ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် သေနတ်နဲ့ပစ်သတ်ခံရ

ဧပြီ ၂၂ – ၂၀၂၃
GG(VOM)

ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ်၊ အောင်ရတနာဆေးရုံအနီးမှာ ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ဧပြီ၂၂ ရက် ၊နေလယ်၂ နာရီလောက်မှာ စက်ဘီးစီးလာတဲ့အမျိုးသား(၂)က ဦးစိုင်းကျော်သူကို သေနတ်နဲ့ ၅ချက်ထက်မနည်းပစ်ခတ် သတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

“နေ့လယ် ၁ နာရီ ၅၀ လောက်မှာပစ်ခတ်မှုဖြစ်တယ်။ ကားကို စက်ဘီးနဲ့ကျော်တက်ပြီးတော့ သေနတ်နဲ့ပစ်သွားတာ။ ပစ်ခတ်ပြီးတော့ စက်ဘီးကိုထားပြီးတော့ ထွက်သွားတယ်။သူ့ကို နောက်ယောင်ခံလိုက်ပြီး သေချာကိုပစ်ခတ်သွားတဲ့ပုံစံပါ။သင်္ဃန်းကျွန်း စံပြဆေးရုံကိုတော့ ပို့လိုက်ပေမယ့် သေ
သွားတယ်လို့သိရတယ် “လို့ သင်္ဃန်းကျွန်းမြို့နေထိုင်သူတစ်ဦးကပြောပြပါတယ်။

သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဦးစိုင်းကျော်သူရဲ့ လည်ပင်း၊ ညာဘက်နားအနောက်ဘက်၊ လက်နဲ့ ချိုင်းအောက်မှာ ကျည်ထိဒဏ်ရာ ၅ ချက်ရရှိကာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဦးစိုင်းကျော်သူဟာ သူရဲ့အမျိုးသမီးဖြစ်သူ ဆရာဝန်ကို ဆေးခန်းပို့ပြီး ပြန်လာချိန်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကော်ဒုညွန်ချုပ် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW