ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာမှာ အိမ်ခြေ ၂ ရာနီးပါး မီးလောင်

မေ ၊ ၁၂-၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ မုံရွာ – မန္တလေး ကားလမ်းဘေးမှာရှိတဲ့ ငါးယှန်ကျေးရွာမှာ မနေ့ မေ ၁၁ ရက် ည ၉ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။

” မီးက ရှို့မီး အမျိုးအစားဖြစ်တယ် ၊ မီးလောင်နေတဲ့အချိန် လေတိုက်တာတွေဖြစ်တော့ ပျက်စီးဆုံးရှုံးမှုပိုများသွားတယ် ၊ အိမ်ခြေ တစ်ရာကျော် နှစ်ရာနီးပါး လောင်သွားတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ငါးယှန်ရွာနားက မုံရွာ-မန္တလေးကားလမ်းမှာ မိုင်းထောင်ထားတာတွေရှိတယ် ၊ အရင်နေ့က ဖော်ထုတ်ရှင်းလင်းခဲ့ရတာ မိုင်းအလုံးရေ ၅၀ ကျော်ရှိတယ် ၊ အဲ့ဒီကားလမ်းမှာ သွားလာနေတဲ့ ကားတွေ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရတာတွေရှိတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ညပိုင်းက ချောင်းဦးမြို့ပေါ်မှာရှိတဲ့ ရွှေဂူကြီးဘုရားအနီးဝန်းကျင်မှာလည်း မီးလန့်တာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ မီးလောင်မှုတွေဖြစ်ပွားပြီး လူနေအိမ် ၅ သောင်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW