ရွှေကုက္ကိုလ်မြို့သစ်နားမှာ တိုက်ပွဲဖြစ်လို့ ဒေသခံ၅၀၀၀ ကျော် စစ်ရှောင်နေရ၊ ဆေးဝါးနဲ့အစားအသောက်လိုအပ်နေ

ဧပြီ ၆ – ၂၀၂၃
GG(VOM)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်​မြို့သစ်မှာ တိုက်ပွဲတွေဖြစ်လို့ ဒေသခံ ၅၀၀၀ ကျော်ဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ် ။

မနေ့က မတ်လ ၅ ရက်နေ့မှာ ရွှေက္ကိုလ်ဒေသ၊ ထီးဝါးပလော၊ ထီးကော် ထောကျေးရွာတွေအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ထောင်နဲ့ချီ ထိုင်းဘက်ကိုတိမ်းရှောင်နေကြတာဖြစ်တယ်လို့သိရပါတယ်။

“လောလောဆယ် မြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းဘက်ကို စစ်ရှောင်တိမ်းသွားတဲ့ ဒုက္ခသည် ၅၄၀၀ ကျော် ရှိနေတယ်လို့သိရတယ်။သောင်ရင်းမြစ်ကို သူတို့ဘာသာဖြတ်ကူးပြီး ထွက်ပြေးတိမ်းရှောင်သွားကြတာပါ”လို့မြဝတီက စစ်ဘေးရှောင်တွေကို ကူညီနေသူတဦးကပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ တည်းခိုစရာမရှိတာကြောင့် တောထဲမှာပဲ နေထိုင်နေရတယ်လို့သိရပါတယ်။

” မနေ့ကမနက်အစောကြီးကတည်းက ပစ်ခတ်နေကြတာ၊တိုက်ပွဲ​ဖြစ်တဲ့ဘက်က ဒေသခံတွေကတော့ ထိုင်းဘက်ကို ပြေးတဲ့သူတွေချည်းပဲ။မြဝတီဘက်ကိုလည်း ထွက်လို့မရပါဘူး။ထိုင်းဘက်ကိုပဲ စစ်ဘေးရှောင်လို့ရတယ်။ မြို့ထဲလည်း ဆိုင်တွေအကုန်ပိတ်ထားကြတယ်။ကျန်တာဘာမှမဖြစ်ဘူး။ “လို့ ရွှေကုက္ကိုလ်ဒေသခံတဦးကပြောပါတယ်။

ထိုင်းဘက်စစ်ဘေးရှောင်တွေထဲမှာ ထိုင်းမြန်မာနယ်စပ် ရွှေကုက္ကိုလ်ကယ်ဆယ်ရေးသဘာဝတရားရိပ်သာက သံဃာတော်တွေ၊ သီလရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေလည်းပါဝင်ကြောင်း၊ သူတို့နဲ့အတူ ဒေသခံ၂၀၀ ခန့်ဟာ တည်းခိုစရာမရှိလို့ တောထဲမှာပဲ ညအိပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိမှာ မဲဆောက်ရိပ်သာတွေကနေ သွားရောက်ခေါ်ယူဖို့ ​ကြိုးစားခဲ့ပေမယ့်လည်း လတ်တလော နယ်မြေလုံခြုံရေးအရ ထိုင်းလုံခြုံရေးအဖွဲ့က ခွင့်မပြုသေးတာကြောင့် မဲဆောက်ရှိ မယ်ကု ကယ်ဆယ်ရေးရိပ်သာမှာ ယာယီနေထိုင်နိုင်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။

“ရွှေကုက္ကိုလ်မြို့သစ်မှာက စစ်ပွဲတွေမဖြစ်တာကြာပြီ၊ အခုမှ ရုတ်တရက်ကြီး ဖြစ်ပွားလာတော့ ဘာမှ စီစဥ်ချိန်မရဘဲ အဝတ်တထည်ကိုယ်တခု နဲ့ စစ်ဘေးရှောင်ရတာ၊အဲ့ဒီအထဲ လူမမာတွေ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေအကုန်ပါတယ်”လို့ စစ်ဘေးရှောင်တွေကိုကူညီဖို့လုပ်နေသူ မဲဆောက်မှာနေထိုင်သူတဦးကပြောပါတယ်။

ထိုင်းဘက်ကတော့ မြန်မာဘက်ကဝင်လာတဲ့ စစ်ဘေးတိမ်းရှောင်တွေကို ထိုင်းအစိုးရက စာရင်းစိစစ်ပြီးလက်ခံပေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် သောက်ရေ၊အဝတ်အထည်တွေ၊ အသင့်စား စားစရာတွေ၊ဆေးဝါးပစ္စည်းတွေ၊ဖုန်းအားသွင်းနိုင်ဖို့ ဆိုလာနဲ့ ညဘက်အသုံးပြုဖို့ မီးတွေလိုအပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြဝတီ #ရွှေကုက္ကိုလ်မြို့သစ် #စစ်ရှောင်အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW