ဖိအား၀င်နေတဲ့ အပင်တွေဟာ အော်ဟစ်အသံပြုနိုင်ကြောင်း စမ်းသပ်တွေ့ရှိ

တဲလ်အဗစ်၊ ဧပြီ-၃-၂၀၂၃
မျိုးဆက်(VOM)

ဖိအား၀င်နေတဲ့ ခရမ်းချဉ်သီးပင်နဲ့အခြားသော အပင်အချို့ဟာ အော်ဟစ်နိုင်ကြကြောင်း အစ္စရေးသုတေသီအဖွဲ့က ထုတ်ဖော်ပြောဆိုပါတယ်။

အဲဒီအပင်တွေက ထုတ်လွှတ်လိုက်တဲ့ အော်ဟစ်အသံပြုမှုဟာ ကြိမ်နှုန်းမြင့်မားတာကြောင့် လူသားတွေနားနဲ့ မကြားနိုင်ပါဘူး။ လူသားတွေကြားနိုင်တဲ့ အသံရဲ့ကြိမ်နှုန်းဟာ ၂၀ ဟတ်ဇ်ကနေ ၂၀ ကီလိုဟတ်ဇ်အကြားဖြစ်ပါတယ်။

အစ္စရေးသုတေသီအဖွဲ့ဟာ ခရမ်းချဉ်သီးနဲ့ ဆေးရွက်ကြီးပင်တွေကို အသံလုံတဲ့နေရာမှထားရှိပြီး ပင်စည်ကိုဖြတ်တောက်ခြင်း၊ ရေဖြတ်ထားခြင်းစတဲ့အခြေအနေတွေနဲ့ စမ်းသပ်ရာမှာ အပင်တွေက အော်ဟစ်သံထုတ်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ အပင်တွေကထုတ်လွှတ်လိုက်တဲ့ ကြိမ်နှုန်းမြင့်အသံလှိုင်းတွေကို အာထရာဆိုးနစ်မိုက်ခရိုဖုန်းတွေနဲ့ ဖမ်းယူထားပြီး အခြေအနေတခုအောက်မှာ ဖိအား၀င်နေတဲ့အပင်တွေကနေ ကြိမ်နှုန်းမြင့်အသံတွေ ထုတ်လွှတ်ခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ အသံတွေဟာ ဖိစီးမှုနဲ့အပင်အမျိုးအစားအလိုက် ကွဲပြားခြားနားပြီး အင်းဆက်နဲ့အချို့သောနို့တိုက်သတ္တဝါငယ်တွေကတော့ အပင်တွေက အခုလိုထုတ်လွှတ်လိုက်တဲ့အသံတွေကို ကြားနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

Ref:NHK
#voiceofmyanmar #VOM #တဲလ်အဗစ်

Related posts

Leave a Comment

VOM News

FREE
VIEW