ကျောက်ပန်းတောင်းက ဆီဆိုင် ငွေသိန်း၃၀၀ ကျော်နဲ့ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရပေမယ့် ညတွင်းချင်းပြန်လည်ရရှိခဲ့

ဧပြီ ၄ – ၂၀၂၃ GG (VOM) မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြိုနယ်၊ တောင်ဦးကျေးရွာ တော်ဝင်နှင်းဆီ စက်သုံးဆီ အရောင်းဆိုင်က ငွေသိန်း ၃၀၀ ကျော် နဲ့ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရပေမယ့် ညတွင်းချင်း ငွေသားနဲ့ပစ္စည်းတွေပြန်လည်ရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီလ၃ရက်နေ့ညပိုင်းက ဆီဆိုင်ကို အမည်မသိအမျိုးသား ၇ယောက် ရောက်က ဆိုင်ကယ် ၄ စီးနဲ့ရောက် လာပြီး ပိုင်ရှင်အမျိုးသမီးကိုသေနတ်နဲ့ထောက်ခြိမ်းခြောက်ကာ ငွေသားနဲ့ ရွှေထည်ပစ္စည်းတွေ လုယူသွားတာဖြစ်တယ်လို့သိရပါတယ်။ ” ခုမနက်မှသိရတာပေါ့ ၊ ဆိုင်ကယ်နဲ့ရောက်လာတယ်၊ဆီဖြည့်ကြတယ်၊ပြီးတော့ပိုင်ရှင်ကိုသေနတ်နဲ့ထောက်ပြီး အိမ်ဆောက်ပစ္စည်းဆိုင်ထဲခေါ်ပြီးလုသွားတာ။ သေနတ်က ပစ္စတိုလို့သိရတယ်၊ပိုင်ရှင်အမျိုးသမီးဆီက နားကပ် ၊လက်စွပ် ၊ ဖုန်း ၆ လုံး၊ ငွေက ၃၃၀ ယူသွားတာလို့သိရတယ် ၊သူ့ခြံထဲမှာက ဆီဆိုင်ရောအိမ်ဆောက်ပစ္စည်းဆိုင်ရော ရှိတာ ။သူကကံကောင်းတယ် ညတွင်းချင်းပဲအကုန်ပြန်ရတယ် ” လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ ကျောက်ပန်းတောင်းဒေသခံကပြောပါတယ်။ ဆီဆိုင် ဓားပြတိုက်မှုဖြစ်ပွားပြီးနောက်…

Read More

တရုတ်ကသတိပေးနေပေမယ့် ထိုင်၀မ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌတို့ တွေ့ဆုံဆွေးနွေးမယ်

၀ါရှင်တန်၊ ဧပြီ-၄-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင်မကာသီဟာ ထိုင်၀မ်သမ္မတဆိုင်အင်း၀မ်နဲ့ ယခုသီတင်းပတ်အတွင်း ကယ်လီဖိုးနီးယားမှာ တွေ့ဆုံမှာဖြစ်ကြောင်း အမေရိကန်တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ အောက်လွှတ်တော်ဥက္ကဌ မက်ကာသီနဲ့ အမေရိကန်တာ၀န်ရှိသူတွေဟာ လော့စ်အိန်ဂျလိစ်မြို့ရှိ ရော်နယ်ရေဂင်စာကြည့်တိုက်မှာ ထိုင်၀မ်သမ္မတဆိုင်အင်း၀မ်ကို လက်ခံတွေ့ဆုံမှာလို့ ပြောပါတယ်။ သမ္မတဆိုင်အင်း၀မ်ဟာ ဗဟိုအမေရိကခရီးစဉ်မှအပြန် ဧပြီ ၅ ရက်မှာ အမေရိကန်ကို ၀င်ရောက်မှာဖြစ်ပါတယ်။ အမေရိကန်တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် သူ့ရဲ့ခရီးစဉ်ကြောင့် ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်လို့ တရုတ်နိုင်ငံကသတိပေးထားပါတယ်။ ထိုင်၀မ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟောင်း နန်ဆီပလိုစီ လွန်ခဲ့တဲ့နှစ်ကသွားရောက်ခဲ့ချိန်က တရုတ်စစ်တပ်ဟာ ထိုင်၀မ်ကျွန်း၀န်းကျင်မှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီး တုံ့ပြန်သတိပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံကသူလျှိုဘောလုံးတွေ လွှတ်တင်ခဲ့ပြီးနောက် အမေရိကန်ဟာ သူ့ရဲ့အဆင့်မြင့်နည်းပညာတွေကို တရုတ်နည်းပညာကုမ္ပဏီတွေက ရယူသုံးစွဲခွင့်ကို ကန့်သတ်မှုတွေပြုလုပ်နေပြီး အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာနေပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #VOM #တရုတ်သတိပေးပေမယ့်ထိုင်ဝမ်သမ္မတနဲ့အမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌတွေ့မယ်

Read More

ရန်ကုန်မြို့လယ် လုံခြံုရေးထူထပ်တဲ့ ကျောက်တံတားမြို့နယ်က ဖုန်းဆိုင်တဆိုင် ဖုန်း၁၄လုံးနဲ့ငွေသိန်း၅၀ ဓားပြတိုက်ခံရ

ဧပြီ ၄ – ၂၀၂၃ GG (VOM) ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ လမ်း ၄၀ အလယ်ဘလောက်မှာ ဖွင့်ထားတဲ့ Kaung Lay ဖုန်းဆိုင်ကို မနေ့ကဧပြီလ ၃ ရက်နေ့မှာ သေနတ်ထောက်ပြီး ဓားပြတိုက်ခံခဲ့ရတယ်လို့သိရပါတယ်။ အမည်မသိလူ ၃ ယောက်က ဆိုင်ထဲကိုရောက်လာပြီး ဆိုင်ပိုင်ရှင်အမျိုးသားကို​သေနတ်နဲ့ထောက်ခြိမ်းခြောက်ပြီးလက်ပြန်ကြိုးတုပ်ကာ ဆိုင်ထဲက ဖုန်း ၁၄ လုံးနဲ့ ငွေသား သိန်း၅၀ ကိုယူဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က ၁၂ နာရီလောက်မှာ လူ၃ယောက်ကလုပ်သွားတာလို့သိရတယ်၊ဆိုင်က မြေညီထပ်မှာမဟုတ်တော့ လုပြီးထွက်သွားမှပဲ ပတ်ဝန်းကျင်ကလည်းသိရတာ၊ဖုန်းကလည်း အိုင်ဖုန်းတွေပါသွားတာလို့သိရတယ်။ဆိုင်ကတော့ ဖုန်းအသစ်ရော၊အဟောင်းရောဝယ်တယ်၊ ကျောက်တံတားဆိုတာမြို့လယ်ခေါင်ပဲလေ၊မြို့တော်ခန်းမမှာဆို စစ်သားတွေလည်းရှိတယ်။ဟိုဘက်မှာဆိုလည်းကျောက်တံတားရဲစခန်းရှိတယ်၊ ” လို့ ကျောက်တံတားမြို့နယ်နေထိုင်သူတဦးကပြောပါတယ်။ အဆိုပါဖုန်းဆိုင် ဓါးပြတိုက်ခံရပြီးနောက် Kaung Lay Mobile ဆိုင်ကို လုံခြုံရေးအဖွဲ့ဝင်တွေရောက်လာပြီး စုံစမ်းဆေး မေးမြန်းတာတွေလုပ်ခဲ့ကြောင်း၊လက်ရှိမှာ ဓားပြတိုက်သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ…

Read More

ရန်ကုန်က မြို့နယ်၂ခု မှာ ယာဥ်တိုက်မှုကြောင့် လူ၄ယောက်သေ၊၂ယောက်ဒဏ်ရာရခဲ့

ဧပြီ ၄ – ၂၀၂၃ GG(VOM) ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့ မင်္ဂလာဒုံ မြို့နယ်၂ခုမှာ ယာဥ်တိုက်မှုဖြစ်ပွားလို့ ၄ ယောက်သေဆုံးကာ ၂ ယောက်အပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ ဖြစ်စဉ်က မနေ့က ဧပြီလ ၃ ရက်နေ့ ည ၁၁နာရီခွဲ လောက်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမ၊ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့မှာ ကားကအရှိန်လွန်ပြီး ဘလောက်တုံးကိုဝင်တိုက်ကာတိမ်းမှောက်ပြီး ကားပေါ်ပါ အမျိုးသား၂ယောက်သေဆုံးကာ အမျိုးသမီး၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ” ယောကျ်ားလေး၂ယောက်ကညပ်နေလို့ဆွဲထုတ်ခဲ့ရတယ်၊နေရာမှာပဲပွဲချင်းပြီးသေတာပါ။ကောင်မလေးကတော့ ဒဏ်ရာရတယ် သတိလစ်နေလို့ ဘာမှမေးမရဘူး။ဆေးရုံပဲပို့ခဲ့တယ်။ “လို့ သုဝဏ္ဍအားကစားကွင်းရှေ့ယာဥ်တိမ်းမှောက်မှုကို ကူညီပေးခဲ့တဲ့ ရွှေရောင်တွဲလက် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။ အလားတူ မင်္ဂလာဒုံ ယာဥ်တိုက်မှုကလည်း မနေ့ကဧပြီလ ၃ ရက်နေ့ ည ၁၁ နာရီ ကျော်လောက်မှာ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အနော်ရထာလမ်းထိပ် ဇေကမ္ဘာခြောက်လမ်းသွားလမ်းပေါ်မှာ ကုန်ကားနဲ့ ကားတစီးတိုက်မိပြီး…

Read More

လကမ္ဘာကိုစေလွှတ်မယ့် အာကာသယာဉ်မှူးတွေကို နာဆာရွေးချယ်ကြေညာ

၀ါရှင်တန်၊ ဧပြီ-၄-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်အာကာသအေဂျင်စီ (နာဆာ)ဟာ နှစ်ပေါင်း ၅၀ ကြာမြင့်ပြီးနောက် လကမ္ဘာသို့လူသားတွေ ပြန်လည်ပို့ဆောင်မယ့်အစီအစဉ်အတွက် အာကာသယာဉ်မှူးလေးဦးကို မတ် ၃ ရက်မှာ ရွေးချယ်ကြေညာလိုက်ပါတယ်။ ရွေးချယ်ခံရတဲ့ အာကာသယာဉ်မှူးလေးဦးထဲမှာ ခရစ္စတီးနားကို့ခ်ျလည်းပါ၀င်ပြီး သူဟာ လကမ္ဘာခရီးစဉ်အတွက် တာ၀န်ပေးခံရတဲ့ ပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူးဖြစ်ပြီး ဗစ်တာဂလိုဗာကတော့ ပထမဆုံးသော လူမည်းအာကာသယာဉ်မှူးဖြစ်လာပါတယ်။ ရွေးချယ်ခံရတဲ့အခြားအာကာသယာဉ်မှူးနှစ်ဦးကတော့ ရိဒ်ဝိုက်စ်မန်းနှင့် ဂျယ်ရမီဟန်ဆန်တို့ဖြစ်ပြီး သူတို့ရဲ့လကမ္ဘာခရီးစဉ်ကို လာမယ့်နှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၅ ခုနှစ်အစောပိုင်းမှာ သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အာကာသယာဉ်မှူးတွေထဲမှာ အမေရိကန်နိုင်ငံသားသုံးဦးနဲ့ ကနေဒါနိုင်ငံသား တစ်ဦးတို့ပါ၀င်ပြီး သူတို့ရဲ့ အာကာသခရီးစဉ်အတွက် အပြင်းအထန်လေ့ကျင့်မှုတွေပြုလုပ်လျှက်ရှိပါတယ်။ အဲဒီခရီးစဉ်မှာ အာကာသယာဉ်မှူးတွေဟာ လကမ္ဘာပေါ်ခြေချမှာမဟုတ်ပေမယ့်လည်း နောက်ထပ်အာကာသခရီးစဉ်မှာ လကမ္ဘာပေါ်ခြေချနိုင်ဖို့ လမ်းဖွင့်ပေးနိုင်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ Ref:BBC Photo:NASA #voiceofmyanmar #vOM #လကမ္ဘာ #အာကသယာဉ်

Read More

ပခုက္ကူမြို့မှာ ပေါက်ကွဲမှုဖြစ်ပြီး သားအဖ ၂ ယောက် သေဆုံး

ဧပြီ ၊ ၄ ၊ ၂၀၂၃ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သပြေကွက်သစ်၊ ၁ လမ်းမှာနေတဲ့ ကိုရာဇာဖြိုး (ခေါ်) ကိုအာကြီးရဲ့နေအိမ်မှာ မနေ့ည ဧပြီ ၃ ရက်ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး သားအဖ ၂ ယောက်သေဆုံးသွားတယ်လို့ ပခုက္ကူဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ညက ၉ နာရီခွဲ ဝန်းကျင်မှာ နေအိမ် မီးဖိုဆောင်ထဲ ပေါက်ကွဲတာဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အိမ်ရှင် ကိုရာဇာဖြိုး(ခ)အာကြီး၊ ၃၇ နှစ်၊(ဘ) ဦးဝင်းဇော်နဲ့ သူ့ရဲ့ သား ဖြစ်သူ ကျော်ဇင်ထွဋ်၊ ၁၄ နှစ်တို့ ၂ ယောက်သေဆုံးခဲ့တာဖြစ်တယ် ” လို့ ဒေသခံ လူမှာကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။…

Read More

ထိုင်းအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ တရား၀င်စတင်၊ အတိုက်အခံဖြူထိုင်းပါတီ လူထုထောက်ခံမှု ပိုမိုရရှိနေ

ဘန်ကောက်၊ ဧပြီ-၃-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ဒီနေ့မှာတရား၀င်စတင်နေပြီဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ မဲပေးခွင့်ရှိသူ ၅၂ သန်းဟာ လွှတ်တော်အမတ်နေရာ ၅၀၀ အတွက် ဆန္ဒမဲတွေပေးဖို့ ပြင်ဆင်နေကြပါတယ်။ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာဟာ အာဏာရ ပါလန်ပရာချက်ပါတီမှာ သူ့ကိုထောက်ခံမှုကျဆင်းခဲ့ပြီးနောက် ထောက်ခံသူတွေတည်ထောင်ထားတဲ့ ပါတီသစ်ကို ၀င်ရောက်ခဲ့ပါတယ်။ နိုင်ငံရဲ့အကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ ဖြူထိုင်းပါတီဟာ အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ဆက်နွယ်နေပါတယ်။ ၀န်ကြီးချုပ်ဟောင်းရဲ့ ဒုတိယသမီးဖြစ်သူ ပေတောင်တမ်ရှင်နာ၀ပ်ထရာဟာ ဖြူထိုင်းပါတီရဲ့အဓိကပါတီ၀င်တဦးလည်းဖြစ်ပါတယ်။ ဖြူထိုင်းပါတီဟာ အခြားသောပြိုင်ဘက်ပါတီတွေထက် လူထုထောက်ခံမှုရှိနေကြောင်း ရွေးကောက်ပွဲစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ပါတီအနေနဲ့ မဲဆန္ဒရှင်တွေရဲ့ထောက်ခံမှုကိုရရှိဖို့ အစွမ်းကုန်ကြိုးစားပြီး ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရဖို့ ရည်မှန်းထားကြောင်း ပေတောင်တမ်ရှင်နာ၀ပ်ထရာက သတင်းထောက်တွေကို ပြောပါတယ်။ Ref:NHK Photo:AP #voiceofmyanmar #VOM #ဘန်ကောက်

Read More

နမ့်စန်မှာ မီးလောင်မှုဖြစ်ပြီး အမျိုးသမီး(၁)ဦးသေဆုံး

ဧပြီ ၃-၂၀၂၃ MM(VOM) ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့မှာ ဒီကနေ့ ဧပြီ ၃ရက် မနက်အစော တနာရီဝန်းကျင်ကနေအိမ်(၁)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး အမျိုးသမီး (၁)ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ မီးလောင်မှုဟာ ဝက်စာချက်ရာကနေ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်က အမျိုးသမီး(၁)ယောက်မှာ မီးခိုးမွှန်ကာ အသက်ရှူကြပ်ရာကနေ မီးလောင်ကျွမ်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ “အခု မီးထဲပါသွားတဲ့သူကတော့ ဆွံ့အနားမကြားသူပါ၊ ဒါ့ကြောင့် မီးလောင်တာကို မသိဖြစ်ပြီး သေဆုံးခဲ့ရတာ၊ အိမ်တလုံး မီးထဲပါသွားပြီး လူတယောက် သေဆုံးသွားတာ၊ အခြားအိမ်တွေ မီးကူးစက်လောင်ကျွမ်းတာမရှိဘူး၊”လို့ မီးသတ်တာဝန်ရှိသူတဦးကပြောပါတယ်။ အဲဒီမီးလောင်မှုဖြစ်ပွားရာနေရာကို နမ့်စန်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးတို့နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၁ နာရီ ၄၅ မိနစ်အချိန်လောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့သိရပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို…

Read More

ရန်ကုန်​လေဆိပ်မှာ Grab ကလွဲလို့ တခြားတက္ကစီတွေ ပြေးဆွဲခွင့် ပိတ်ပင်

ဧပြီ ၃ – ၂၀၂၃ SN (VOM) ရန်ကုန်လေဆိပ်မှာ ဒီနေ့ ဧပြီ ၃ ရက်စလို့ Grab ကုမ္ပဏီ တခုတည်းကိုသာ တက္ကစီဆွဲခွင့်‌ပေးပြီး အခြား တက္ကစီတွေကို ပြေးဆွဲခွင့် ပိတ်ပင်လိုက်တယ်လို့ တက္ကစီယာဉ်မောင်းတွေဆီက သိရပါတယ်။ “တက္ကစီတွေ ဝင်လို့မရတာ မဟုတ်ဘူး။ တက္ကစီတိုင်း ပါကင်ထိုးလို့ မရတော့တာ။ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) နဲ့ Grab နဲ့ ပေါင်းပြီးလုပ်တာ။ ဒီနေ့ ၈ နာရီခွဲကနေစတာ။ Grab ဆွဲတဲ့သူတွေ YRTC ရဲ့ တံဆိပ်နဲ့ စာရွက်စာတမ်းပါတဲ့ကားမှန်သမျှ အဲ့ဒီမှာ ပါကင်ထိုးပြီး ရပ်လို့ရတယ်။ ကျန်တဲ့ကားတွေမရဘူး”လို့ တာမွေမြို့နယ်က တက္ကစီယာဉ်မောင်းတဦးက ပြောပါတယ်။ အရင်က ရန်ကုန်လေဆိပ်မှာ Flying Swallow ၊ ရွှေလွန်းပျံ ၊ Royal Golden Brothers and…

Read More

ဖိအား၀င်နေတဲ့ အပင်တွေဟာ အော်ဟစ်အသံပြုနိုင်ကြောင်း စမ်းသပ်တွေ့ရှိ

တဲလ်အဗစ်၊ ဧပြီ-၃-၂၀၂၃ မျိုးဆက်(VOM) ဖိအား၀င်နေတဲ့ ခရမ်းချဉ်သီးပင်နဲ့အခြားသော အပင်အချို့ဟာ အော်ဟစ်နိုင်ကြကြောင်း အစ္စရေးသုတေသီအဖွဲ့က ထုတ်ဖော်ပြောဆိုပါတယ်။ အဲဒီအပင်တွေက ထုတ်လွှတ်လိုက်တဲ့ အော်ဟစ်အသံပြုမှုဟာ ကြိမ်နှုန်းမြင့်မားတာကြောင့် လူသားတွေနားနဲ့ မကြားနိုင်ပါဘူး။ လူသားတွေကြားနိုင်တဲ့ အသံရဲ့ကြိမ်နှုန်းဟာ ၂၀ ဟတ်ဇ်ကနေ ၂၀ ကီလိုဟတ်ဇ်အကြားဖြစ်ပါတယ်။ အစ္စရေးသုတေသီအဖွဲ့ဟာ ခရမ်းချဉ်သီးနဲ့ ဆေးရွက်ကြီးပင်တွေကို အသံလုံတဲ့နေရာမှထားရှိပြီး ပင်စည်ကိုဖြတ်တောက်ခြင်း၊ ရေဖြတ်ထားခြင်းစတဲ့အခြေအနေတွေနဲ့ စမ်းသပ်ရာမှာ အပင်တွေက အော်ဟစ်သံထုတ်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အပင်တွေကထုတ်လွှတ်လိုက်တဲ့ ကြိမ်နှုန်းမြင့်အသံလှိုင်းတွေကို အာထရာဆိုးနစ်မိုက်ခရိုဖုန်းတွေနဲ့ ဖမ်းယူထားပြီး အခြေအနေတခုအောက်မှာ ဖိအား၀င်နေတဲ့အပင်တွေကနေ ကြိမ်နှုန်းမြင့်အသံတွေ ထုတ်လွှတ်ခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ အသံတွေဟာ ဖိစီးမှုနဲ့အပင်အမျိုးအစားအလိုက် ကွဲပြားခြားနားပြီး အင်းဆက်နဲ့အချို့သောနို့တိုက်သတ္တဝါငယ်တွေကတော့ အပင်တွေက အခုလိုထုတ်လွှတ်လိုက်တဲ့အသံတွေကို ကြားနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ Ref:NHK #voiceofmyanmar #VOM #တဲလ်အဗစ်

Read More
VOM News

FREE
VIEW