ဘန်ကောက်အနီးလောင်နေတဲ့တောမီး စစ်တပ်နဲ့မီးသတ်ရာပေါင်းများစွာ ငြိမ်းသတ်နေရ

ဘန်ကောက်၊ ဧပြီ-၁-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်အနီးလောင်ကျွမ်းနေတဲ့တောမီးကို ငြှိမ်းသတ်နိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေက အရှိန်မြှင့်လုပ်ဆောင်နေပြီး စစ်တပ်နဲ့မီးသတ် ရာပေါင်းများစွာ ငြှိမ်းသတ်နေရပါတယ်။

တောမီးဟာလက်ရှိမှာ တစတုရန်းကီလိုမီတာထိ လောင်ကျွမ်းခဲ့ပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာ ယခုနှစ်အတွင်းတောမီးလောင်ကျွမ်းမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဆတိုးလာနေတယ်လို့ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဘန်ကောက်ကနေ နှစ်ကီလိုမီတာအကွာမှာရှိတဲ့ နာမည်ကြီးခရီးသွားနေရာဖြစ်တဲ့ ခိုရိုင်အမျိုးသားဥယျာဉ်ကို တောမီးကူးစက်လောင်ကျွမ်းနိုင်ခြေကို တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။

အခြေအနေကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်အနေနဲ့ ဒေသဆိုင်ရာအေဂျင်စီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးထားပါတယ်။

ထိုင်းနိုင်ငံ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့တောမီးလောင်ကျွမ်းမှုသည် သစ်ခုတ်ခြင်းနဲ့ မီးရှို့မှုတွေကြောင့်ဖြစ်တယ်လို့ ယူဆရပြီး လေထုအရည်အသွေးညံ့ဖျင်းမှု ပြသနာတွေရှိနေပါတယ်။

နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ လွန်ခဲ့တဲ့လအတွင်း မီးခိုးမြူတွေဖုံးလွှမ်းခဲ့ပြီး လူအများအပြားဟာ အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြသနာတွေ ဖြစ်ပွားခဲ့ပါတယ်။

Ref:NHK
Photo:AP/ AFP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW