စာရေးဆရာဝေဟင်အောင် ဖမ်းဆီးခံရ

မေ ၂၃ – ၂၀၂၃ SN (VOM) ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီနေတဲ့ စာရေးဆရာဝေဟင်အောင်ဟာ ဒီကနေ့ မေလ ၂၃ ရက်၊ မွန်းလွဲပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒီကနေ့ မွန်းလွဲ ၃ နာရီကျော်အချိန်ခန့်က စာရေးဆရာ ဝေဟင်အောင်နဲ့အဖွဲ့ဟာ သောက်သုံးရေတွေလှူဖို့ စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားရွာချောင်းကျေးရွာကိုအသွား လမ်းမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “မုန်တိုင်းသင့် ပြည်သူတွေဆီကို ရေလှူဖို့သွားရင်း ဖြစ်တာ။ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာနား အရောက်မှာ အဖမ်းခံလိုက်ရတာ။ ဆရာနဲ့အတူ သူ့သမီးလည်း အဖမ်းခံလိုက်ရတယ်လို့ ကြားတယ်။ နောက်ထပ် ၃ ယောက်လည်း ပါသေးတယ်။ စုစုပေါင်း ၅ ယောက် အဖမ်းခံလိုက်ရတာပေါ့”လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ သူတို့အဖွဲ့ ဖမ်းဆီးခံရတဲ့ အကြောင်းပြချက်ကို တိတိကျကျမသိရသေးသလို…

Read More

စစ်တွေမှာ ပျောက်ဆုံးနေတဲ့ကလေးငယ်(၁)ဦးကို ရေနစ်သေဆုံးလျက်‌ ပြန်တွေ့

မေ၊၂၃-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဒရားချိတ်ရပ်ကွက်မှာ ပျောက်ဆုံး‌နေတဲ့ ကလေးငယ်တစ်ဦးကို မနေ့ မေ ၂၂ရက် ညနေပိုင်းက ရေနစ်သေဆုံးလျက်‌ ပြန်လည်တွေ့ရှိခဲ့တယ်လို့လူမှု ကူညီရေးအသင်းတွေ ဆီကနေသိရပါတယ်။ ”၂၂ ရက်ကတည်း ကလေးက ပျောက်နေတာ၊ မိသားစုဝင်တွေက လိုက်ရှာခဲ့တော့ မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ ရပ်ကွက်ရှိ ရေကန်အတွင်းမှာ သေဆုံးနေတဲ့ အလောင်းကို တွေ့ရှိခဲ့တယ်၊ ပြုတ်ကျတာလား၊ ဘယ်လို ဖြစ်တာလည်းဆိုတာ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတယ်။”လို့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ အဲ့ဒီဖြစ်စဉ်ကြောင့် ရေနစ်သေဆုံးသူကလေးငယ်မှာ မင်းဒရားချိတ်ရပ်ကွက်မှာ နေထိုင်တဲ့ ၇ နှစ်အရွယ်ရှိပြီး ရုပ်အလောင်းကို မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးအသင်းက စစ်တွေဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကလည်း ရေနစ်တဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိခဲ့ပြီး အဲ့ဒီအထဲမှာ ကလေးငယ် ၈…

Read More

ယူကရိန်း ဘက်မွတ်ခ်မြို့ကို ဇွန်(၁) ရက်နောက်ဆုံးထားပြီး ရုရှားစစ်တပ်ကို လွှဲပြောင်းပေးမယ်လို့ ၀က်ဂနာ ကြေးစားအဖွဲ့ပြော

မော်စကို၊ မေ-၂၃-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ ဘက်မွတ်ခ်မြို့ကို ရုရှားစစ်တပ်ထံ ဇွန် ၁ ရက်နေ့နောက်ဆုံးထားပြီး လွှဲပြောင်းမှာဖြစ်ကြောင်း ရုရှားကြေးစားစစ်သားအဖွဲ့ ၀က်ဂနာအကြီးအကဲက ကတိပြုပြောဆိုလိုက်ပါတယ်။ ဘတ်မွတ်ခ်မြို့ကို ပြီးခဲ့တဲ့စနေနေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ၀က်ဂနာကြေးစစ်သားအဖွဲ့ တည်ထောင်သူ ယက်ဂျန်နီကရီဂိုဟင်က ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း ယူကရိန်းစစ်သားတွေဟာ မြို့ရဲ့ အစိတ်အပိုင်အချို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း ယူကရိန်းက အခိုင်အမာဆိုပါတယ်။ ယူကရိန်းတပ်တွေဟာ မြို့ရဲ့ဆင်ခြေဖုံးတွေမှာ ဆက်လက်ချီတက်တိုက်ခိုက်နေဆဲလို့ သူကပြောပါတယ်။ ဒါပေမယ့်လည်း ၀က်ဂနာအဖွဲ့အကြီးအကဲကတော့ ဘက်မွတ်ခ်မြို့ကို လာမယ့် ကြာသပတေးနေ့ကစပြီး ရုရှားစစ်တပ်ကို လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။ ၀က်ဂနာအဖွဲ့အနေနဲ့ ဘက်မွတ်ခ်မြို့ကနေ မေ ၂၅ ရက်နဲ့ ဇွန် ၁ ရက်အကြားမှာ ထွက်ခွာမယ်လို့ ဆိုပါတယ်။ ဒီလိုအပြောင်းအရွှေ့မတိုင်မီမြို့အနောက်ဘက်မှာ ခံစစ်စည်းတွေ ထူထောင်ခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းလက်ထောက်ကာကွယ်ရေး၀န်ကြီး ဟန်နာမာလီယာကတော့ ဘက်မွတ်ခ်မြို့မှာ ယူကရိန်းတပ်တွေရဲ့ ခြေကုပ်အနည်းငယ်ကျန်ရှိနေသေးပြီး မြို့စွန်ဘက်ကို ချီတက်နေကြကာ ရန်သူတွေရဲ့…

Read More

ရခိုင်မှာ မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်းပေါင်း ၂၀၀၀ ကျော်ပျက်စီးခဲ့ပြီး ကျောင်းတွေပြန်ဖွင့်ဖို့ပြင်ဆင်နေ

မေ၊၂၃- ၂၀၂၃ MM(VOM) `မိုခါ´ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုဖြစ်ပွား ခဲ့တဲ့ ရခိုင်ပြည်နယ်မှာအခြေခံပညာ စာသင်ကျောင်းပေါင်း ထောင်နဲ့ချီပျက်စီးခဲ့တာရှိခဲ့ပြီး ဒါပေမယ့် ကျောင်းတွေကိုတော့ ဖွင့်လှစ်ဖို့ပြင်ဆင်နေတယ်လို့ သက်ဆိုင်ရာက တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ဘင်္ဂလား ပင်လယ်အော်မှာ စတင်ဖြစ်ပွားပြီး ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀၀၀ ကျော် ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ ”အခြေခံပညာကျောင်း ၂၀၆၇ ကျောင်းအထိ ပျက်စီးခဲ့တယ်၊ ကျောင်းတွေပျက်စီးခဲ့ပေမယ့်လည်း ကျောင်းကဖွင့်မှာပါ၊ မဖြစ်မနေ ကျောင်းဖွင့်ရမယ်ဆိုတဲ့ မူ သတ်မှတ်ထားတာရှိပါတယ်၊ ပျက်စီးကျောင်းတွေကို အမြန်ဆုံးပြန်လည်ပြုပြင်နေပါတယ်၊ ကျောင်းမဖွင့်ချိန်အမီ ပြီးဖို့သက်ဆိုင် ရာဌာနအဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်နေတယ် ၊ ကလေးတွေရဲ့ ပညာရေးအခွင့် အလမ်းတွေ မဆုံးရှုံးစေဖို့ ပူးပေါင်းလုပ်ဆောင်နေတယ်။”လို့ ရခိုင်ပြည်နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ မေလ ၂၃ ရက်ကစတင်ကာ စတင်ကျောင်းအပ်လက်ခံနေပြီး ကျောင်းဖွင့်ကာလကိုတော့…

Read More

ထိုင်းနိုင်ငံMove Forward Partyခေါင်းဆောင်Pita Limjaroenrat က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အရေးကိုဝင်ရောက်ရန် ကြိုးပမ်းမယ်

မေ ၂၃ -၂၀၂၃ Voice Of Myanmar (VOM) Burma Act ကို အကောင်အထည် ဖော်လာမှုဟာ ြမန်မာ ထိုင်း နယ်စပ်အရေးသည် နှစ်နိုင်ငံစလုံး အတွက် နယ်စပ်ရေးရာ အခက်အခဲများနှင့် ဒုက္ခသည်အရေး ပိုမို တိုးမြှင့်လာဖွယ်ရာရှိပြီး ဘူးလေးရာ ဖရုံဆင့် စေလာနိုင်ပါတယ်။ စကာတင် ဝန် ကြီးချုပ်နေရာကို ဘယ်ပါတီက ရယူနိုင်မှာပါလဲ ။အနိုင်ရပါတီနှင့် အာဏာရပါတီ ထပ်တူ ကျ မကျ ဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ Move Forward Party ခေါင်းဆောင် Pita Limjaroenrat ပီတ လင်မ် ဂျရိုရတ် က မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာနဲ့ ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်သလို အမေရိကန်နဲ့လက်တွဲပြီး အမေရိကန်ကထုတ်ပြန်တဲ့ Burma Act ကို အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။…

Read More

ညွှန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး ထိုင်းအတိုက်အခံပါတီရှစ်ခု သဘောတူလက်မှတ်ရေးထိုး

ဘန်ကောက်၊ မေ-၂၃-၂၀၂၃ မျိုးဆက်(VOM) ထိုင်းအတိုက်အခံပါတီရှစ်ခုဟာ ညွှန့်ပေါင်းအစိုးရဖွဲ့ရေး မျှော်လင့်ချက်နဲ့အတူ ပူးတွဲသဘောတူညီချက်တရပ် ကို မေ ၂၂ ရက်မှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီက မဟာမိတ်အဖွဲ့ကို ဦးဆောင်နေပြီး ပါတီဟာ အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ကို လွှမ်းမိုးနိုင်လောက်တဲ့ထိ အမတ်နေရာ မရရှိခဲ့ပါဘူး။ အတိုက်အခံပါတီရှစ်ခု မေ ၂၂ ရက်မှာ လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စစ်မှုထမ်းခြင်းကို ဖျက်သိမ်းဖို့ ပါ၀င်ပါတယ်။ ဒါပေမယ့်လည်း သဘောတူညီချက်တွေထဲမှာ ဘုရင်စနစ်ကိုစော်ကားခြင်းကိုတားမြစ်ထားတဲ့ ဥပဒေကို ပြန်လည်ပြင်ဆင်ရေးမပါ၀င်ပါဘူး။ ဒါဟာ ရှေ့သို့ပါပါတီရဲ့ ရွေးကောက်ပွဲ ကတိက၀တ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ဆက်နွယ်နေတဲ့ ဖြူထိုင်းပါတီဟာလည်း အတိုက်အခံမဟာမိတ်အဖွဲ့မှာ ပါ၀င်နေပြီး ရွေးကောက်ပွဲမှာ ဒုတိယအများအဆုံးအနိုင်ရရှိခဲ့ပါတယ်။ ပါတီရှစ်ခု မဟာမိတ်ဖွဲ့ထားကြပေမယ့်လည်း ၀န်ကြီးချုပ် ရွေးချယ်ခန့်အပ်နိုင်လောက်တဲ့ထိ အမတ်နေရာအများစု မရရှိသေးကြောင်း သိရပါတယ်။ Ref: BBC Photo:AP…

Read More

ဝန်းသိုမြို့နယ်မှာ မီးရှို့သတ်ခံထားရတဲ့ အလောင်း ၃ လောင်းတွေ့

မေ ၂၃ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဂျိုးတောင်ရွာဘက်အထွက် ကားလမ်းမကြီးဘေး ဒေသခေါ် ချမ်းမြေ့သီတာ လမ်းခွဲနေရာမှာ မနေ့ မေ ၂၂ ရက် ညနေပိုင်းက လူ ၃ ဦး မီးရှို့သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ကြိုးတုပ်ပြီး မီးရှို့သတ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ရတာဖြစ်တယ် ၊ ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ထားတာ “လို့ ဒေသခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ ဝန်းသိုမြို့နယ် ရှမ်းနီတိုင်းရင်သားရေးရာ ၊ ရိုးရာယဥ်ကျေးမှုအဖွဲ့ဝင် တာဝန်ရှိသူတစ်ယောက်က ” မီးရှို့သတ်ခံရတဲ့ လူငယ် ၃ ဦးစလုံးက ရှမ်းနီတိုင်းရင်းသားတွေ ဖြစ်တယ်၊ သူတို့ ဘာကြောင့်…

Read More

မုံရွာမြို့က ငွေဇာလှိုင်း စတိုးဆိုင်မှာ လုယက်မှုဖြစ်ပွား

မေ ၊ ၂၃ ၊ ၂၀၂၃ SP (VOM) စစ်က်ုင်းတိုင်း ၊ မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ပွဲစားတန်းလမ်း ( အရင် ကန်တော်ကြီး အင်း အရှေ့ဘက်ကမ်း) မှာရှိတဲ့ ငွေဇာလှိုင်း စတိုးဆိုင်ဟာ မနေ့ မေ ၂၂ ရက်နေ့လယ်ပိုင်းက လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဘုရားကြီး ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ” ဘုရားကြီးရပ်ကွက် ၊ ပွဲစားတန်းလမ်းက ငွေဇာလှိုင်း စတိုးဆိုင် လုခံရတာပါ ၊ စတိုးဆိုင်ပိုင်ရှင် ဒေါ်အေးခိုင် နဲ့အတူ ဆိုင်ဝန်ထမ်း မိန်းကလေး ၊ လေးငါးယောက် ဆိုင်ထဲမှာ ရှိနေတဲ့အချိန် ၊ ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက်ရောက်လာတယ်…

Read More

ရန်ကုန်နဲ့ ပဲခူးအနောက်ခြမ်းမှာ အုပ်ချုပ်ရေးအဖွဲ့ ဝင်တွေ ပစ်ခတ်ခံရပြီး ၃ ယောက်သေ၊ ၃ ယောက်ထက်မနည်းဒဏ်ရာရ

မေ ၂၂ – ၂၀၂၃ GG(VOM) ရန်ကုန် နဲ့ ပဲခူးတိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရာအိမ်မှူး ၂ ယောက်နဲ့ အမျိုးသမီးတစ်ယောက် သေဆုံးကာ နောက်ထပ် ၃ယောက်မှာလည်း ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ ပဲခူးတိုင်း အနောက်ခြမ်းက ၊ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာက ရာအိမ်မှူးဖြစ်သူ ဦးသန်းနိုင်(ခ)နိုင်ကြီးဆိုသူကို ဒီနေ့ မေလ ၂၂ ရက်နေ့မှာ အမည်မသိအမျိုးသား ၃ ယောက်က သေနတ်နဲ့လာရောက်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မနေ့ မေလ ၂၁ ရက်နေ့ ညပိုင်းက ၊ သာယာဝတီမြို့နယ် ၊ သုံးဆယ်​မြို့၊ ရွာသစ်ကုန်းကျေးရွာမှာလည်း ရာအိမ်မှူးဖြစ်သူ ဦးသန်းထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စိန်ရီမြင့် တို့ကို အမည်မသိအမျိုးသားတစ်စုက နေအိမ်အထိ သေနတ်နဲ့လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “ရာအိမ်မှူးမှာ သေနတ် ၄ ချက်မှန်တယ်၊ သူ့မိန်းမလည်း သေနတ် ၄…

Read More

ဆူဒန်စစ်တပ်ရဲ့ အဓိကလေတပ်အခြေစိုက်စခန်းကို ပြည်သူ့စစ်တွေ ချီတက်တိုက်ခိုက်နေ

ခါတွမ်၊ မေ-၂၂-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်အနီးမှာရှိတဲ စစ်တပ်ရဲ့ အဓိကလေတပ်အခြေစိုက်စခန်းကို ပြည်သူ့စစ်တွေက ချီတက်တိုက်ခိုက်နေကြောင်း ဒေသခံတွေကပြောပါတယ်။ အဲဒီလေတပ်စခန်းဟာ ပြည်သူ့စစ်တွေကို လေကြောင်းကနေတိုက်ခိုက်ဖို့ ဆူဒန်စစ်တပ်က အသုံးပြုခဲ့ပြီး ပြည်ပနိုင်ငံသားတွေကို သူ့အစိုးရတွေက ကယ်ထုတ်ရေးအစီအစဉ်မှာလည်း အသုံးပြုခဲ့တဲ့ နေရာဖြစ်ပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တို့အကြား မကြာသေးမီက ခုနှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာထားသော်လည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ ယခင်အပစ်အခတ်ရပ်စဲရေးတွေလည်း အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံးရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ မေ ၂၂ ရက်ညမှာ စတင်သက်၀င်မှာ နှစ်ဘက်အကြား ပဋိပက္ခတွေကို အဆုံးသတ်ရေးအတွက် လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ဆော်ဒီအာရေဗျမှာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာစောင့်ကြည့်သူတွေ ဖြန့်ကြက်ထားမှသာ အပစ်အခတ်ရပ်စဲရေး အောင်မြင်နိုင်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ Ref: BBC #VOM #voiceofmyanmar #ခါတွမ်

Read More
VOM News

FREE
VIEW