သြစတြေးလျက မြစ်တစင်းမှာ ငါးသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွား

ဆစ်ဒနီ၊ မတ် -၁၈-၂၀၂၃
မျိုးဆက်(VOM)

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ရဲ့မြို့တော် မန်နင်ဒီရှိ မြစ်ထဲမှာ ငါးကောင်ရေသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံနဲ့ တာ၀န်ရှိသူတွေက မတ် ၁၇ ရက်မှာပြောပါတယ်။

ငါးများသေဆုံးမှုကို မတ် ၁၇ ရက်မှာ ဒေသခံတွေက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါလင်ဘာခါမြစ်ကို သက်ရောက်မှုရှိနေတဲ့ အပူလှိုင်းကြောင့် ငါးတွေသေဆုံးမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေက ပြောပါတယ်။

လွန်ခဲ့သောသုံးနှစ်ကလည်း အဲဒီမြို့မှာငါးတွေအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး လက်ရှိသေဆုံးမှုကတော့ ငါးအသေအပျောက်အများဆုံးဖြစ်ရပ်လို့ ဒေသခံတွေက ပြောပါတယ်။

မန်နင်ဒီမြို့ရဲ့အပူချိန်ဟာ မတ် ၁၈ ရက်မှာ ၄၁ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိနိုင်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါလင်ဘာခါမြစ်ဟာ မာရေးဒါလင်မြစ်ဝှမ်းရဲ့ အဓိကအစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။

လက်ရှိမှာ ငါးတွေအစုလိုက်အပြုံလိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီ နောက်ခံအကြောင်းရင်းတွေကို သက်ဆိုင်ရာ တာ၀န်ရှိသူတွေအတူ စုံစမ်းအဖြေရှာသွားမှာဖြစ်ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေက ပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဆစ်ဒနီ

Related posts

Leave a Comment

VOM News

FREE
VIEW