မို့မို့မြင့်အောင်နဲ့အမျိုးသားဖြစ်သူတို့ကို နောက်တဆင့်အနေနဲ့တရားစွဲဖို့ စီစဥ်နေ

ဧပြီ ၇ -၂၀၂၃
GG(VOM)

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်ကို ငွေကျပ် သိန်း ၅၀၀၀ လိမ်လည်ချေးယူမှုနဲ့ ပထမအကြိမ်အမှုဖွင့်ခဲ့ပြီး အခုနောက်တဆင့်အနေနဲ့ တရားစွဲဖို့လုပ်နေတယ်လို့ ငွေထုတ်ပေးခဲ့သူ ဦးစိုးလိူင် ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ မို့မို့မြင့်အောင်ကို အင်းတကော်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့အမှုဖွင့်တိုင်ကြားခဲ့ကြောင်း၊ အဲ့ဒီနောက် မင်းသမီးမို့မို့မြင့်အောင်ဟာ ရဲစခန်းမှာ အာမခံရယူပြီး ငွေကိုပြန်လည်ပေးဆပ်ပါမယ်လို့ ပြောဆိုခဲ့ပေမယ့်အခုချိန်ထိ ပြန်လည်ပေးဆပ်လာခြင်းမရှိတဲ့အတွက် တရားစွဲဆိုတော့မှာဖြစ်တယ်လို့ သိရပါတယ်။

” အမှုဖွင့်တော့ ရဲစခန်းကဆင့်ခေါ်တော့ သူတို့ရောက်လာတယ်၊ဖေဖော်ဝါရီလ၁၉ ရက်မှာ လာတယ်၊အာမခံယူတယ်၊သူတို့ပိုက်ဆံယူခဲ့တာ ဟုတ်တယ်လို့ရဲစခန်းမှာထွက်ဆိုတယ်၊ပိုက်ဆံကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြန်ပေးမယ့်ပြောပေမယ့် အခုထိ ပြန်မပေးလို့ တရားစွဲဖို့လုပ်နေတာပါ”လို့ ဦးစိုးလှိုင်ကပြောပါတယ်။

အမှုဖွင့်မတိုင်ကြားခင်ကလည်း အဲ့ဒီချေးငွေ သိန်း ၅၀၀၀ ကို ပြန်လည်ပေးဆပ်ဖို့ မို့မို့မြင့်အောင်နဲ့သူရဲ့ အမျိုးသားဖြစ်သူ ဦးမောင်မောင်ကျော်တို့ကို အကြိမ်ကြိမ်တောင်းခံခဲ့ပေမယ့် ရှောင်တိမ်း ထွက်ပြေးခဲ့တယ်လို့ ပြောပါတယ်။

ငွေသား သိန်း၅၀၀၀ကို မို့မို့မြင့်အောင်တို့နှစ်ယောက်ဟာ ထားဝယ်ဆိပ်ကမ်းလုပ်ငန်းအတွက် အရေးတကြီးငွေလိုအပ်လို့ဆိုပြီး ဦးစိုးလိူင်ဆီကို လာရောက်ချေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ငွေထုတ်ချေးပေးခဲ့တဲ့ ဦးစိုးလှိုင်ဟာ ပဲခူးမြို့နယ်၊အင်းတကော်မြို့၊ထန်းပင်ချောင်ကျေးရွာနေထိုင်သူဖြစ်ပြီး ဦးစိုးလှိုင်နဲ့ မိုမို့မြင့်အောင်တို့ဟာ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်တာကြောင့် ယုံကြည်မှုနဲ့ သက်သေတွေရှေ့မှာ ငွေချေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟယ်လ်ဆင်ကီ

Related posts

Leave a Comment

VOM News

FREE
VIEW