ဆူဒန်စစ်တပ်ရဲ့ အဓိကလေတပ်အခြေစိုက်စခန်းကို ပြည်သူ့စစ်တွေ ချီတက်တိုက်ခိုက်နေ

ခါတွမ်၊ မေ-၂၂-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်အနီးမှာရှိတဲ စစ်တပ်ရဲ့ အဓိကလေတပ်အခြေစိုက်စခန်းကို ပြည်သူ့စစ်တွေက ချီတက်တိုက်ခိုက်နေကြောင်း ဒေသခံတွေကပြောပါတယ်။

အဲဒီလေတပ်စခန်းဟာ ပြည်သူ့စစ်တွေကို လေကြောင်းကနေတိုက်ခိုက်ဖို့ ဆူဒန်စစ်တပ်က အသုံးပြုခဲ့ပြီး ပြည်ပနိုင်ငံသားတွေကို သူ့အစိုးရတွေက ကယ်ထုတ်ရေးအစီအစဉ်မှာလည်း အသုံးပြုခဲ့တဲ့ နေရာဖြစ်ပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်တို့အကြား မကြာသေးမီက ခုနှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာထားသော်လည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ ယခင်အပစ်အခတ်ရပ်စဲရေးတွေလည်း အောင်မြင်ခဲ့ခြင်းမရှိပါဘူး။

နောက်ဆုံးရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ မေ ၂၂ ရက်ညမှာ စတင်သက်၀င်မှာ နှစ်ဘက်အကြား ပဋိပက္ခတွေကို အဆုံးသတ်ရေးအတွက် လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ဆော်ဒီအာရေဗျမှာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာစောင့်ကြည့်သူတွေ ဖြန့်ကြက်ထားမှသာ အပစ်အခတ်ရပ်စဲရေး အောင်မြင်နိုင်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

Ref: BBC
#VOM #voiceofmyanmar #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW