ဆူဒန်မှာ အရပ်သားအစိုးရပြန်လည်ဖွဲ့စည်းရေး သဘောတူညီချက် အာဏာသိမ်းစစ်ခေါင်းတွေ ရွှေ့ဆိုင်း

ခါတွမ်၊ ဧပြီ-၆-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ အရပ်သားအစိုးရပြန်လည်ဖွဲ့စည်းဖို့ နောက်ဆုံးသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးရေးကို ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။

ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးမယ့် အဲဒီသဘောတူညီချက်မူကြမ်းကို အဓိကထား ပြီး စစ်ဘက် အရပ်ဘက် ညှိနှိုင်းဆွေးနွေးမှုတွေကို မနေ့ကညထိ လုပ်ခဲ့ကြပါတယ်။

နိုင်ငံကိုနှစ်ရှည်လများ အုပ်ချုပ်ခဲ့တဲ့ ဆူဒန်ခေါင်းဆောင် ဘာရှာကို ၂၀၁၉ ခုနှစ်က ဖြုတ်ချခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ၂၀၂၁ခုနှစ် အောက်တိုဘာလကတည်းက ဆူဒန်မှာ နိုင်ငံရေးအကျပ်အတည်းဖြစ်နေခဲ့ပါတယ်။

အာဏာသိမ်းမှုကို ဆန်ကျင်တဲ့ ပြင်းထန်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲများ အပြီးမှာ လူရာနဲ့ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ေတာ ့စစ်တပ်က အရပ်သားတွေကို အာဏာလွှဲပြောင်းပေးရေး လမ်းပြမြေပုံကို စစ်ဘက်အရပ်ဘက် သဘောတူခဲ့ကြပါတယ်။

Ref:BBC

#voiceofmyanmar #VOM

Related posts

✕
VOM News

FREE
VIEW