ချင်းရွှေဟော်လမ်းမှာ ကုန်တင်ကား ၂ စီး မီးရှို့ခံထားရ

မတ် ၇၊ ၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရာလမ်း တခုဖြစ်တဲ့ ချင်းရွှေဟော်လမ်းမှာ ဒီကနေ့ မတ် ၇ ရက် မနက်ပိုင်းက ကုန်ကား ၂ စီး မီးရှို့ခံထားရတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ဒီမနက်က။ အခွန်မဆောင်လို့ ဖြစ်မယ် ၂ စီး။ နားတီးနားဘက်” လို့ ကုန်သည် တဦးက ပြောပါတယ်။

နောက်ထပ် လုပ်ငန်းရှင် တဦးကလည်း”အခုလို ကားတွေကို မီးရှို့တာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး ပြည်သူတွေရဲ့ဘဝကို ပျက်သွားစေတယ်၊ ရက်စက်လွန်းတယ်။ မီးရှို့လိုက်ရင် သူများက ဘဝ ပျက်သွားတယ်လေ။ ဒဏ်ရိုက်ပေါ့။ ၁၀ သိန်းတန် ဆိုရင် သိန်း ၅၀ ဆောင်ခိုင်းပေါ့။”လို့ သူက ရှင်းပြပါတယ်။

ချင်းရွှေဟော် – မိန်းတိန် ကုန်သွယ်ရာလမ်းကနေ ၁၂ ဘီးတွေနဲ့သာ ကုန်သွယ်ခွင့်ပြုထားတယ်လို့ သိရပြီး
အဲဒီနယ်မြေဟာ လက်နက်ကိုင်အဖွဲ့တွေ သွားလာလှုပ်ရှားရာနေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မြန်မာ – တရုတ် ကုန်သွယ်ရာလမ်းတွေဖြစ်တဲ့ ချင်းရွှေဟော်လမ်းနဲ့ မူဆယ် လမ်းတွေမှာ မကြာခဏ မီးရှိုးခံရတာတွေ ဖြစ်ပွါးလေ့ရှိတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

Video Crd-ကုန်သည်လုပ်ငန်းရှင်
#voiceofmyanmar #VOM #ချင်းရွှေဟော် #ကုန်ကားမီးရှို့ခံထားရ

Related posts

Leave a Comment

VOM News

FREE
VIEW