တနင်္သာရီမှာ မြတ်မန္တလာထွန်း ကား ပစ်ခံရပြီး ကလေးငယ်အပါ၂ယောက်သေဆုံးကာ ၄ယောက်ဒဏ်ရာရ

ဧပြီ ၂ – ၂၀၂၃
GG(VOM)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ နယ်၊ လယ်တောင်ယာရွာ နဲ့ တမုတ်ချုံးရွာအကြားမှာ မနေ့ ဧပြီ ၁ ရက် ညပိုင်းက ခရီးသည်တင် မြတ်မန္တလာထွန်း Express ကား ပစ်ခတ်ခံရလို့ ခရီးသည် ၂ ယောက်သေဆုံးကာ နောက်ထပ်၄ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

” မြိတ်ကိုကျော်လာတဲ့အချိန်က ၅ နာရီကျော်၊ တနင်္သာရီတံတားရောက်တော့ ၇ နာရီခွဲလောက်ပေါ့၊တံတားကျော်ပြီးတော့ လယ်တောင်ယာရွာနားအရောက်မှာ ပစ်တယ်၊တောက်လျှောက်ပစ်တယ်၊နောက်တော့ ကားကထိုးရပ်သွားတယ်။ ၂၀ လောက်မှာ ထပ်ပစ်တယ်။ပြီးတော့အဖွဲ့တွေရောက်လာတယ်။ကားသမားတွေကို မီးဖွင့်ခိုင်းတယ်။လက်နက်လည်းချခိုင်းတယ်၊ ကျနော်တို့က ခရီးသည်တွေပါ၊ ပြည်သူတွေပါလို့ပြောတော့ ကားပေါ်တက်ကြည့်ပြီး ဆေးတွေဘာတွေထိုးပေးသွားတယ်။
ခရီးသည်၂ယောက်ကတော့ သေတယ်။ကားဆရာက ကျောကုန်းပွင့်သွားတယ်”လို့ ကားပေါ်ပါတဲ့ခရီးသည်တဦးကပြောပါတယ်။

ခရီးသည်တင်ကားကို ပစ်ခတ်ပြီးနောက် ပစ်ခတ်ခဲ့တဲ့အဖွဲ့တွေကပဲ ဒဏ်ရာရရှိသူတွေကို ဆေးထိုးတာ၊ဆေးတိုက်တာတွေလုပ်ပေးခဲ့တယ်လို့ ကားပေါ်ပါသူတွေပြောချက်အရ သိရပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသူတွေကတော့ အသက် ၆ နှစ်အရွယ် ကလေးငယ် မယဉ်သဇင်အောင်နဲ့ အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်ခင်မာကြည်ဆိုသူတို့ဖြစ်ကြောင်း ၊ ဒဏ်ရာရသူတွေကတော့ သံဃာတော် ၂ပါးနဲ့ယာဥ်မောင်း၊နောက်ထပ်အမျိုးသားတယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံခဲ့ရတဲ့ မြတ်မန္တလာထွန်း express ကားဟာ ရန်ကုန်ကနေ ကော့သောင်းကို ထွက်ခွာလာတဲ့ကားဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ခရီးသည်တင်ကားပစ်ခတ်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာမျိုးမရှိသေးတာကြောင့် ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

တနင်္သာရီတိုင်းမှာ ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားမှုရှိနေတဲ့အပြင် ကားတွေ ပစ်ခတ်ခံရတာတွေရှိလို့ သေဆုံးတာဒဏ်ရာရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တနင်္သာရီ #မြတ်မန္တလာထွန်ကား #ပစ်ခတ်ခံရမှု #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW