ဗြိတိန်ဝန်ကြီးချုပ် စုံစမ်းစစ်ဆေးခံရ

ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်ကို ဗြိတိန်ပါလီမန်ရဲ့ စံနှုန်းများဆိုင်ရာ ကော်မရှင်နာမှ ယခုလအစောပိုင်းတွင် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ကြောင်း ၎င်းရဲ့ ဝဘ်ဆိုဒ်တွင် ‌ဖော်ပြထားပါတယ်။

တနင်္လာနေ့က ဝဘ်ဆိုဒ်တွင် တင်ထားသော ပွင့်လင်းသော စုံစမ်းမေးမြန်းမှုစာရင်းအရ ဝန်ကြီးချုပ် စုံစမ်းစစ်ဆေးခံရသောကိစ္စမှာ အကျိုးစီးပွား ကြေငြာစာတမ်းနှင့် သက်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးခံရသော ကိစ္စရပ်နဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်ရဲ့ ရုံးကတော့ ချက်ခြင်းမှတ်ချက်ပေးခဲ့ခြင်းမရှိပါဘူး။

ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဇနီးဖြစ်သူဟာ အကျိုးအမြတ်ရရှိနိုင်တဲ့ ကလေးထိန်းကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာပိုင်ဆိုင်ထားမှုနဲ့ပတ်သက်ပြီး အတိုက်အခံပါတီများက မေးခွန်းထုတ်ခဲ့ပြီးနောက် ကော်မရှင်နာမှ စတင်စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကျင့်ထုံးဥပဒေအောက်တွင် ပါလီမန် အဖွဲ့ဝင်အားလုံးဟာ တစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်များ၊ မိန့်ခွန်းများ (သို့မဟုတ်) ပါလီမန်အတွင်း မဲများ (သို့မဟုတ်) လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်မှုတွေနဲ့ပတ်သက်တဲ့ ငွေကြေးဆိုင်ရာ အကျိုးစီးပွား အချက်အလက်တွေကို ပံ့ပိုးပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကော်မရှင်နာဟာလည်း အောက်လွှတ်တော်ရဲ့ ကျင့်ထုံးဥပဒေနဲ့အညီ လွှတ်တော်အမတ်တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို စောင့်ကြည့်စစ်ဆေးဖို့ တာဝန်ရှိနေပါတယ်။

ဒါပေမယ့်ပါလီမန်ရဲ့ ဝဘ်ဆိုဒ်ပေါ်ရှိ ကော်မရှင်နာစာမျက်နှာမှာတော့ အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိသေးပေ။

ကိုးကား – cnbc
source:https://www.cnbc.com/2023/04/17/uk-parliaments-standards-commissioner-investigating-pm-sunak.html

#voiceofmyanmar #VOM #ဗြိတိန်ဝန်ကြီးချုပ်စုံစမ်းစစ်ဆေးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW