ဟိုပန်မြို့မှာ ရေတွင်းတူးတဲ့ အမျိုးသား၃ယောက်အောက်ဆီဂျင်ပြတ်ပြီး သေဆုံး

မတ် ၁၈ – ၂၀၂၃ GG(VOM) ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မန်ခိုင်ရပ်ကွက်၊ ကွင်းအမှတ်(၂/မန်မိုင်ကွင်း) မှာ ဒီနေ့မတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ရေတွင်းတူးသူ ၃ ယောက် အောက်ဆီဂျင်ပြတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” နေ့လယ် ၂နာရီခွဲလောက်မှာဖြစ်တာပါ။ ရေတွင်းဆင်းတူးတဲ့ ၃ယောက်လုံးသေသွားတယ်။ ဒေသခံတွေလို့သိရတယ် ” လို့ ဟိုပန်ဒေသခံတဦးကပြောပါတယ်။ အမျိုးသား ၃ ယောက်ဟာ ရေတွင်းတူးစဥ် အထဲမှာအောက်ဆီဂျင်ပြတ်လတ်ပြီး သတိမေ့နေကြောင်း သတင်းရလို့ ရှာဖွေကယ်ဆယ်ရေးသွားရောက်လုပ်ခဲ့ပေမယ့် သေဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ သေဆုံးသူ အမျိုးသား ၃ယောက်ကို စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ဟိုပန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ဟိုပန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကူညီလုပ်ကိုင်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ #voiceofmyanmar #VOM #ဟိုပန်

Read More

နိုင်ငံတကာအဆင့်မီ စံချိန်စံနှုန်း နဲ့ ရွှေဈေးနှုန်းတွက်ချက်ပြီး စျေးတန်းတခုသတ်မှတ်ဖို့ လုပ်နေ

မတ် ၁၈ – ၂၀၂၃ GG (VOM) ပြည်တွင်း ရွှေစျေးကွက်မှာ အခြေခံရည်ညွှန်စျေးနဲ့ပြင်ပ ပေါက်စျေး အကြားကွာဟမှုရှိနေတဲ့အပေါ် စျေးတန်းတခုတည်းသတ်မှတ်နိုင်ဖို့ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ” အစိုးရကကျတော့ ဒေါ်လာ ၂၁၀၀ နဲ့တွက်တယ်၊ ပြင်ပစျေးကွက်က ပြင်ပဒေါ်လာစျေးနဲ့တွက်တယ် ဒါကြောင့် ရွှေစျေးက မတူညီဘဲ ၂မျိုးဖြစ်နေတာပေါ့။အလေးချိန်ကျတော့လည်း ပြင်ပကပိုသာတယ်။ အဲ့ဒီလိုစျေးတွေက အမျိုးမျိုးမတူညီဖြစ်နေတာကို ထိန်းဖို့ ရွှေစျေးကို တခုတည်းဖြစ်အောင်လုပ်ဖို့ စီစဥ်နေတာပေါ့”လို့ ရွှေလုပ်ငန်းရှင် တဦးကပြောပါတယ်။ ဒါ့ကြောင့် ပြည်တွင်းရွှေဈေးကွက်အတွက် အခြေခံကျတဲ့ နိုင်ငံတကာအဆင့်မီအလေးချိန်စံချိန်စံနှုန်း သတ်မှတ်ရေးအပါအဝင် ရွှေဈေးနှုန်းတွက်ချက်မယ့်နည်းစနစ်နဲ့ ရည်အသွေးဆိုင်ရာသတ်မှတ်ဖို့အတွက် လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ” လုပ်ငန်းရှင်တွေကတော့ စျေးတန်းသတ်မှတ်တာကိုသဘောကျတယ်။ စျေးမငြိမ်တော့ အရောင်းအဝယ်မဖြစ်ဘူးလေ ဒီတော့ စျေးတန်းသတ်မှတ်တာကောင်းပါတယ်။အပြင်မှာ စျေးကစားတဲ့ ဝယ်ရောင်းသမားတွေကတော့ သဘောကျမှာမဟုတ်ဘူး။ ” လို့ နောက်ထပ် ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။…

Read More

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် စသုံးတာနဲ့မှတ်ပုံတင် ကုန်အမှတ်တံဆိပ်အားလုံး ဥပဒေအကာအကွယ်ရရှိမယ်

မတ် ၁၈ – ၂၀၂၃ GG(VOM) ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး အာဏာသက်ဝင်ကျင့်သုံးမှာဖြစ်လို့ အဲ့ဒီနေ့ကစပြီး မူပိုင်ခွင့် အခွင့်အရေးရှိတဲ့ ကုန်အမှတ်တံဆိပ်တွေကို ယူသုံးမိရင် ဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ သိရပါတယ် ။ ဥပဒေ ကျင့်သုံးပြီဆိုတာနဲ့ ကုန်အမှတ်တံဆိပ်အတုပြုလုပ်တာတွေ၊ အမှတ်တံဆိပ်အတု အသုံးပြုတာတွေ၊ အမှတ်တံဆိပ်အတုပြုလုပ်တဲ့ပစ္စည်း ဒါမှမဟုတ် ကိရိယာတွေကို လက်ဝယ်ထားရှိတာကို စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ဖြစ်စေ ချမှတ်ခံရနိုင်သလို အဲ့ဒီပြစ်ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပါရှိချက်အရ သိရပါတယ်။ ” အရင် စာချုပ်စာတမ်းရုံးမှာ တင်ခဲ့တဲ့ ကုန်အမှတ်တံဆိပ်ဟောင်းတွေ အားလုံးကိုလည်း မူပိုင်ခွင့် ဥပဒေရဲ့အကာအကွယ် ရဖို့အတွက် မူပိုင်ခွင့်ဦးစီးဌာနမှာ အမှတ်တံဆိပ်အားလုံး ပြန်လည်လျှောက်ထားရမှာပါ။ကုန်အမှတ်တံဆိပ်တွေနဲ့ပတ်သက်ပြီး ပြဿနာတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါ ဥပဒေအရဆုံးဖြတ်ရင် အရင် စာချုပ်စာတမ်းရုံးမှာ…

Read More

သြစတြေးလျက မြစ်တစင်းမှာ ငါးသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွား

ဆစ်ဒနီ၊ မတ် -၁၈-၂၀၂၃ မျိုးဆက်(VOM) သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ရဲ့မြို့တော် မန်နင်ဒီရှိ မြစ်ထဲမှာ ငါးကောင်ရေသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံနဲ့ တာ၀န်ရှိသူတွေက မတ် ၁၇ ရက်မှာပြောပါတယ်။ ငါးများသေဆုံးမှုကို မတ် ၁၇ ရက်မှာ ဒေသခံတွေက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါလင်ဘာခါမြစ်ကို သက်ရောက်မှုရှိနေတဲ့ အပူလှိုင်းကြောင့် ငါးတွေသေဆုံးမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေက ပြောပါတယ်။ လွန်ခဲ့သောသုံးနှစ်ကလည်း အဲဒီမြို့မှာငါးတွေအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး လက်ရှိသေဆုံးမှုကတော့ ငါးအသေအပျောက်အများဆုံးဖြစ်ရပ်လို့ ဒေသခံတွေက ပြောပါတယ်။ မန်နင်ဒီမြို့ရဲ့အပူချိန်ဟာ မတ် ၁၈ ရက်မှာ ၄၁ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိနိုင်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါလင်ဘာခါမြစ်ဟာ မာရေးဒါလင်မြစ်ဝှမ်းရဲ့ အဓိကအစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ လက်ရှိမှာ ငါးတွေအစုလိုက်အပြုံလိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီ နောက်ခံအကြောင်းရင်းတွေကို သက်ဆိုင်ရာ တာ၀န်ရှိသူတွေအတူ စုံစမ်းအဖြေရှာသွားမှာဖြစ်ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေက ပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဆစ်ဒနီ

Read More

စစ်တွေမှာ နေအိမ်ကပျောက်ဆုံးသွားတဲ့ အသက် (၁၁)အရွယ်မိန်းကလေး ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံး

မတ်၊ ၁၈-၂၀၂၃ MM(VOM) စစ်တွေမြို့၊မင်းဂံရပ်ကွက်မှာ ရိုက်နှက်ခံရပြီး သတိလစ် မေ့မျော့ခဲ့တဲ့ မိန်းကလေးငယ်ဟာ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ဒီနေ့ မတ်လ ၁၇ ရက် မွန်းလွဲပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီ အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်ဟာ မင်းဂံ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီ မတ်လ(၁၅)ရက် ညပိုင်းက နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မိန်းကလေးကို မတ်လ(၁၆)ရက် မနက်ပိုင်းမှာ စစ်တွေမြို့၊ မင်းဂံအကွက်(၁၃)ရှိ မီးရထားလမ်းအနီးမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အဝတ်အစားမပါဘဲ သတိလစ် မေ့မျော့နေတာကို ဒေသခံတွေက စတင်တွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။ ‘မိန်းကလေးငယ်က စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခဲ့ခြင်းဖြစ်တယ်၊ကောင်မလေးက စစ်တွေ မင်းဂံအကွက် ၁၅ မှာနေထိုင်တာပါ၊အသက် ၁၁ နှစ်အရွယ်ပါ၊ မတ်လ ၁၅ ရက် ညနေက နေအိမ်ကနေ…

Read More

ICC ကဖမ်း၀ရမ်းထုတ်ခံရတဲ့ ရုရှားသမ္မတပူတင် ဖမ်းဆီးခံရနိုင်လား

မတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) နိုင်ငံတကာ ရာဇ၀တ်တရားရုံး(ICC) က ရုရှားသမ္မတပူတင်ကို မတ် ၁၇ ရက်နှောင်းပိုင်းမှာ ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။ အကြောင်းကတော့ ယူကရိန်းစစ်ရာဇ၀တ်မှုကျူးလွန်တာတွေအတွက် တာ၀န်ရှိလို့ဖြစ်ကြောင်း နယ်သာလန် သည်ဟိတ်အခြေစိုက် ICC ကထုတ်ပြန်ပါတယ်။ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကတည်းက ရုရှားဟာစစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ICC ကဆိုပါတယ်။ အဓိကအားဖြင့် ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေက ကလေးငယ်တွေကို နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်တာတွေလည်းပါ၀င်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားရဲ့ကလေးသူငယ်ဆိုင်ရာ ကော်မရှင်နာမင်းကြီး မာရီယာအလက်ဆီ ယဲဗနာကိုလည်း ICC က ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။ အခုလို ပူတင်တို့ကို ဖမ်း၀ရမ်းထုတ်လုပ်တဲ့အပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကြိုဆိုလိုက်ပါတယ်။ ပူတင်ဟာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။ ရုရှားဟာ ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ICC ဟာ လက်ရှိထုတ်ပြန်တဲ့ ဖမ်း၀ရမ်းတွေကို လျှို့ဝှက်ထားဖို့ ကနဦးကစီစဉ်ခဲ့ပေမယ့်…

Read More

နေတိုးအဖွဲ့ထဲ ဖင်လန်၀င်ရောက်ရေး တူရကီသမ္မတအာဒိုဂန် ထောက်ခံပြီ

  အန်ကာရာ၊ မတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) နေတိုးအဖွဲ့ထဲကို၀င်ရောက်ဖို့ ဖင်လန်နိုင်ငံရဲ့လျှောက်ထားမှုကို ထောက်ခံကြောင်း တူရကီသမ္မတအာဒိုဂန်က မတ် ၁၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖင်လန်ဟာ အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးတယ်ဆိုကာ နေတိုးအဖွဲ့ထဲ၀င်ရောက်ရန် ဖင်လန်ရဲ့ကြိုးပမ်းမှုကို တူရကီက ထောက်ခံခြင်းမပြုဘဲ လအတန်ကြာ ပိတ်ဆို့ထားခဲ့ပါတယ်။ တူရကီရဲ့လုံခြုံရေးအတွက် ဖင်လန်နိုင်ငံရဲ့ စစ်မှန်ခိုင်မာတဲ့ ဆောင်ရွက်မှုတွေကို ချီးကျူးကြောင်း ဖင်လန်သမ္မတနဲ့ အတူ အန်ကာရာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တူရကီသမ္မတအာဒိုဂန်က ပြောပါတယ်။ နေတိုးအဖွဲ့သို့ အဖွဲ့၀င်သစ်တွေ၀င်ရောက်ရေးမှာ ရှိနှင့်ပြီးသားအဖွဲ့၀င်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုလိုအပ်ပြီး လက်ရှိမှာ ဖင်လန်ဟာ နေတိုးအဖွဲ့သို့၀င်ရောက်နိုင်ရေး ခြေတလှမ်းနီးစပ်သွားပြီဖြစ်ပြီး ဒီကိစ္စအပေါ် တူရကီပါလီမန်က မဲခွဲဆုံးဖြတ်ဦးမှာဖြစ်ပါတယ်။ ရုရှားရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဖင်လန်နိုင်ငံဟာ ဆွီဒင်နဲ့ အတူ နေတိုးအဖွဲ့သို့၀င်ရောက်ရေး ကြိုးပမ်းမှုကို တူရကီက ကန့်ကွက်ခဲ့ပြီး လက်ရှိမှာလည်းဖင်လန်ကိုသာထောက်ခံပြီး ဆွီဒင်ရဲ့ ၀င်ရောက်မှုကို ကန့်ကွက်ထားဆဲဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM…

Read More

ပခုက္ကူမြို့က ပန်းကံ့ကော် စားသောက်ဆိုင် ဓားပြတိုက်ခံရ ၊ရွှေထည်ပစ္စည်း ၁၃ ကျပ်သား ပါသွား

မတ် ၊ ၁၈ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ နေသူရိန် လမ်းမှာရှိတဲ့ ပန်းကံ့ကော် စားသောက်ဆိုင်မှာ မနေ့ မတ် ၁၇ ရက် ညနေပိုင်းက ဓားပြတိုက် လုယက်ခံရပြီး ရွှေထည် ပစ္စည်မျိုးစုံ ၁၃ ကျပ်သားကျော် ပါသွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ပန်းကံ့ကော် စားသောက်ဆိုင်ထဲကို ညနေ ၄ နာရီဝန်းကျင်က အမည်မသိ လက်လုပ်သေနတ်ကိုင်ထားသူတွေ ဝင်လာပြီး ဆိုင်ရှင် အမျိုးသမီးဆီက ရွေထည်ပစ္စည်းတွေ ဓားပြတိုက်သွားတာဖြစ်တယ် ” လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” နေသူရိန်လမ်းက ၊…

Read More

စစ်ရာဇ၀တ်မှုတွေကျူးလွန်မှုကြောင့် ရုရှားသမ္မတပူတင်ကို ICC ဖမ်း၀ရမ်းထုတ်

သည်ဟိတ်၊ မတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေကျူးလွန်မှုကြောင့် ရုရှားသမ္မတပူတင်ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး(ICC)က ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။ ယူကရိန်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ဒေသတွေက ကလေးသူငယ်တွေကို ရုရှားကိုဥပဒေမဲ့ ပို့ဆောင်တာတွေအပါအ၀င် စစ်ရာဇ၀တ်မှုကျူးလွန်တာတွေအတွက် ပူတင်မှာတာ၀န်ရှိကြောင်း ICC ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရုရှားရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မရှင်နာ မာရီယာအဲလက်ဆီးဗ်နာကိုလည်း ICC တရားသူကြီးတွေက ဖမ်း၀ရမ်းထုတ်ပြန်ထားပါတယ်။ သိမ်းပိုက်ထားတဲ့နေရာက အရပ်သားတွေကို အခြားနိုင်ငံကိုပို့တာကို နိုင်ငံတကာဥပဒေအရတားမြစ်ထားပြီး ဂျီနီဗာကွန်ဗင်းရှင်းအရ ကလေးသူငယ်တွေဟာ အထူးကာကွယ်မှုရရှိထားကြောင်း ICC ဥက္ကဋ္ဌ Piotr Hofmanski ကပြောပါတယ်။ ဒါဟာ အဓိပ္ပါယ်မရှိတဲ့အမိန့်ဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောဆိုထားပြီး ရုရှားဟာ ICC အဖွဲ့၀င်နိုင်ငံမဟုတ်တဲ့အတွက် အခုလိုအရေးယူခွင့်မရှိဘူးလို့ ရုရှားဘက်က တုံ့ပြန်ပြောဆိုထားပါတယ်.။ Ref: NHK Photo:Reuters #voiceofmyanmar #VOM #သည်ဟိတ်

Read More

ပန်းလိုမွှေးစေခဲ့သည် မိုးကေသီ

ဆူးငှက် ၁၉၇၀ခုနှစ်ကျော် ကာလဆီက မန္တလေးတွင် ပွဲစဉ်ကို စုံစမ်းကာ တကူးတကန့် လိုက်လံကြည့်ရှရသည့် တီးဝိုင်းတစ်ဖွဲ့ရှိပါသည်။ ထို တီးဝိုင်းမှာ မိုးကေသီဖြစ်ပါသည်။ ထိုစဉ်ကာလ မိုးကေသီမှာ ဟည်းထကျော်ကြားနေသည်။ တစ်ဘက်က စတီရီယိုတေးများ အရှိန်အဟုန်နှင့်ခေတ်စားလာသောကြောင့် ရှဲလ်ကဲ့သို့ တီးဝိုင်းများက လူငယ်ကြိုက်အဖြစ် နာမည်ကျော်လျှက်ရှိသည်။ ထိုအချိန်တွင် မိုးကေသီက အရွယ်သုံးပါးအတွက် ကျေနပ်စရာတီးဝိုင်းကြီးဖြစ်နေပါသည်။ မိုးကေသီကဲ့သို့ ကျော်ကြားထင်ရှားလာသည့် တီးဝိုင်းတစ်ဖွဲ့လည်းရှိသည်။ ဂီတမှုး တေးပြုစာဆို ဦးဘသိန်း၏လက်ရင်းတပည့်ဖြစ်သူ ကိုခင်မောင်သန်း ဂီတမှူးအဖြစ် တာဝန်ယူ ထူထောင်သည့် တေးချစ်သူဖြစ်သည်။ ကိုခင်မောင်သန်း၏ ရွှင်လန်းချမ်းမြေ့ပါစေသီချင်းကလည်း ယနေ့တိုင် ထင်ရှားလှသည်။ မိုးကေသီကို တည်ထောင်သူက ဂီတမှူး ဂီတစာဆို ကိုဘိုခင်ဖြစ်ပါသည်။ ကိုဘိုခင်သည် ယခင်က မြို့မတူရိယာအသင်း၏ ဂီတမှူးတာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၆၄ခုနှစ်တွင် မြို့မတူရိယာအသင်းမှ နူတ်ထွက်ကာ သိင်္ဂီတူရိယာအသင်းကို ဦးစီးခဲ့သည်။ ထို့နောက် ၁၉၆၆ခုနှစ်တွင် သိင်္ဂီမှခွဲ၍ မိုးကေသီကို ထူထောင်ခဲ့သည်။…

Read More
VOM News

FREE
VIEW