တဲလ်အဗစ်၊ ဧပြီ-၃-၂၀၂၃ မျိုးဆက်(VOM) ဖိအား၀င်နေတဲ့ ခရမ်းချဉ်သီးပင်နဲ့အခြားသော အပင်အချို့ဟာ အော်ဟစ်နိုင်ကြကြောင်း အစ္စရေးသုတေသီအဖွဲ့က ထုတ်ဖော်ပြောဆိုပါတယ်။ အဲဒီအပင်တွေက ထုတ်လွှတ်လိုက်တဲ့ အော်ဟစ်အသံပြုမှုဟာ ကြိမ်နှုန်းမြင့်မားတာကြောင့် လူသားတွေနားနဲ့ မကြားနိုင်ပါဘူး။ လူသားတွေကြားနိုင်တဲ့ အသံရဲ့ကြိမ်နှုန်းဟာ ၂၀ ဟတ်ဇ်ကနေ ၂၀ ကီလိုဟတ်ဇ်အကြားဖြစ်ပါတယ်။ အစ္စရေးသုတေသီအဖွဲ့ဟာ ခရမ်းချဉ်သီးနဲ့ ဆေးရွက်ကြီးပင်တွေကို အသံလုံတဲ့နေရာမှထားရှိပြီး ပင်စည်ကိုဖြတ်တောက်ခြင်း၊ ရေဖြတ်ထားခြင်းစတဲ့အခြေအနေတွေနဲ့ စမ်းသပ်ရာမှာ အပင်တွေက အော်ဟစ်သံထုတ်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အပင်တွေကထုတ်လွှတ်လိုက်တဲ့ ကြိမ်နှုန်းမြင့်အသံလှိုင်းတွေကို အာထရာဆိုးနစ်မိုက်ခရိုဖုန်းတွေနဲ့ ဖမ်းယူထားပြီး အခြေအနေတခုအောက်မှာ ဖိအား၀င်နေတဲ့အပင်တွေကနေ ကြိမ်နှုန်းမြင့်အသံတွေ ထုတ်လွှတ်ခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ အသံတွေဟာ ဖိစီးမှုနဲ့အပင်အမျိုးအစားအလိုက် ကွဲပြားခြားနားပြီး အင်းဆက်နဲ့အချို့သောနို့တိုက်သတ္တဝါငယ်တွေကတော့ အပင်တွေက အခုလိုထုတ်လွှတ်လိုက်တဲ့အသံတွေကို ကြားနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ Ref:NHK #voiceofmyanmar #VOM #တဲလ်အဗစ်
Read MoreMonth: April 2023
ရေနံထုတ်လုပ်မှု လျှော့ချခြင်းကြောင့် ကမ္ဘာ့ရေနံစျေး မြင့်တက်လာ
ရီယတ်၊ ဧပြီ-၃-၂၀၂၃ မျိုးဆက်(VOM) ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံအများအပြားက ရေနံထုတ်လုပ်မှုကို လျှော့ချကြောင်း အံ့အားသင့်ဖွယ် ကြေညာပြီးနောက် ကမ္ဘာ့ရေနံစျေးတွေ မြင့်တက်လာနေပါတယ်။ ဆော်ဒီအာရေဗျ၊ အီရတ်နဲ့ ပင်လယ်ကွေ့နိုင်ငံအများအပြားဟာ ရေနံံထုတ်လုပ်မှုကို တနေ့စည်ပေါင်း တစ်သန်းကျော် လျှော့ချထုတ်မယ်လို့ ဧပြီ ၂ ရက်မှာ ကြေညာပြီးနောက်မှာ ရေနံစျေးနှုန်းတွေ မြင့်တက်လာတာဖြစ်ပါတယ်။ အခုလိုထုတ်လုပ်မှုလျှော့ချခြင်းကို အိုပက်နဲ့မဟာမိတ်နိုင်ငံတွေက လုပ်ဆောင်နေခြင်းဖြစ်ပြီး အဲဒီနိုင်ငံတွေဟာ ကမ္ဘာ့ရေနံစိမ်းထုတ်လုပ်ရောင်းချမှုရဲ့ ၄၀ ရာခိုင်နှုန်းရှိပါတယ်။ ဆော်ဒီအာရေဗျဟာ တစ်နေ့လကို ရေနံစိမ်းစည် ငါးသိန်း၊ အီရတ်က နှစ်သိန်းကျော်အပြင် ယူအေအီး၊ ကူဝိတ်၊ အယ်လ်ဂျီးရီးယားနဲ့အိုမန်တို့ကလည်း ရေနံထုတ်လုပ်မှုကို လျှော့ချလျှက်ရှိပါတယ်။ ဒါဟာ ရေနံစျေးကွက်တည်ငြိမ်မှုရှိစေရေး အထောက်အကူဖြစ်စေဖို့အတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ကြောင်း ဆော်ဒီစွမ်းအင်၀န်ကြီးဌာန တာ၀န်ရှိသူတဦးကပြောပါတယ်။ ဒါပေမယ့် အမေရိကန်ကတော့ စွမ်းအင်စျေးနှုန်းတွေ ကျဆင်းဖို့အတွက် ထုတ်လုပ်မှုတိုးမြှင့်ဖို့ ရေနံထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။ Ref:BBC Photo:Getty Images #voiceofmyanmar…
Read Moreဧရာဝတီတိုင်းမှာ ဆင်ရိုင်း အနင်းခံရပြီး(၁)ဦးသေဆုံး၊(၁)လအတွင်း တောဆင်ရိုင်းအနင်းခံရလို့ သေဆုံးသူ (၄)ဦးအထိရှိလာ
ဧပြီ၊ ၃-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စု၊ တပ်ကုန်းရွာက အမျိုးသားတဦး တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တောဆင်ရိုင်း နင်းခံရပြီး သေဆုံးသူဟာ အသက် ၅၆ နှစ်အရွယ်အမျိုးသားဖြစ်ပြီး တပ်ကုန်းရွာအနောက်ဖက်၊ လယ်ကွင်းအနီးက ရှောက်ချောင်းချောင်းအတွင်းမှာ ဧပြီ ၁ ရက် ရေချိုးနေချိန် တောဆင်ရိုင်း အုပ်စုနဲ့တွေ့ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ”ဆင်ရိုင်းတွေ အနင်းခံရပြီး သေဆုံးရသူက မတ်လ ၂၈ ရက် ကနေ ဧပြီလ ၂ ရက်အထိ ၄ ယောက်ရှိလာတယ်၊ လတ်တလောအနေနဲ့ အသက် ၅၆ နှစ်အရွယ် ဦးကြည်လွင် ရေချိုးနေတဲ့အချိန် ဆင်ရိုင်း အနင်းခံရလို့ သေဆုံးသွားတာ၊ ဒါ့ကြောင့် တောထဲ အလုပ်နဲ့ သွားတာပဲဖြစ်ဖြစ် နေအိမ်မှာနေတာပဲဖြစ်ဖြစ် ဆင်ရိုင်းတွေနဲ့နီးစပ်တဲ့ဒေသကသူတွေအနေနဲ့ သတိနဲ့သွားလာနေထိုင်ဖို့ပြောချင်ပါတယ်။ဆင်ရိုင်း အန္တရာယ်ပြုခံရလို့ သေဆုံးသူတွေထဲမှာ…
Read Moreနမ့်လမ်-သီပေါကားလမ်းဘေး ချောက်ထဲကို ခရီးသည်တင် ကား ပြုတ်ကျပြီး လူ ၄ ယောက် သေဆုံး
ဧပြီ ၃ – ၂၀၂၃ GG (VOM) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊သီပေါမြို့နယ် နမ့်လမ်-သီပေါကားလမ်းဘေး ချောက်ထဲကို ခရီးသည်တင် express မှန်လုံကားတစီး ပြုတ်ကျပြီး ကားပေါ်ပါသူ ၄ ယောက်စလုံး သေဆုံးမှု မနေ့ ဧပြီ ၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေက ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက် အမျိုးသား ၊ကားပေါ်ပါလာတဲ့ ခရီးသည်အမျိုးသမီး ၂ ယောက်တို့ဖြစ်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ခရီးသည်တင်ယာဥ်လိုင်းပဲ၊ကားကနာမည်ရေးမထားဘူး။ကားပေါ်မှာက ၄ယောက်ပဲပါတာ၊ အကုန်သေတာပါ။ အမျိုးသား ၁ယောက်က လားရှိုးကပါ၊ကျန်တဲ့၃ယောက်ကတော့ နမ့်လမ်ကပါ။ ကျနော်တို့ကို ဘေးရွာကသတင်းကြားတော့ ဖုန်းဆက်အကြောင်းကြားလို့ သွားတာပါ။ ၃ နာရီ၅၀လောက်ဖြစ်တာ ၊ ” လို့ ဖြူစင်နှလုံးသားလူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ သေဆုံးသူအမျိုးသား ၂ ယောက်ဟာ အသက်၃၆ နှစ်နဲ့ ၃၈ နှစ်အရွယ်တွေဖြစ်ပြီး…
Read Moreမန္တလေးမြို့မှာ လူကိုသတ်ပြီး ကျပ်သိန်း(၂၀၀) ယူဆောင်ထွက်ပြေးသွားတဲ့ ဖြစ်စဥ် ဖြစ်ပွါး
ဧပြီ ၃-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရီရပ်ကွက်မှာ မနေ့ ဧပြီ၂ရက် နေ့လယ်ပိုင်းက အွန်လိုင်းကနေ ငွေလဲလှယ်ရေး လုပ်ကိုင်နေသူ အမျိုးသားက ငွေလာလဲတဲ့ အမျိုးသမီးကို သတ်ပြီး ငွေတွေ ယူဆောင်ထွက်ပြေးသွားတဲ့ဖြစ်စဥ် ဖြစ်ပွါးခဲ့ပါတယ်။ “အဲ့ဒီအမျိုးသားက မေဃဂီရီရပ်ကွက်မှာ အိမ်ငှားနေတာမကြာသေးဘူး၊ ဖြစ်စဥ်ဖြစ်တာက သူငှားနေတဲ့အိမ်မှာဖြစ်တာ၊ ငွေလာလဲတဲ့ အမျိုးသမီးကို ကြိုးတုတ်ပြီး သတ်ထားတာကို ဒဏ်ရာတွေနဲ့တွေ့ရတာပေါ့၊ အဲ့ဒီအမျိုးသမီးနဲ့အတူပါလာတဲ့ ငွေ သိန်း (၂၀၀)နဲ့ စကူဖီဆိုင်ကယ်ကိုယူပြီး ထွက်ပြေးနေတယ်၊ ကျန်တာတော့ တာဝန်ရှိသူတွေ ဆက်လုပ်နေပါတယ်”လို့ ရဲနဲ့နီးစပ်သူကပြောပါတယ်။ ထွက်ပြေးနေတဲ့အမျိုးသားဟာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက အဲ့ဒီရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ အောင်နိုင်ဝေ ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ အသတ်ခံရတဲ့ အမျိုးသမီးဟာ အသက် (၃၇)နှစ်ခန့်မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း…
Read Moreသံလွင်မြစ်ထဲက စက်လှေဝမ်းဗိုက်ထဲမှာ နိုင်ငံသားအထောက်ထားမဲ့ ၁၂၈ ယောက်ဖမ်းမိ
ဧပြီ ၂ – ၂၀၂၃ GG (VOM) မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ် သံလွင်မြစ်ထဲမှာ နိုင်ငံသားအထောက်ထားမဲ့ ၁၂၈ ယောက်ကို ဒီနေ့ဧပြီ၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ စက်လှေကို မသင်္ကာလို့ တပ်မတော်ရေကနေ စစ်ဆေးရှာဖွေခဲ့ရာမှ စက်လှေရဲ့ ဝမ်းဗိုက်ထဲမှာလိုက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ် ဒီနေ့တွေ့တာပါ၊ဒီနေ့ မနက်၁ နာရီမှာ ရေတပ်က တွေ့တာပါ ” လို့ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူက အတည်ပြုပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ချောင်းဆုံ ဒေသခံတဦးကလည်း” ဟုတ်တယ် ကြားတာတော့ မနက်ပိုင်းမှာတွေ့တာလို့သိရတယ်၊သံလွင်မြစ်ထဲမှာ အဲ့ဒီစက်လှေမောင်းလာချိန် မသင်္ကာလို့စစ်တာမှာ ဖမ်းမိတာ၊ရေတပ်ဖွဲ့ကဖမ်းမိတာပါ”လို့ ပြောပါတယ်။ ဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးက ၆ ယောက်၊ အမျိုးသားက ၁၀၂ ယောက်၊ မိန်းကလေးက အယောက် ၂၀ ဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးရမိတဲ့ ၁၂၈ ယောက်ဟာ…
Read Moreထိုင်းနိုင်ငံတောင်ပိုင်းမှာ ကားနောက်အတွင်း လိုက်ပါလာတဲ့ မြန်မာလုပ်သား(၂၄)ဦး အဖမ်းခံရ
ဧပြီ၊ ၂-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ပေါ်ခရိုင်၊ အဝေးပြေးကား လမ်းပေါ်က စစ်ဆေး ရေးဂိတ်တခုမှာ ကား(၁) စီးပေါ် အနောက်ကနေ ပုန်းဝှက်လိုက်ပါလာတဲ့ရွှေ့ပြောင်းမြန်မာနိုင်ငံသား(၂၄)ယောက်ကို ထိုင်းတောင်ပိုင်းရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်းအလုပ် သမားရေးဆောင်ရွက်ပေးသူတွေ ဆီကနေသိရပါတယ်။ ”အားလုံး မြန်မာနိုင်သားတွေလို့သိရတယ် ၊အကုန်၂၄ ယောက်ပါ၊ထိုင်းတောင်ပိုင်းက အဝေးပြေးလမ်းပေါ်က စစ်ဆေးရေးဂိတ်တခုမှာ မနေ့က ညနေပိုင်းကဖမ်းမိတာ၊ သူတို့ လိုက်လာတဲ့ကားက ပစ်ကပ်ကား၊ကားရဲ့ အနောက်ခန်းမှာ မိုးကာတွေနဲ့ အုပ်ထားတာ၊ ထိုင်းရဲတွေက မသင်္ကာလို့ စစ်ဆေး ရာကနေ တွေ့ပြီး ဖမ်းလိုက်တာ။”လို့ ထိုင်းနိုင်ငံ အခြေစိုက်ရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက် ပေးသူ တဦးကပြောပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား(၂၄) ယောက်ထဲမှာ အမျိုးသား(၁၆)ယောက်၊ အမျိုးသမီး(၈) ယောက်ဖြစ်ပြီး သူတို့ဟာ ထိုင်းနိုင်ငံကို ပွဲစားဆိုသူ(၁)ယောက်ကအလုပ်ရှာပေးမယ်လို့ဆိုကာ လူ(၁)ယောက်ကို ပွဲစားခအနေနဲ့ ထိုင်းဘတ် ၂၀၀၀ နဲ့ ခေါ်လာတာလို့ သိရပါတယ်။ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းမှာ…
Read Moreတနင်္သာရီမှာ မြတ်မန္တလာထွန်း ကား ပစ်ခံရပြီး ကလေးငယ်အပါ၂ယောက်သေဆုံးကာ ၄ယောက်ဒဏ်ရာရ
ဧပြီ ၂ – ၂၀၂၃ GG(VOM) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ နယ်၊ လယ်တောင်ယာရွာ နဲ့ တမုတ်ချုံးရွာအကြားမှာ မနေ့ ဧပြီ ၁ ရက် ညပိုင်းက ခရီးသည်တင် မြတ်မန္တလာထွန်း Express ကား ပစ်ခတ်ခံရလို့ ခရီးသည် ၂ ယောက်သေဆုံးကာ နောက်ထပ်၄ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ” မြိတ်ကိုကျော်လာတဲ့အချိန်က ၅ နာရီကျော်၊ တနင်္သာရီတံတားရောက်တော့ ၇ နာရီခွဲလောက်ပေါ့၊တံတားကျော်ပြီးတော့ လယ်တောင်ယာရွာနားအရောက်မှာ ပစ်တယ်၊တောက်လျှောက်ပစ်တယ်၊နောက်တော့ ကားကထိုးရပ်သွားတယ်။ ၂၀ လောက်မှာ ထပ်ပစ်တယ်။ပြီးတော့အဖွဲ့တွေရောက်လာတယ်။ကားသမားတွေကို မီးဖွင့်ခိုင်းတယ်။လက်နက်လည်းချခိုင်းတယ်၊ ကျနော်တို့က ခရီးသည်တွေပါ၊ ပြည်သူတွေပါလို့ပြောတော့ ကားပေါ်တက်ကြည့်ပြီး ဆေးတွေဘာတွေထိုးပေးသွားတယ်။ ခရီးသည်၂ယောက်ကတော့ သေတယ်။ကားဆရာက ကျောကုန်းပွင့်သွားတယ်”လို့ ကားပေါ်ပါတဲ့ခရီးသည်တဦးကပြောပါတယ်။ ခရီးသည်တင်ကားကို ပစ်ခတ်ပြီးနောက် ပစ်ခတ်ခဲ့တဲ့အဖွဲ့တွေကပဲ ဒဏ်ရာရရှိသူတွေကို ဆေးထိုးတာ၊ဆေးတိုက်တာတွေလုပ်ပေးခဲ့တယ်လို့ ကားပေါ်ပါသူတွေပြောချက်အရ သိရပါတယ်။ ပစ်ခတ်ခံရပြီး သေဆုံးသူတွေကတော့ အသက်…
Read Moreအမ်းမှာ အမ်းချောင်းသင်္ကြန်ကို ပထမဆုံးအကြိမ်ကျင်းပမယ်
ဧပြီ ၊၂-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အမ်းချောင်းသင်္ကြန်ကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ်လို့ သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ”အမ်းချောင်း သင်္ကြန်ပွဲကျင်းပဖို့အတွက် သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိထားပါပြီ ၊ အခုလို ပွဲကျင်းပဖို့ လိုအပ်တဲ့ဆိုင်ခန်းတွေ အပါအဝင် အခြားပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နေပါတယ်၊ ၃ ရက်ကျင်းပသွားမှာပါ၊ သင်္ကြန်အကျနေ့ကနေ အတက်နေ့အထိ၊ အမ်းချောင်းမှာလုပ်မှာပါ။”လို့ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး တာဝန်ရှိသူတဦးကပြောပါတယ်။ အမ်းချောင်းသင်္ကြန်ကာလမှာ စတိတ်ရှိုးပွဲတွေ၊ရေလောင်းမဏ္ဍပ်တွေ၊ ဈေးဆိုင်တွေ၊ အပန်းဖြေ အနားယူနိုင်ဖို့နေရာတွေ စတဲ့နေရာတွေကို စီစဉ်ထည့်သွင်း ကျင်းပသွားဖို့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမ်းချောင်းသင်္ကြန်ပွဲကို လာရောက်မယ့် ဧည့်သည်တွေရဲ့ ကားတွေ ၊ ဆိုင်ကယ်တွေ စနစ်တကျထားရှိနိုင်ရေး ဒေသခံတွေရဲ့လုံခြုံရေးကိုလည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ ”ဒေသမှာ အခုလိုပွဲတွေ လုပ်တာက ဒေသခရီးသွားလုပ်ငန်းကို အကျိုးပြုရာရောက်သလို ဒေသခံတွေအနေနဲ့မီးခိုးမထွက်ဘဲ စီးပွားရေးဖြစ်စေပါတယ်၊ ခရီးသွားလုပ်ငန်း ကောင်းမွန်လာရင် ခရီးသွားလုပ်ငန်းနဲ့…
Read Moreငါးသိုင်းချောင်းမှာ မီးကြွင်းမီးကျန်ကနေ သီလရှင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီး
ဧပြီ ၂ – ၂၀၂၃ GG(VOM) ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်က ရေတံခွန်သီလရှင်ကျောင်းမှာ ဒီနေ့ဧပြီလ ၂ ရက် မနက်အစောပိုင်းတုန်းက မီးလောင်မှုဖြစ်ပြီး ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ငါးသိုင်းချောင်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။ ရေတံခွန်သီလရှင်ကျောင်းဝန်းထဲမှာ သီလရှင်တပါးတည်းနေထိုင်တဲ့ ကျောင်းရဲ့ ထင်းမီးဖို မီးကြွင်းမီးကျန်ကနေ မီးလောင်ခဲ့တာဖြစ်ပြီး အဲ့ဒီကမှ နောက်ထပ်ကျောင်းနှစ်ကျောင်းကို မီးကူးစက်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ကျနော်တို့ဆီ သတင်းရတော့ မနက် ၂ နာရီ၊ မီးထိန်းနိုင်တာက ၂နာရီ၂၈ မိနစ်ပါ။ တပါးတည်းနေတဲ့သီလရှင်ကြီးပါ အသက်အရွယ်လည်းကြီးပါပြီ၊သူက ဆွမ်းထချက်ပြီး ကျန်တဲ့မီးဖိုကနေ လောင်တာပါ။ သူ့ကျောင်းကနေမှ ရှေ့နဲ့နောက်က ကျောင်း၂ ကျောင်းပါမီးလောင်သွားတာပါ ” လို့ ငါးသိုင်းချောင်းမီးသတ်ဌာန တာဝန်ရှိသူကပြောပါတယ်။ မီးလောင်ပျက်စီးခဲ့တဲ့ သီလရှင်ကျောင်းတွေက ပျဥ်ထောင် သွပ်မိုး ၂ ထပ်ကျောင်းဆောင်တွေဖြစ်ပြီး မီးလောင်မှုဖြစ်စဥ်မှာ လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။…
Read More