ကျောက်ကြီးမှာ ခရီးသည်တင်ကား မိုင်းနင်းမိပြီး ကားပေါ်ပါ ၃ ယောက်သေဆုံး၊ ၂ယောက်ဒဏ်ရာရ

မတ် ၂၀ – ၂၀၂၃
GG (VOM)

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ဒီနေ့မတ်လ ၂၀ ရက်နေ့ မနက်အစောပိုင်းက ခရီးသည်တင်ကားတစီး ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ပေါက်ကွဲမှုဖြစ်လို့ ၃ ယောက်သေဆုံးကာ ၂ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ကားက ခရီးသည်တင် ”ဝင်းရတနာ” ယာဥ်လိုင်းဖြစ်ပြီး ကျောက်ကြီးမြို့ကနေ နတ်သံကွင်းဘက်ကို မောင်းလာစဥ် ညောင်ကုန်းတံတားအနီးမှာမိုင်းနင်းမိပြီး ပေါပါက်ကွဲခဲ့ကာလူသေဆုံးမှုတွေရှိခဲ့တာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“မနက် ၆ နာရီ ၅၀ လောက်မှာ ကားက တံတားရှောင်ကွင်းလမ်းကနေမောင်းချိန် မိုင်းနင်းမိတာပါ။ သေတဲ့သူတွေက ကြည့်ရက်စရာမရှိပါဘူး ၊အူတွေထွက်၊ပြတ်ထွက်နဲ့ ဆိုးဆိုးဝါးဝါးပါပဲ ၊မိန်းကလေး၁ယောက်၊ယောကျ်ားလေး၂ယောက်သေတယ် ၊ဘယ်ဒေသကလဲဆိုတာ အခုမှ စုံစမ်းနေတုန်းပါ “လို့ ကျောက်ကြီးဒေသခံတဦးကပြောပါတယ်။

ကားမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူတွေက ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေဖြစ်ပြီး မဥမ္မာမြင့် ၊ဦးဟန်သာ၊ ဦးကြည်လွင်တို့ဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၂ ယောက်ကတော့ ယာဥ်မောင်းဖြစ်သူ ဦးကျင်ကောက် ဆိုသူနဲ့ မမဲဆိုသူခရီးသည်အမျိုးသမီးဖြစ်ပြီး လက်ရှိမှာ ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

ကျောက်ကြီးမှာ အရင်ကလည်း တံတားတွေမိုင်းခွဲခံရတာ ၊ မိုင်းနင်းမိလို့ ဒေသခံအချို့သေဆုံးတာတွေရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်ကြီး #ခရီးသည်ကားမိုင်းနင်းမိ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW