ဆူဒန်ုနိုင်ငံ မြို့တော်ခါတွမ်မှာ တိုက်ပွဲတွေကြောင့် အရပ်သား ၄၀၀ ကျော်သေဆုံး၊ သုံးရက်ကြာအပစ်အခတ် ရပ်စဲရေး ကြေညာထား

ခါတွမ်၊ ဧပြီ-၂၂-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်မှာ သုံးရက်ကြာအပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြောင်း ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့က ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ယခင်အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုတွေ မအောင်မြင်ဖြစ်ပွားပြီးနောက် အခြေအနေကတော့ မတည်မငြိမ်ဖြစ်နေပါတယ်။ လူသားချင်းစာမှုဆိုင်ရာ အကြောင်းပြုချက်နဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဆူဒန်စစ်တပ်ကပြောပါတယ်။

အာအက်စ်အက်ဖ် ပြည်သူ့စစ်အဖွဲ့ဟာ မွတ်စလင်တို့ရဲ့အိဒ်ကာလအတွက် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် ၁၄ နာရီအကြာမှာ ဆူဒန်စစ်တပ်က အခုလိုက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြို့တော်ခါတွမ်မှာ တိုက်ပွဲကြီးကြီးမားမားမဖြစ်ပွားသေးကြောင်း ဒေသတွင်းသတင်းဌာနတွေက ပြောပါတယ်။

စစ်တပ်နဲ့ပြည်သူ့စစ်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဧပြီ ၂၁ ရက်ထိ အရပ်သား ၄၁၃ ဦးသေဆုံးပြီး ၃၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ဆူဒန်မှာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ကြား လွန်ခဲ့တဲ့ ဧပြီ ၁၅ ရက်ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုလျှက်ရှိပါတယ်။

Ref:NHK
#voiceofmyanmar #VOM #ခါတွမ်

Related posts

VOM News

FREE
VIEW