နေတိုးအဖွဲ့ထဲ ဖင်လန်၀င်ရောက်ရေး တူရကီသမ္မတအာဒိုဂန် ထောက်ခံပြီ

 

အန်ကာရာ၊ မတ်-၁၈-၂၀၂၃
မျိုးဆက်(VOM)

နေတိုးအဖွဲ့ထဲကို၀င်ရောက်ဖို့ ဖင်လန်နိုင်ငံရဲ့လျှောက်ထားမှုကို ထောက်ခံကြောင်း တူရကီသမ္မတအာဒိုဂန်က မတ် ၁၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖင်လန်ဟာ အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးတယ်ဆိုကာ နေတိုးအဖွဲ့ထဲ၀င်ရောက်ရန် ဖင်လန်ရဲ့ကြိုးပမ်းမှုကို တူရကီက ထောက်ခံခြင်းမပြုဘဲ လအတန်ကြာ ပိတ်ဆို့ထားခဲ့ပါတယ်။

တူရကီရဲ့လုံခြုံရေးအတွက် ဖင်လန်နိုင်ငံရဲ့ စစ်မှန်ခိုင်မာတဲ့ ဆောင်ရွက်မှုတွေကို ချီးကျူးကြောင်း ဖင်လန်သမ္မတနဲ့ အတူ အန်ကာရာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တူရကီသမ္မတအာဒိုဂန်က ပြောပါတယ်။

နေတိုးအဖွဲ့သို့ အဖွဲ့၀င်သစ်တွေ၀င်ရောက်ရေးမှာ ရှိနှင့်ပြီးသားအဖွဲ့၀င်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုလိုအပ်ပြီး လက်ရှိမှာ ဖင်လန်ဟာ နေတိုးအဖွဲ့သို့၀င်ရောက်နိုင်ရေး ခြေတလှမ်းနီးစပ်သွားပြီဖြစ်ပြီး ဒီကိစ္စအပေါ် တူရကီပါလီမန်က မဲခွဲဆုံးဖြတ်ဦးမှာဖြစ်ပါတယ်။

ရုရှားရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဖင်လန်နိုင်ငံဟာ ဆွီဒင်နဲ့ အတူ နေတိုးအဖွဲ့သို့၀င်ရောက်ရေး ကြိုးပမ်းမှုကို တူရကီက ကန့်ကွက်ခဲ့ပြီး လက်ရှိမှာလည်းဖင်လန်ကိုသာထောက်ခံပြီး ဆွီဒင်ရဲ့ ၀င်ရောက်မှုကို ကန့်ကွက်ထားဆဲဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW