ဆူးငှက် သတင်းဦး သတင်းထူး ———————– အပြင်မထွက်ဖြစ်ဘဲ အိမ်တွင်းအောင်းနေသော ကာလများတွင် ညနေစောင်းရော၊ နံနက်ခင်းရော တဂွီးဂွီး၊ တဂျီးဂျီးနဲ့ အသံကြောင်တွေ ကြားမှာ မီတာ ၆၀ ရေဒီယိုလိုင်းကို နားထောင်ဖြစ်တာ၊ ညရှစ်နာရီ ဆယ့်ငါးမိနစ်မှာ လွှင့်သည့် ဘီဘီစီ သတင်းဌာနရေဒီယိုလိုင်း နားထောင်တာ၊ စိုင်ပြွန်ဝင်းပေါက်ရှေ့ ညကြီး အချိန်မတော် ကားသံကြားတိုင်း အဘ နှင့် အမေက ခေါင်းထောင် ကြည့်ပြီး စိုးရိမ် ကြောင့်ကြခဲ့ကြတာ က ထို ကာလများ၏ အမှတ်တရ နေ့များဖြစ်ခဲ့သည်။ မီတာ ၆၀ ကို နံနက်ရော၊ ညပါ ရေဒီယိုဘေး နားကပ်ပြီး တဂျီးဂျီး အသံကြား စွဲစွဲမြဲမြဲ နားထောင် နေတာကိုလည်း အဘက မျက်စောင်း တထိုးထိုး ဖြစ်ခဲ့သည်။ မီတာ ၆၀ အဖွင့်မှာ “ထလော့ ကမ္ဘာတစ်ဝန်းက…
Read MoreDay: April 18, 2026
သင်္ကြန်လေးရက်အတွင်း လေးယောက်သေဆုံးကာ ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့
ဧပြီ ၁၇ ၊ ၂၀၂၆ GG (VOM) မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် လေးရက်ကာလအတွင်း တိုင်းနဲ့ပြည်နယ်တချို့မှာ သင်္ကြန်ရေပက်ခံထွက်ရင်း ယာဥ်မတော်တဆမှုကြောင့် လူလေးယောက် သေဆုံးခဲ့ပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ် ။ သင်္ကြန်အကြိုနေ့ကနေ သင်္ကြန်အတက်နေ့အတွင်း ရန်ကုန်အပါအဝင် နေပြည်တော် ၊ မြဝတီ ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ပြည်မြို့ ၊ သံဖြူဇရပ်မြို့နယ်တွေမှာ ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း VOM လက်လှမ်းမှီသလောက် စုံစမ်းသိရှိရတာဖြစ် ပါတယ်။ ဖြစ်စဥ်တွေက သင်္ကြန်အကျနေ့က ရန်ကုန် ၊မြောက်ဒဂုံမြို့နယ်မှာ ရေပက်ခံကားတစီးတိမ်းမှောက်ပြီး လူခုနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို သင်္ကြန်အကျနဲ့ အကြတ်နေ့ကလည်း သာကေတမြို့နယ် ၊ ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားနှစ်စီး ယာဥ်မတော်တဆမှု ဖြစ်ပွားကာ သုံးယောက်သေပြီး ငါးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။ ရန်ကုန်…
Read Moreနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ဦးဝင်းမြင့်အား ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ဦးဝင်းမြင့်အား လက်ရှိကျခံနေရသော ပြစ်ဒဏ်များအားလုံးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မိသားစုထံ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ ဦးဝင်းမြင့် အနေဖြင့် အဂတိအမှု(၄)မှုအပြင် ပုဒ်မ ၁၃၀-က တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၉)နှစ်နှင့် (၆)လ ကျခံခဲ့ရသူဖြစ်ပြီး ယခုအခါ ကျန်ရှိနေသော ပြစ်ဒဏ်များကို လျှော့ပေါ့ပေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Read Moreဖားကန့်ဒေသက နေရာတချို့ကို အစိုးရတပ်ပြန်သိမ်းပြီးနောက် KIA က စည်ပင်ရပ်ကွက် နေထိုင်သူတွေကို ပြောင်းရွှေ့ခိုင်းနေ
ဧပြီ ၁၇ ၊ ၂၀၂၆ GG (VOM) ဖားကန့်ဒေသရှိ နေရာတချို့ကို အစိုးရတပ်တွေက ပြန်လည်သိမ်းပိုက်ပြီးနောက် တိုက်ပွဲပိုပြီး ပြင်းထန်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်း နဲ့ အမှိုက်ပုံရွာတို့ကို ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့မှာ အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ အဲဒီအတွက် တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ အခြေအနေတွေကြောင့် လက်ရှိမှာ ဆုတောင်းကုန်းအနီးနားရှိ စည်ပင်ရပ်ကွက်အတွင်း နေထိုင်သူတွေကို ရွှေ့ပြောင်းဖို့ KIA ပူးပေါင်းတပ်ဘက်က အသိပေးပြောဆိုမှုရှိနေတယ်လို့ သိရပါတယ်။ ” စည်ပင်ရပ်ကွက်က လူနေရပ်ကွက်ပါ။ အခုဆုတောင်းကုန်းနဲ့ အမှိုက်ပုံက စစ်တပ်က ပြန်ရသွားပြီဆိုတော့ ပြန်တိုက်မှာမို့လို့ ဒေသခံတွေကို ရွှေ့ခိုင်းတာမျိုးထင်တယ်။ စစ်ရေးပိုပြင်းထန်လာနိုင်တယ်။ ဆုတောင်းကုန်းနဲ့ အမှိုက်ပုံက သင်္ကြန်ရက်က ပြန်ရသွားတာ။ လူတွေရွှေ့ခိုင်းတာက သူတို့ ပြောတာကလွယ်တယ်။ တကယ်ရှောင်ရသူတွေအတွက်က…
Read Moreအကျဥ်းသား လေးထောင်ကျော်လွှတ်တဲ့ထဲက ၃၀၀၀ ကျော် ထောင်အပြင်ရောက်ပြီ
ဧပြီ ၁၇ ၊ ၂၀၂၆ CC (VOM) အစိုးရရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ နှစ်ဆန်းတရက်နေ့ ၊ ဧပြီ ၁၇ ရက်နေ့မှာ အကျဥ်းသူ အကျဥ်းသားတွေကို အကျဥ်းထောင်အသီးသီးကနေ လွှတ်ပေးနေရာမှာ ကနဦးသိရှိချက်အရ အင်းစိန်ထောင်အပါအဝင် ထောင်တချို့ကနေ အကျဥ်းသား ၃၀၀၀ ကျော်လောက် လွတ်ပေးနေ တယ်လို့ သိရပါတယ်။ ဒီကနေ့အတွင်း ကနဦးသိရှိရတဲ့ အကျဥ်းထောင်တွေကနေ အကျဥ်းသူအကျဥ်းသား လွှတ်ပေးမှုအခြေအနေနနဲ့ ပတ်သက်ပြီး VOM ကနေ ရရှိထားတဲ့စာရင်းအရ ရန်ကုန် ၊ အင်းစိန်ထောင်မှာ ထောင်ဒဏ်တသက်ချမှတ်ခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ အပါအဝင် အကျဥ်းသူ အကျဥ်းသား ၁၀၀၀ နီးပါး လွှတ်ပေးလိုက် တယ်လို့ သိရပါတယ် ။ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အကျဥ်းထောင်နဲ့ ကုန်ထုတ်စခန်းတွေကနေလည်း အမျိုးသား ၇၉၆ ယောက် ၊ အမျိုးသမီး ၁၃၂…
Read Moreကသာက သမိုင်းဝင် ရှေးဟောင်းနေအိမ်တွေ အနည်းအကျဥ်းသာ ပျက်စီးမှုရှိ ၊ စစ်ရှောင်ရသူတွေ အိမ်ပြန်ချင်နေ
NNO (VOM) ဧပြီ ၁၇၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း၊ သမိုင်းဝင် ရှေးဟောင်း နေအိမ်တွေ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိခဲ့ဘူးလို့ ကသာဒေသခံတွေက ဆိုပါတယ်။ နီးစပ်ရာ မြို့နဲ့ရွာတွေဆီ စစ်ဘေးရှောင်ရာကနေ မြို့ထဲကို ပြန်ရောက်လာကြတဲ့ ကသာမြို့ခံတွေ အဆိုအရ၊ ကသာမြို့ပေါ်က ရှေးဟောင်း အဆောက်အဦးတွေ၊ ဗုံးဒဏ်ကြောင့် ထိခိုက်တာရှိပေမယ့် အများစုက ကြီးကြီးမားမား ပျက်စီးတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။ ကမ္ဘာကျော်စာရေးဆရာကြီး ဂျော့ချ်အော်ဝဲနေထိုင်ခဲ့တဲ့ သမိုင်းဝင်နေအိမ်၊ သူ့ရဲ့ Burmese Days ဝတ္ထုထဲက ဇာတ်ဝင်ခန်းအိမ်ဖြစ်တဲ့ အရေးပိုင်မင်းရဲ့ နေအိမ် အပါအဝင် အခြားကိုလိုနီခေတ် ရှေးဟောင်းနေအိမ်တွေဟာ ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၂၃ ရက်နေ့က ဂျော့ရှ်အိုဝဲလ် နေထိုင်ခဲ့တဲ့ နေအိမ်ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပေမယ့် အဆိုပါနေအိမ်ကို ထိခိုက်မှု…
Read Moreကြို့ပင်ကောက်မြို့မှာ မိုးရွာ လေပြင်းတိုက်လို့ အိမ်ရာနဲ့ချီ ပျက်စီးခဲ့ ၊ နယ်မြေအခြေအနေအရ သွပ်အိမ်ဆောက်ပစ္စည်း ဝယ်ယူဖို့အခက်ကြုံနေ
ဧပြီ ၁၈ ၊ ၂၀၂၆ CC (VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ ကြို့ပင်ကောက်မြို့နယ်မှာ နှစ်ဆန်းတရက်နေ့ ၊ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေရာနဲ့ချီ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ ညနေ ၃ နာရီကျော်လောက်မှာ လေပြင်းတိုက်ပြီး မိုးရွာသွန်းခဲ့တာဖြစ်ကြောင်း ၊ အဲဒီဖြစ်စဥ်ကြောင့် ကြို့ပင်ကောက်မြို့ပေါ် ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သလို ချောင်းဂွရွာ ၊ မြို့ကိုင်းရွာနဲ့ ကွက်သစ်ရွာတွေဘက်မှာလည်း အိမ်ရာနဲ့ချီပြီး ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။ လူနေအိမ်တွေမှာ အမိုးလန် ပျက်စီးသွားတာ၊ အိမ်တခုလုံးပြိုကျပျက်စီးတာ ၊ အိမ်တခြမ်းပျက်စီးတာတွေ ဖြစ်ပွားခဲ့သလို သစ်ပင်တွေလည်း လဲကျမှုရှိခဲ့တယ်လို့ သိရပါတယ် ။ ” ရွာမှာ အိမ်ခြေ ၈၀ လောက်ရှိတယ်။အဲဒီထဲမှာ ကောင်းတာက ၁၀…
Read More