ထိုင်းအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ တရား၀င်စတင်၊ အတိုက်အခံဖြူထိုင်းပါတီ လူထုထောက်ခံမှု ပိုမိုရရှိနေ

ဘန်ကောက်၊ ဧပြီ-၃-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ဒီနေ့မှာတရား၀င်စတင်နေပြီဖြစ်ပါတယ်။

နိုင်ငံတွင်းမှာ မဲပေးခွင့်ရှိသူ ၅၂ သန်းဟာ လွှတ်တော်အမတ်နေရာ ၅၀၀ အတွက် ဆန္ဒမဲတွေပေးဖို့ ပြင်ဆင်နေကြပါတယ်။

၂၀၁၄ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာဟာ အာဏာရ ပါလန်ပရာချက်ပါတီမှာ သူ့ကိုထောက်ခံမှုကျဆင်းခဲ့ပြီးနောက် ထောက်ခံသူတွေတည်ထောင်ထားတဲ့ ပါတီသစ်ကို ၀င်ရောက်ခဲ့ပါတယ်။

နိုင်ငံရဲ့အကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ ဖြူထိုင်းပါတီဟာ အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ဆက်နွယ်နေပါတယ်။

၀န်ကြီးချုပ်ဟောင်းရဲ့ ဒုတိယသမီးဖြစ်သူ ပေတောင်တမ်ရှင်နာ၀ပ်ထရာဟာ ဖြူထိုင်းပါတီရဲ့အဓိကပါတီ၀င်တဦးလည်းဖြစ်ပါတယ်။

ဖြူထိုင်းပါတီဟာ အခြားသောပြိုင်ဘက်ပါတီတွေထက် လူထုထောက်ခံမှုရှိနေကြောင်း ရွေးကောက်ပွဲစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ပါတီအနေနဲ့ မဲဆန္ဒရှင်တွေရဲ့ထောက်ခံမှုကိုရရှိဖို့ အစွမ်းကုန်ကြိုးစားပြီး ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရဖို့ ရည်မှန်းထားကြောင်း ပေတောင်တမ်ရှင်နာ၀ပ်ထရာက သတင်းထောက်တွေကို ပြောပါတယ်။

Ref:NHK
Photo:AP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW