒီ အချိန်မှာ လူ ၈ ယောက်လောက်ပါဝင်တဲ့ ဓားပြအဖွဲ့က…

Read More
VOM News

FREE
VIEW