ဖျာပုံမြို့လယ်က ဂဠုန်မင်း ရွှေဆိုင် ဓားပြတိုက်ခံရ ပြီး လုယက်သူအချို့ကို ဖမ်းမိထား

မေ ၊ ၂၂ ၊ ၂၀၂၃

SP (VOM)

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ ပထမလမ်းမှာရှိတဲ့ ဂဠုန်မင်း ရွှေဆိုင်ဟာ မနေ့ မေ ၂၁ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်က သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်ခံရတယ်လို့ ဖျာပုံမြို့ခံတွေဆီက သိရပါတယ်။

” လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ရောက်လာပြီး ၊ သေနတ် ၂ ချက် ပစ်ဖောက်ကာ ရွှေဆိုင်ကို ဓားပြတိုက်သွားတာဖြစ်တယ် ၊ ရွှေပုံး ၁ ပုံး ပါသွားတယ် ၊ ဓားပြတွေ ဆိုင်ကအထွက်မှာ အရပ်က ဝိုင်းဖမ်းလို့ သေနတ်အတုနဲ့ လူ ၂ ယောက်မိတယ် “လို့ မျက်မြင်တွေ့လိုက်ရသူ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဖျာပုံခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” ဒေါ်အေးအေးသက် ရဲ့ ရွှေဆိုင်ကို ဓားပြလာတိုက်တာက လူ ၄ ယောက် ၊ ဆိုင်ကယ် ၂ စီးနဲ့ဖြစ်တယ် ၊ အခင်းဖြစ်နေရာမှာ ဓားပြ ၂ ယောက် ၊ ဆိုင်ကယ် ၁ စီးကို အရင်ဆုံး ဖမ်းမိတယ် ၊ ဖမ်းမိတဲ့ ၂ ယောက်က သေနတ်အတုတွေ ကိုင်ဆောင်ထားတယ် သူတို့က (ဒေါ်ညိမ်းကျေးရွာ)က ဖြစ်တယ် ၊ ကျန် လူ ၂ ယောက်နဲ့ ဆိုင်ကယ် ၁ စီးက ရွှေထည်ပစ္စည်းမျိုစုံ ၆၈ ကျပ်သားပါတဲ့ ရွှေပုံးနဲ့အတူ ထွက်ပြေးသွားတယ်၊ မနေ့ကည ၉ နာရီဝန်းကျင်မှာ ဓားပြတိုက်မှုနဲ့ ဆက်စပ်သူ လူ ၈ ယောက်ကို ဖမ်းဆီးရမိပြီး စစ်ဆေးနေတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ဖျာပုံမြို့မှာ ပြီးခဲ့တဲ့ မေ ၂၀ရက်က လူသတ်ပြီး ပစ္စည်းလုယက်၊ အလောင်းဖျောက်ဖျက်ခဲ့သူ ၂ဦးကို ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #ဖျာပုံ

Related posts

Leave a Comment

VOM News

FREE
VIEW