မေ ၁၃ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊ သာကေတမြို့နယ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၄ဝဝဝ ဝန်းကျင် တန်းဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားမှု ဒီနေ့မေလ ၁၃ ရက် မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဓားပြတိုက်ခံခဲ့ရတဲ့ ရွှေဆိုင်က သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ဧရာဝဏ်လမ်းပေါ်၊ ၁၀ စျေးရှေ့မှာ ဖွင့်ထားတဲ့ “ကြယ်စင်လင်းရတနာရွှေဆိုင် ” ဖြစ်ကြောင်း ၊ ဓားပြတိုက်သူတွေဟာ ရွှေဆိုင်ကို သေနတ်နဲ့ ခြိမ်းခြောက်ကာ လုယက်သွားတာဖြစ်တယ်လို့်သိရပါတယ်။ ” အခုမနက် ၁၀ နာရီကျော်လောက်က ဖြစ်တာ၊ သူတို့ဆိုင် ဖွင့်ပြီး မကြာဘူး ဓားပြတိုက်ခံရတာ ။ ပရိုဘောက်စ်ကားနဲ့ရောက်လာပြီး ဓားပြတိုက်သွားတာ။ လူက၄ယောက်၊ မက်ခ်တွေတပ်ထားတယ်။ဓားပြတိုက်ပြီး ဆိုင်ဘက်က သတင်းကြားရတာတော့ သိန်း ၄၀၀၀ ဖိုးလောက်ပစ္စည်းတွေပါသွားတယ်ပေါ့။ ” လို့…
Read MoreMonth: May 2023
သာကေတမြို့နယ်က ကြယ်စင်လင်းရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်းထောင်နဲ့ချီတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွား
မေ ၁၃ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊ သာကေတမြို့နယ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၄ဝဝဝ ဝန်းကျင် တန်းဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားမှု ဒီနေ့မေလ ၁၃ ရက် မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဓားပြတိုက်ခံခဲ့ရတဲ့ ရွှေဆိုင်က သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ဧရာဝဏ်လမ်းပေါ်၊ ၁၀ စျေးရှေ့မှာ ဖွင့်ထားတဲ့ “ကြယ်စင်လင်းရတနာရွှေဆိုင် ” ဖြစ်ကြောင်း ၊ ဓားပြတိုက်သူတွေဟာ ရွှေဆိုင်ကို သေနတ်နဲ့ ခြိမ်းခြောက်ကာ လုယက်သွားတာဖြစ်တယ်လို့်သိရပါတယ်။ ” အခုမနက် ၁၀ နာရီကျော်လောက်က ဖြစ်တာ၊ သူတို့ဆိုင် ဖွင့်ပြီး မကြာဘူး ဓားပြတိုက်ခံရတာ ။ ပရိုဘောက်စ်ကားနဲ့ရောက်လာပြီး ဓားပြတိုက်သွားတာ။ လူက၄ယောက်၊ မက်ခ်တွေတပ်ထားတယ်။ဓားပြတိုက်ပြီး ဆိုင်ဘက်က သတင်းကြားရတာတော့ သိန်း ၄၀၀၀ ဖိုးလောက်ပစ္စည်းတွေပါသွားတယ်ပေါ့။ ” လို့…
Read Moreရခိုင်က မုန်တိုင်းရှောင်ပြည်သူတွေအတွက် ဆန်နဲ့ သက်ကယ်အင်္ကျီတွေ အရေးပေါ်လိုအပ်နေ
မေ ၁၃ – ၂၀၂၃ SN (VOM) ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ မြို့နယ်လေးခုမှ မုန်တိုင်းရှောင်ပြည်သူတွေအတွက် အရေးပေါ် ဆန်နဲ့ သက်ကယ်အင်္ကျီတွေ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်ခုနစ်ခုကို မိုခါ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်ခြေ မြင့်မားတဲ့ အနီရောင်အဆင့်ဒေသတွေအဖြစ် မေ ၁၂ ရက်၊ မနေ့က ညနေပိုင်းမှာ သတ်မှတ်ကြေညာလိုက်သလို ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ဆက်လက်ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။ အနီရောင်အဆင့် သတ်မှတ်လိုက်တဲ့ မြို့နယ်တွေကတော့ ဘင်္ဂလားပင်လယ်ကမ်းစပ်မှာ တည်ရှိတဲ့ စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ ဖြစ်ကြပါတယ်။ မုန်တိုင်းအခြေအနေကြောင့် လက်ရှိ အနီရောင်အဆင့် သတ်မှတ်ခံထားရတဲ့ မြို့နယ်တွေအပြင် ပြည်နယ်တဝှမ်းက ဒေသခံတွေဟာ ဘေးလွှတ်ရာလို့ ယူဆကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေဆီ မုန်တိုင်းရှောင်နေကြတယ်လို့ သိရပါတယ်။…
Read Moreစစ်တွေမြို့ ပွိုင့်ကမ်းခြေရှိ သဲသောင်ပြင်မှာ ချိုင့်ခွက်တွေ ဖြစ်ပေါ်နေ
မေ ၁၂ – ၂၀၂၃ SN (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေရှိ သဲသောင်ပြင်မှာ ချိုင့်ခွက်တွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေလ ၁၁ ရက်နေ့၊ မနေ့ကစပြီးတော့ စစ်တွေမြို့ ပွိုင့်ကမ်းခြေက သဲသောင်ပြင်မှာ ချိုင့်ခွက်တွေ ဖြစ်ပေါ်နေတာဖြစ်ပြီး စစ်တွေကမ်းခြေနဲ့ စစ်တွေဟိုတယ်တွေ အကြားက သဲသောင်ပြင်တွေ နှစ်လက်မခန့် နိမ့်ဆင်းလာတယ်လို့ သိရပါတယ်။ “ရေတွေဆုတ်သွားလို့ ချိုင့်ခွက်တွေ ပေါ်လာတာလို့ ပြောနေကြတယ်။ အင်အားပြင်းမုန်တိုင်း မလာခင်ဖြစ်တတ်တဲ့ လက္ခဏာတွေလို့လည်း ပြောကြတယ်။ အရင် နာဂစ်မလာခင်တုန်းကလည်း ဒီလိုတစ်ခါဖြစ်ဖူးတယ်။ အဲ့ဒီတုန်းကလည်း အခုလို ပုံမှန်မဟုတ်တဲ့ လဏ္ခာတွေ ပြတယ်။ ဒါပေမယ့် အဲ့ဒီတုန်းကတော့ ဘယ်သူမှ သတိမထားမိကြ၊ အတွေ့အကြုံလည်း မရှိကြသေးဘူးလေ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကမ်းခြေမှာ ရေပြင်နောက်ဆုတ်ပြီး သဲတွေပေါ်လာတာကို Storm Surge…
Read Moreမန္တလေးမြို့မှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပြီး တရားခံကို ဖမ်းဆီးရမိ
မေ ၁၂-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်မှာ ဒီကနေ့ နေ့လယ် ၁နာရီကျော်အချိန်က ၃လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ” အခင်းဖြစ်နေရာမှာ သေတာက တစ်ယောက် ၊ ဆေးရုံရောက်မှ သေတာက ၂ယောက်ပါ၊ သေတဲ့သူတွေက အခင်းဖြစ်တဲ့ လိုင်းခန်းမှာ အိမ်ငှားနေသူတွေပါ၊ ဘာကြောင့်ဖြစ်လဲဆိုတာတော့ စုံစမ်းနေဆဲပါ၊ တရားခံလည်း မိပါပြီ”လို့ ရဲနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ သေဆုံးသွားသူတွေဟာ နံ့သာရပ်ကွက်ထဲက နေအိမ် လိုင်းခန်းမှာ ငှားရမ်းနေထိုင်သူတွေဖြစ်ပြီး အသက် (၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကတော့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အသက် (၄၂)နှစ်အရွယ် အမျိုးသားကတော့ ဆေးရုံမှာသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ လူသတ်မှုဖြစ်ပွားအပြီး ရဲတပ်ဖွဲ့က ကျူးလွန်သွားသူကို လိုက်လံဖမ်းဆီးခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊တမ္ပဝတီရပ်ကွက်က ဆေးခန်းတစ်ခုမှာ ဆေးကုနေရင်း သက်သေခံ ဓားနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း…
Read Moreပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ချက်ချင်းလွှတ်ဖို့ တရားရုံးချုပ်အမိန့်ထုတ်
အစ္စလာမ္မာဘတ်၊ မေ-၁၂-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်မှာ အကျင့်ပျက်ချစားမှုစွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ဖမ်းဆီးခြင်းဟာ တရားမ၀င်ကြောင်း တရားရုံးချုပ်က မေ ၁၁ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ အခုလိုဆုံးဖြတ်ပြီးနောက်မှာ မစ္စတာခန်းကို ချက်ချင်းလွှတ်ပေးဖို့ တရားရုံးက အမိန့်ပေးလိုက်ပါတယ်။ မေ ၉ ရက်မှာ အစ္စလာမ္မဘတ်ရှိ တရားရုံးမှာ ၀န်ကြီးချုပ်ဟောင်ကို ဖမ်းဆီးမှုဟာ ဥပဒေနှင့် မညီကြောင်း ရှေ့နေများက စောဒကတက်ခဲ့ပါတယ်။ သူဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲများအတွင်း လူ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၀၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ၀န်ကြီးချုပ်ဟောင်းနဲ့စစ်တပ်အကြား တင်းမာမှုတွေ တိုးပွားနေပါတယ်။ ၀န်ကြီးချုပ်ဟောင်းအပေါ် စွဲဆိုထားတဲ့အမှုတွေဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုသာဖြစ်ကြောင်း အိုင်မရာခန်းရဲ့ပီတီအိုင်ပါတီက ဝေဖန်ပြောဆိုထားပါတယ်။ အိုင်မရာခန်းဟာ ပါလီမန်မှာ အယုံအကြည်မရှိအဆိုတင်သွင်းခံရပြီးနောက် လွန်ခဲ့တဲ့နှစ်ဧပြီလမှာ ရာထူးမှနှုတ်ထွက်ခဲ့ပြီး အဲဒီအချိန်ကစပြီး လက်ရှိ၀န်ကြီးချုပ် ရှာရစ်ဖ်နဲ့ သဘောထားကွဲလွဲနေခဲ့ပါတယ်။ မစ္စတာခန်းက ပါလီမန်ကို စောလျှင်စွာဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပဖို့…
Read Moreမုန်တိုင်း`မိုခါ´ရှောင်တိမ်းဖို့အတွက် ဧရာဝတီတိုင်းက ရေယာဉ်တွေအားလုံး ပြေးဆွဲမှုရပ်နား
မေ၊၁၂-၂၀၂၃ MM(VOM) ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကာင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းကို ရှောင်တိမ်းဖို့အတွက်ဆိုကာ ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်တွေအားလုံးကို ပြေးဆွဲမှုရပ်နားထားကြတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့ကိုအခြေပြုကာ ပင်လယ်ပြင်ကနေ ကမ်းနီးကမ်းဝေး ပြေးဆွဲနေတဲ့ ရေယာဉ်တွေအားလုံးအနေနဲ့ မေလ ၁၀ ရက်ကနေ ၁၅ ရက်အထိယာယီရပ်နားထားဖို့ သက်ဆိုင်ရာက ရေယာဉ်တွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ”ဟုတ်ပါတယ်၊ သက်ဆိုင်ရာက အကြောင်းကြားထားတာပါ၊ ဧရာဝတီတိုင်းက မုန်တိုင်းသက်ရောက်မှုရှိနိုင်တဲ့ နေရာဒေသတွေကရေယာဉ်တွေကို အကုန်ရပ်နားထားတာပါ၊ ပင်လယ်ခရီးထွက်သွားလာခွင့် ပိတ်ပင်ထားတဲ့အပြင် ရေယာဉ်တွေကို ကူညီကယ်ဆယ်လုပ်ငန်းတွေမှာ ဆောင်ရွက်နိုင်ဖို့ပါ အသင့်စီစဉ်ထားခိုင်းတယ်၊ရေယာဉ်တွေကို လုံခြုံတဲ့ ချောင်းတွေ မြောင်းတွေထဲထည့်ပြီး ထားရမယ်လို့အကြောင်းကြားထားတယ်၊လတ်တလောအနေနဲ့တော့ ၁၅ ရက်အထိ ရပ်ထားရမယ်တဲ့”လို့ဧရာဝတီတိုင်း ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ တာဝန်ရှိတစ်ဦးက ပြောပါတယ်။ ရေယာဉ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ စည်းကမ်းလိုက်နာမှုမရှိဘဲ ပင်လယ်ပြင်ကို ခရီးထွက်ပြေး ဆွဲသွားလာမယ်ဆိုရင် ရေယာဉ်စည်း ကမ်းထိန်းသိမ်းရေး ဥပဒေအရ…
Read MoreYBSတွေကို လျှပ်စစ်ကားတွေနဲ့ ပြောင်းလဲပြေးဆွဲဖို့ လုပ်နေ
မေ ၁၂ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBSယာဉ်တွေကို လျှပ်စစ်ကား (EV Bus)တွေနဲ့ ပြောင်းလဲပြေးဆွဲနိုင်ဖို့ အခု မေလထဲ ကနဦးစီမံချက် (Pilot Project) အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။ မော်ဒယ်လ်နိမ့် EV Bus တွေ အစားထိုးပြေးဆွဲဖို့အတွက် Pilot Project အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး လိုင်းစနစ်တကျနဲ့ ပြေးဆွဲနိုင်ဖို့ မကြာခင်မှာ စစ်တမ်း (Survey) ကောက်ယူသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ “ဒါနဲ့ပတ်သက်လို့ Pilot Project တွေလုပ်မယ်။ Survey တွေလုပ်မယ်။ စနစ်တကျ Survey တွေလုပ်ပြီးမှ တဆင့်ချင်း သွားဖို့ရှိတယ်။ အဓိကကတော့ စက်သုံးဆီသုံးစွဲမှုတွေ လျှော့ချနိုင်ဖို့ရယ်၊ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လေထုညစ်ညမ်းမှု မရှိအောင် ဆောင်ရွက်ဖို့ရယ်၊…
Read Moreချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာမှာ အိမ်ခြေ ၂ ရာနီးပါး မီးလောင်
မေ ၊ ၁၂-၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ မုံရွာ – မန္တလေး ကားလမ်းဘေးမှာရှိတဲ့ ငါးယှန်ကျေးရွာမှာ မနေ့ မေ ၁၁ ရက် ည ၉ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။ ” မီးက ရှို့မီး အမျိုးအစားဖြစ်တယ် ၊ မီးလောင်နေတဲ့အချိန် လေတိုက်တာတွေဖြစ်တော့ ပျက်စီးဆုံးရှုံးမှုပိုများသွားတယ် ၊ အိမ်ခြေ တစ်ရာကျော် နှစ်ရာနီးပါး လောင်သွားတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ငါးယှန်ရွာနားက မုံရွာ-မန္တလေးကားလမ်းမှာ မိုင်းထောင်ထားတာတွေရှိတယ် ၊ အရင်နေ့က ဖော်ထုတ်ရှင်းလင်းခဲ့ရတာ မိုင်းအလုံးရေ ၅၀ ကျော်ရှိတယ် ၊…
Read Moreထီးလင်းမြို့ပေါ် ဌာနဆိုင်ရာ ရုံးအဆောက်ဦးတွေ မီးရှို့ခံရ
မေ ၊ ၁၁ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးအဆောက်ဦးတချို့ ဒီကနေ့မနက်ပိုင်းက. မီးရှို့ခံရတယ်လို့ ထီးလင်းမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၅ နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်တယ် ၊ အဲ့ဒါပြီးတော့ မြို့နယ် ပညာရေးမှူးရုံး ၊ မြို့နယ်သမဝါယမ ရုံး ၊ မြို့နယ်စီမံကိန်းရုံး ၊ မြို့နယ်ဥပေဒေရုံးနဲ့ မြို့နယ်စည်ပင်သာယာရုံး အပါအဝင် ဌာနဆိုင်ရာ ရုံး ၅ ခုရဲ့ အဆောက်ဦးတွေ မီးရှို့ဖျက်စီးခံရတယ် ” လို့ ထီးလင်းမြို့ခံ တယောက်က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဂန့်ဂေါခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ” ဒီမနက် ၅ နာရီမှာ ထီးလင်းမြို့နယ်…
Read More