အမြန်လမ်းမှာ အိမ်စီးကားတစီး မတော်တဆဖြစ် မီးလောင်ပြီး ကားပေါ်ပါ ၃ယောက်လုံး သေဆုံး

ဧပြီ ၁၀-၂၀၂၃
GG(VOM)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၅/၆)နဲ့ (၃၂၅/၇)ကြားမှာ ဒီနေ့ ဧပြီ ၁၀ ရက် မနက်ပိုင်းက Honda Civic အမျိုးအစားအိမ်စီး ကား ၁ စီး မီးလောင်ပြီး ကားပေါ်ပါ ၃ ယောက်လုံးသေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ပြင်စည်အမြန်လမ်းမီးသတ်စခန်းကနေ သိရပါတယ်။

ကားက အရှိန်လွန်ပြီး လမ်းလယ် ကာရံထားတဲ့အတားအဆီးကိုတိုက်မိကာ မီးလောင်ခဲ့ပြီး ကားပေါ်ပါအမျိုးသား ၃ ယောက်လုံးဟာ နေရာမှာပဲသေဆုံးခဲ့တာဖြစ်ကြောင်းနဲ့ သေဆုံးသူတွေက အသက်အရွယ်က ၂၀ ကျော်ခန့်တွေဖြစ်တယ်လို့ သိရပါတယ်။

” အိမ်စီးကားတစီးမီးလောင်တယ်၊လမ်းလယ်က ဘယ်ရီယာတုံးကိုဝင်တိုက်မိပြီး ကားကမီးလောင်ပြီး ကားပေါ်လိုက်လာတဲ့ ကျား၃ယောက်ဆုံးတယ်။ကျနော်တို့ရောက်တော့ ကားပေါ်ပါသူတွေ မီးလောင်ပြီးသေဆုံးနေပြီ ၊ကျနော်တို့၁၁ နာရီ၃၅ မိနစ်မှာရောက််၊၅၀ မှာငြိမ်းတယ် “လို့ ပြင်စည်အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

မီးလောင်ခဲ့တဲ့ကားဟာ မန္တ​လေးကနေ ထွက်လာတဲ့ကားဖြစ်ကြောင်းနဲ့ လက်ရှိမှာတော့သေဆုံးသူအမျိုးသား ၃ယောက်လုံးကို ရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ နွားထိုးကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

ကားမီးလောင်မှုကိုတော့ ပြင်စည်အမြန်လမ်း မီးသတ်၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #အမြန်လမ်း #ကားမီးလောင် #လူ၃ယောက်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW