တရုတ်ကသတိပေးနေပေမယ့် ထိုင်၀မ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌတို့ တွေ့ဆုံဆွေးနွေးမယ်

၀ါရှင်တန်၊ ဧပြီ-၄-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင်မကာသီဟာ ထိုင်၀မ်သမ္မတဆိုင်အင်း၀မ်နဲ့ ယခုသီတင်းပတ်အတွင်း ကယ်လီဖိုးနီးယားမှာ တွေ့ဆုံမှာဖြစ်ကြောင်း အမေရိကန်တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

အောက်လွှတ်တော်ဥက္ကဌ မက်ကာသီနဲ့ အမေရိကန်တာ၀န်ရှိသူတွေဟာ လော့စ်အိန်ဂျလိစ်မြို့ရှိ ရော်နယ်ရေဂင်စာကြည့်တိုက်မှာ ထိုင်၀မ်သမ္မတဆိုင်အင်း၀မ်ကို လက်ခံတွေ့ဆုံမှာလို့ ပြောပါတယ်။

သမ္မတဆိုင်အင်း၀မ်ဟာ ဗဟိုအမေရိကခရီးစဉ်မှအပြန် ဧပြီ ၅ ရက်မှာ အမေရိကန်ကို ၀င်ရောက်မှာဖြစ်ပါတယ်။ အမေရိကန်တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် သူ့ရဲ့ခရီးစဉ်ကြောင့် ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်လို့ တရုတ်နိုင်ငံကသတိပေးထားပါတယ်။

ထိုင်၀မ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟောင်း နန်ဆီပလိုစီ လွန်ခဲ့တဲ့နှစ်ကသွားရောက်ခဲ့ချိန်က တရုတ်စစ်တပ်ဟာ ထိုင်၀မ်ကျွန်း၀န်းကျင်မှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီး တုံ့ပြန်သတိပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံကသူလျှိုဘောလုံးတွေ လွှတ်တင်ခဲ့ပြီးနောက် အမေရိကန်ဟာ သူ့ရဲ့အဆင့်မြင့်နည်းပညာတွေကို တရုတ်နည်းပညာကုမ္ပဏီတွေက ရယူသုံးစွဲခွင့်ကို ကန့်သတ်မှုတွေပြုလုပ်နေပြီး အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာနေပါတယ်။

Ref:BBC
Photo:Reuters

#voiceofmyanmar #VOM #တရုတ်သတိပေးပေမယ့်ထိုင်ဝမ်သမ္မတနဲ့အမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌတွေ့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW