တကယ့်စစ်ပွဲအတွက် စစ်ရေးလေ့ကျင့်မှုတွေအရိ်ှန်မြှင့်ဖို့ မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်အမိန့်ပေး

ဆိုးလ် ၊ မတ်-၁၀-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားစစ်တပ်အနေနဲ့ လိုအပ်လာရင် တကယ်စစ်ပွဲကိုရင်ဆိုင်ဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ ကင်ဂျုံအန်က မြောက်ကိုရီးယားစစ်တပ်ကို အမိန့်ပေးလိုက်ပါတယ်။ ပထမအနေဖြင့် စစ်ပွဲကိုဟန့်တားဖို့နဲ့ ဒုတိယအချက်အနေနဲ့ စစ်ပွဲတပွဲစတင်ဖို့အတွက် မဟာဗျူဟာမြောက်တာ၀န်နှစ်ခုအတွက် အပြည့်စုံဆုံး ကြိုတင်ပြင်ဆင်ထားဖို့ ကင်ဂျုံအန်က ပြောပါတယ်။ မြောက်ကိုရီးယားဟာ မတ် ၉ ရက်နေ့မှာ နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းကနေ တာတိုပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး ဒီပစ်ခတ်မှုကို ကင်ဂျုံအန်ကိုယ်တိုင်ကြီးကြပ်ခဲ့ပါတယ်။ အဲဒီလိုပစ်ခတ်စမ်းသပ်မှုမှာ သတ်မှတ်ထားတဲ့ ပစ်မှတ်ကိုအောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ရန်စမှုတွေကို အလျင်အမြန်တုံ့ပြန်တိုက်ခိုက်ဖို့ အသင့်ရှိနေကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရည်ညွှန်းပြီး သတိပေးပြောဆိုထားပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို တိုးမြှင့်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို တန်ပြန်ရေးအစီအစဉ်တွေကို မြှုင့်တင်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: Reuters…

Read More

အင်္ဂါဂြိုဟ်ကို (၄၅) ရက်အတွင်းရောက်နိုင်တဲ့ နျူကလီးယားစွမ်းအင်သုံး ဒုံးပျံအင်ဂျင်နာဆာ တီထွင်နေ

ဝါရှင်တန်၊ မတ်-၁၀-၂၀၂၃ မျိုးဆက်(VOM) အနာဂတ်မှာ လူသားတွေကို အင်္ဂါဂြိုဟ်ပေါ်ကို အချိန်တိုအတွင်းပို့ဆောင်ပေးနိုင်မယ့် နျူကလီးယားစွမ်းအင်သုံး ဒုံးပျံအင်ဂျင်ကို စမ်းသပ်မှုတွေပြုလုပ်သွားမယ်လို့ အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က ထုတ်ပြန်လိုက်ပါတယ်။ ဒီစီမံကိန်းကို အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနရဲ့သုတေသနဌာနဖြစ်တဲ့ Defense Advanced Research Projects Agency တို့ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ နာဆာအကြီးအကဲ ဘီလ်နယ်လ်ဆင်ကပြောပါတယ်။ နျူကလီးယားစွမ်းအင်သုံးဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်တီထွင်နိုင်ခဲ့မယ်ဆိုရင် နာဆာရဲ့လက်ရှိဒုံးပျံစနစ်ထက် ပိုမိုစွမ်းရည်မြင့်မှာဖြစ်ပြီး အင်္ဂါဂြိုဟ်ကိုသွားရောက်ရမယ့် ကြာမြင့်ချိန်ကို ငါးဆလျှော့ချပေးနိုင်မှာဖြစ်ကာ ကြာမြင့်ချိန် ခုနှစ်လကနေ ၄၅ ရက်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ နျူကလီးယားစွမ်းအင်သုံး ဒုံးပျံစနစ်ကို လွန်ခဲ့တဲ့ ၂၀ ရာစုအလယ်ပိုင်းလောက်ကတည်းက အမေရိကန်စစ်တပ်နဲ့ နာဆာတို့ပူးပေါင်းပြီး တီထွင်ဖို့ကြိုးစားခဲ့ပေမယ့်လည်း အကောင်အထည် မပေါ်ခဲ့တာဖြစ်ပါတယ်။ နာဆာနဲ့ အမေရိကန်စစ်တပ်တို့ဟာ အာကာသနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းမွန်ခဲ့တဲ့ သမိုင်းတွေရိ်ှပြီး လူသားတွေကို လကမ္ဘာပေါ်စေလွှတ်နိုင်ခဲ့တဲ့ Saturn V ဒုံးကျည်ကိုလည်း အတူတကွတီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ Ref: IE…

Read More

ဒါရိုက်တာခင်မောင်ဦး (သရုပ်ဆောင် မောင်မဲ) ကွယ်လွန်

မတ် ၁၀ – ၂၀၂၃ SN (VOM) ဒါရိုက်တာခင်မောင်ဦး (သရုပ်ဆောင်မောင်မဲ)ဟာ ဒီကနေ့ မတ် ၁၀ ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ “အစ်မ သိသိချင်းတော့ တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်။ အစ်မတောင် လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ဆရာ့ကိုသွားတွေ့ပြီး အလှူငွေ ၁၀ သိန်း လှူခဲ့သေးတယ်။ ဆရာကတောင် မျက်ရည်တွေဝဲနေသေးတယ်။ ဆရာက အစကတည်းက လေဖြတ်နေတာပါ“လို့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း (မမဆောင်း) က ပြောပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ” ဒါရိုက်တာခင်မောင်ဦး ခေါ်သရုပ်ဆောင်မောင်မဲ ဒီနေ့ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ကိုမဲကောင်းမွန်မြင့်မြတ်ရာ ဘုံဘဝရောက်ရှိပါစေ“လို့ ရေးသားထားပါသေးတယ်။ ဒါရိုက်တာခင်မောင်ဦး (သရုပ်ဆောင်မောင်မဲ)ဟာ တချိန်က မြန်မာ့ရုပ်ရှင်လောကမှာ သရုပ်ဆောင် ဆိုးပေ၊ မောင်မဲဆိုပြီး ရုပ်ရှင်ဇာတ်ကားတွေမှာ အတွဲလိုက်…

Read More

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာအလုပ်သမားအချင်းချင်း ဓါးထိုးမှု အမျိုးသမီးတဦးသေဆုံး

ဘန်ကောက်၊ မတ်-၁၀-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပတူနမ်ရပ်ကွက်မှာ မတ် ၉ ရက် နေ့လယ်ပိုင်းက မြန်မာအလုပ်သမားအချင်းချင်း ဓါးထိုးမှုကြောင့် မြန်မာအလုပ်သမား အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၄ နှစ်အရွယ် မဖြူမာအောင်ဟာ ရတ်သီဝီခရိုင်မှာရှိတဲ့ စျေး၀ယ်ကုန်တိုက်ရဲ့အပြင်ဘက်မှာ ဓါးနဲ့အထိုးခံခဲ့ရတာဖြစ်ပြီး ကျူးလွန်သူ သက်လင်းဦးဆိုသူကို ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အဲဒီလိုဓါးထိုးခံရပြီးနောက် မဖြူမာအောင်ကို ပရာမောင့်ကွတ်လာအို ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ထိုင်းရဲတွေကပြောပါတယ်။ သူတို့နှစ်ဦးကို ဒေသခံသစ်သီးရောင်းချသူတဦးက အလုပ်ခန့်ထားတာဖြစ်ပြီး ကျူးလွန်သူဟာ အလုပ်မှာပျင်းရိပြီး ဖုန်းသုံးဖို့သာ စွဲလန်းကြောင်း အလုပ်ရှင်ကို တိုင်ကြားမှုအပေါ် မကျေနပ်တာကြောင့် ဓါးနဲ့ထိုးခဲ့တာလို့ တရားခံက ၀န်ခံထွက်ဆိုထားပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူကို လူသတ်မှုနဲ့စွဲချက်တင်ထားပြီး အရေးယူမှုတွေအတွက် တာ၀န်ရှိသူတွေက ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ Ref: Bangkok Post #voiceofmyanmar…

Read More

Cookie မုန့်တွေမှာ ဆေးခြောက်ထည့်ရောင်းချသူတွေ ဖမ်းဆီးခံရ

နေပြည်တော်၊ မတ် ၉-၂၀၂၃ KT(VOM) ရန်ကုန်မြို့မှာ ကွက်ကီးမုန့်တွေအတွင်း ဆေးခြောက်ထည့်ရောင်းသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ နစက ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #ကွက်ကီး #ဆေးခြောက်ထည့်ရောင်းသူ

Read More

အသားခြောက် ကြပ်ကင်ရာကနေ မီးလောင်မှုဖြစ်ပြီး နေအိမ်(၉)လုံး မီးထဲပါသွားတဲ့ဖြစ်စဥ် မန္တလေးမှာဖြစ်ပွားခဲ့

မတ် ၁၀-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်း ၂နာရီခွဲအချိန်ခန့်က နေအိမ်(၉)လုံး မီးလောင်မှုဖြစ်စဥ်ဖြစ်ပွါးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” အိမ်ငှားနေသူက အသားခြောက်လုပ်တာပေါ့၊ အသားခြောက် ကြပ်ကင်ရာကနေ စလောင်တာပါ၊ ကင်တဲ့အချိန် မီးဖိုထဲမှာ ဆီများသွားပြီး မီးတောက်ထွက်ရာကနေ အိမ်အမိုးကို မီးကူးစက်တယ် အဲ့ဒီက စလောင်တာပေါ့၊ မီးလောင်မှုက နာရီဝက်လောက်တော့ကြာတယ်”လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။ မီးလောင်မှုကြောင့် နေအိမ်အဆောက်အဦ(၉)လုံး မီးလောင်ခဲ့ပြီး မီးသတ်တွက်ချက်တန်ဖိုး ကျပ် သိန်း (၁၈၀)ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။ မီးလောင်မှုကို Level-1အဆင့် သက်မှတ်ကာ သန္ဓေတပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၂၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးနဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး မနက် ၃နာရီးအချိန်ခန့်မှာ မီးလုံးဝငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစလောင်ခဲ့တဲ့ အသားခြောက်လုပ်ငန်းပိုင်ရှင်ဖြစ်သူ အသက်(၄၃)နှစ်အရွယ်…

Read More
VOM News

FREE
VIEW