ကျောက်ပန်းတောင်းက ဆီဆိုင် ငွေသိန်း၃၀၀ ကျော်နဲ့ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရပေမယ့် ညတွင်းချင်းပြန်လည်ရရှိခဲ့

ဧပြီ ၄ – ၂၀၂၃
GG (VOM)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြိုနယ်၊ တောင်ဦးကျေးရွာ တော်ဝင်နှင်းဆီ စက်သုံးဆီ အရောင်းဆိုင်က ငွေသိန်း ၃၀၀ ကျော် နဲ့ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရပေမယ့် ညတွင်းချင်း ငွေသားနဲ့ပစ္စည်းတွေပြန်လည်ရရှိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်မှာ ဧပြီလ၃ရက်နေ့ညပိုင်းက ဆီဆိုင်ကို အမည်မသိအမျိုးသား ၇ယောက် ရောက်က ဆိုင်ကယ် ၄ စီးနဲ့ရောက် လာပြီး ပိုင်ရှင်အမျိုးသမီးကိုသေနတ်နဲ့ထောက်ခြိမ်းခြောက်ကာ ငွေသားနဲ့ ရွှေထည်ပစ္စည်းတွေ လုယူသွားတာဖြစ်တယ်လို့သိရပါတယ်။

” ခုမနက်မှသိရတာပေါ့ ၊ ဆိုင်ကယ်နဲ့ရောက်လာတယ်၊ဆီဖြည့်ကြတယ်၊ပြီးတော့ပိုင်ရှင်ကိုသေနတ်နဲ့ထောက်ပြီး အိမ်ဆောက်ပစ္စည်းဆိုင်ထဲခေါ်ပြီးလုသွားတာ။ သေနတ်က
ပစ္စတိုလို့သိရတယ်၊ပိုင်ရှင်အမျိုးသမီးဆီက နားကပ် ၊လက်စွပ် ၊ ဖုန်း ၆ လုံး၊ ငွေက ၃၃၀ ယူသွားတာလို့သိရတယ် ၊သူ့ခြံထဲမှာက ဆီဆိုင်ရောအိမ်ဆောက်ပစ္စည်းဆိုင်ရော ရှိတာ ။သူကကံကောင်းတယ် ညတွင်းချင်းပဲအကုန်ပြန်ရတယ် ” လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ ကျောက်ပန်းတောင်းဒေသခံကပြောပါတယ်။

ဆီဆိုင် ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျောက်ပန်းတောင်းမြို့ထဲနဲ့ ​ြမို့အဝင်အထွက်လမ်းတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးစဥ် ကျောက်ပန်းတောင်း – မြင်းခြံသွားကားလမ်းက စိတ္တိန်းလမ်းခွဲမှာ ဆာလာအိတ်တင်လာတဲ့ ဆိုင်ကယ်တစီးကစစ်ဆေးမခံဘဲ မောင်းပြေးတာကြောင့် လိုက်လံဖမ်းဆီးရာကနေ လုယက်သွားတဲ့ပစ္စည်းတွေကိုပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ကယ်စီးသူအမျိုးသားကတော့ ထွက်ပြေးသွားတာကြောင့်ဖမ်းဆီးရမိခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

#voiceofmyanmar #vom #ကျောက်ပန်းတောင်း

Related posts

Leave a Comment

VOM News

FREE
VIEW