ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ချက်ချင်းလွှတ်ဖို့ တရားရုံးချုပ်အမိန့်ထုတ်

အစ္စလာမ္မာဘတ်၊ မေ-၁၂-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်မှာ အကျင့်ပျက်ချစားမှုစွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ဖမ်းဆီးခြင်းဟာ တရားမ၀င်ကြောင်း တရားရုံးချုပ်က မေ ၁၁ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ အခုလိုဆုံးဖြတ်ပြီးနောက်မှာ မစ္စတာခန်းကို ချက်ချင်းလွှတ်ပေးဖို့ တရားရုံးက အမိန့်ပေးလိုက်ပါတယ်။ မေ ၉ ရက်မှာ အစ္စလာမ္မဘတ်ရှိ တရားရုံးမှာ ၀န်ကြီးချုပ်ဟောင်ကို ဖမ်းဆီးမှုဟာ ဥပဒေနှင့် မညီကြောင်း ရှေ့နေများက စောဒကတက်ခဲ့ပါတယ်။ သူဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲများအတွင်း လူ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၀၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ၀န်ကြီးချုပ်ဟောင်းနဲ့စစ်တပ်အကြား တင်းမာမှုတွေ တိုးပွားနေပါတယ်။ ၀န်ကြီးချုပ်ဟောင်းအပေါ် စွဲဆိုထားတဲ့အမှုတွေဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုသာဖြစ်ကြောင်း အိုင်မရာခန်းရဲ့ပီတီအိုင်ပါတီက ဝေဖန်ပြောဆိုထားပါတယ်။ အိုင်မရာခန်းဟာ ပါလီမန်မှာ အယုံအကြည်မရှိအဆိုတင်သွင်းခံရပြီးနောက် လွန်ခဲ့တဲ့နှစ်ဧပြီလမှာ ရာထူးမှနှုတ်ထွက်ခဲ့ပြီး အဲဒီအချိန်ကစပြီး လက်ရှိ၀န်ကြီးချုပ် ရှာရစ်ဖ်နဲ့ သဘောထားကွဲလွဲနေခဲ့ပါတယ်။ မစ္စတာခန်းက ပါလီမန်ကို စောလျှင်စွာဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပဖို့…

Read More

မုန်တိုင်း`မိုခါ´ရှောင်တိမ်းဖို့အတွက် ဧရာဝတီတိုင်းက ရေယာဉ်တွေအားလုံး ပြေးဆွဲမှုရပ်နား

မေ၊၁၂-၂၀၂၃ MM(VOM) ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကာင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းကို ရှောင်တိမ်းဖို့အတွက်ဆိုကာ ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်တွေအားလုံးကို ပြေးဆွဲမှုရပ်နားထားကြတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့ကိုအခြေပြုကာ ပင်လယ်ပြင်ကနေ ကမ်းနီးကမ်းဝေး ပြေးဆွဲနေတဲ့ ရေယာဉ်တွေအားလုံးအနေနဲ့ မေလ ၁၀ ရက်ကနေ ၁၅ ရက်အထိယာယီရပ်နားထားဖို့ သက်ဆိုင်ရာက ရေယာဉ်တွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ”ဟုတ်ပါတယ်၊ သက်ဆိုင်ရာက အကြောင်းကြားထားတာပါ၊ ဧရာဝတီတိုင်းက မုန်တိုင်းသက်ရောက်မှုရှိနိုင်တဲ့ နေရာဒေသတွေကရေယာဉ်တွေကို အကုန်ရပ်နားထားတာပါ၊ ပင်လယ်ခရီးထွက်သွားလာခွင့် ပိတ်ပင်ထားတဲ့အပြင် ရေယာဉ်တွေကို ကူညီကယ်ဆယ်လုပ်ငန်းတွေမှာ ဆောင်ရွက်နိုင်ဖို့ပါ အသင့်စီစဉ်ထားခိုင်းတယ်၊ရေယာဉ်တွေကို လုံခြုံတဲ့ ချောင်းတွေ မြောင်းတွေထဲထည့်ပြီး ထားရမယ်လို့အကြောင်းကြားထားတယ်၊လတ်တလောအနေနဲ့တော့ ၁၅ ရက်အထိ ရပ်ထားရမယ်တဲ့”လို့ဧရာဝတီတိုင်း ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ တာဝန်ရှိတစ်ဦးက ပြောပါတယ်။ ရေယာဉ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ စည်းကမ်းလိုက်နာမှုမရှိဘဲ ပင်လယ်ပြင်ကို ခရီးထွက်ပြေး ဆွဲသွားလာမယ်ဆိုရင် ရေယာဉ်စည်း ကမ်းထိန်းသိမ်းရေး ဥပဒေအရ…

Read More

YBSတွေကို လျှပ်စစ်ကားတွေနဲ့ ပြောင်းလဲပြေးဆွဲဖို့ လုပ်နေ

မေ ၁၂ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBSယာဉ်တွေကို လျှပ်စစ်ကား (EV Bus)တွေနဲ့ ပြောင်းလဲပြေးဆွဲနိုင်ဖို့ အခု မေလထဲ ကနဦးစီမံချက် (Pilot Project) အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။ မော်ဒယ်လ်နိမ့် EV Bus တွေ အစားထိုးပြေးဆွဲဖို့အတွက် Pilot Project အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး လိုင်းစနစ်တကျနဲ့ ပြေးဆွဲနိုင်ဖို့ မကြာခင်မှာ စစ်တမ်း (Survey) ကောက်ယူသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ “ဒါနဲ့ပတ်သက်လို့ Pilot Project တွေလုပ်မယ်။ Survey တွေလုပ်မယ်။ စနစ်တကျ Survey တွေလုပ်ပြီးမှ တဆင့်ချင်း သွားဖို့ရှိတယ်။ အဓိကကတော့ စက်သုံးဆီသုံးစွဲမှုတွေ လျှော့ချနိုင်ဖို့ရယ်၊ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လေထုညစ်ညမ်းမှု မရှိအောင် ဆောင်ရွက်ဖို့ရယ်၊…

Read More

ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာမှာ အိမ်ခြေ ၂ ရာနီးပါး မီးလောင်

မေ ၊ ၁၂-၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ မုံရွာ – မန္တလေး ကားလမ်းဘေးမှာရှိတဲ့ ငါးယှန်ကျေးရွာမှာ မနေ့ မေ ၁၁ ရက် ည ၉ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။ ” မီးက ရှို့မီး အမျိုးအစားဖြစ်တယ် ၊ မီးလောင်နေတဲ့အချိန် လေတိုက်တာတွေဖြစ်တော့ ပျက်စီးဆုံးရှုံးမှုပိုများသွားတယ် ၊ အိမ်ခြေ တစ်ရာကျော် နှစ်ရာနီးပါး လောင်သွားတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ငါးယှန်ရွာနားက မုံရွာ-မန္တလေးကားလမ်းမှာ မိုင်းထောင်ထားတာတွေရှိတယ် ၊ အရင်နေ့က ဖော်ထုတ်ရှင်းလင်းခဲ့ရတာ မိုင်းအလုံးရေ ၅၀ ကျော်ရှိတယ် ၊…

Read More

ထီးလင်းမြို့ပေါ် ဌာနဆိုင်ရာ ရုံးအဆောက်ဦးတွေ မီးရှို့ခံရ

မေ ၊ ၁၁ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးအဆောက်ဦးတချို့ ဒီကနေ့မနက်ပိုင်းက. မီးရှို့ခံရတယ်လို့ ထီးလင်းမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၅ နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်တယ် ၊ အဲ့ဒါပြီးတော့ မြို့နယ် ပညာရေးမှူးရုံး ၊ မြို့နယ်သမဝါယမ ရုံး ၊ မြို့နယ်စီမံကိန်းရုံး ၊ မြို့နယ်ဥပေဒေရုံးနဲ့ မြို့နယ်စည်ပင်သာယာရုံး အပါအဝင် ဌာနဆိုင်ရာ ရုံး ၅ ခုရဲ့ အဆောက်ဦးတွေ မီးရှို့ဖျက်စီးခံရတယ် ” လို့ ထီးလင်းမြို့ခံ တယောက်က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဂန့်ဂေါခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ” ဒီမနက် ၅ နာရီမှာ ထီးလင်းမြို့နယ်…

Read More

မြိုင်မြို့ပေါ်က လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ လူ ၂ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

မေ ၁၁ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ပေါ်က လူနေရပ်ကွက်တွေထဲ မနေ့ မေ ၁၀ ရက်နေ့ညက လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ အဆောက်ဦးတွေ ထိခိုက်ပျက်စီးတဲ့အပြင် လူသေဆုံး ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မြိုင်မြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အမှတ် ၁ ရပ်ကွက်ထဲက အထက ၂ ကျောင်းရှေ့လမ်းမှာ လက်နက်ကြီးကျည် ၁ လုံး နဲ့ အမှတ် ၃ ရပ်ကွက်ထဲက ဦးညိုသင်းဆိုသူရဲ့ နေအိမ်ပေါ်ကို ၁ လုံး ကျရောက်ပေါက်ကွဲတယ် ” လို့ မြိုင်မြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြိုင်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့ကည ၉…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ

ညီဘွား (VOM) -အာကာသထဲမှာ လူသားတွေနေထိုင်နိုင်ရေး ကိုယ်ပိုင်စခန်းဆောက်ဖို့ SpaceX စီစဉ်နေ အမေရိကန်ဘီလျှံနာသူဌေး အီလွန်မာ့ခ်ရဲ့ SpaceX ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်အာကာသစခန်း တည်ဆောက်ဖို့အတွက် စာချုပ်တရပ်ကို မေ ၁၀ ရက်က လက်မှတ်ရေးထိုးပြီး လူသားတွေ အာကာသထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ ခြေလှမ်းတရပ်စတင်လိုက်ပြီဖြစ်ပါတယ်။ SpaceX ဟာ အဲဒီအာကာသစခန်းကို ၂၀၂၅ ခုနှစ်နောက်ဆုံးထားပြီး အာကာသထဲကို လွှတ်တင်ပြီးနောက် များမကြာမီမှာ လူလိုက်ပါတဲ့အာကာသခရီးစဉ်အများအပြားကို ၀န်ဆောင်မှုပေးသွားမယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Haven-1 လို့အမည်ရတဲ့ အဲဒီအာကာသစခန်းကို ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိခ်ျအခြေစိုက် ပုဂ္ဂလိက အာကာသကုမ္ပဏီ Vast ကနေ တည်ဆောက်နေပြီး သူ့ရဲ့ရည်မှန်းချက်ကတော့ အနာဂတ်မှာ ကမ္ဘာ့ပေါ်က လူဘီလီယံများစွာ အာကာသထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ဖြစ်ပါတယ်။ SpaceX ဟာ Haven-1 အာကာသစခန်းကို ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ဖို့အတွက် သူ့ရဲ့စွမ်းအားမြင့် Falcon…

Read More

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သည်ခံနိုင်စရာမရှိကြောင်း အာဆီယံဥက္ကဋ္ဌပြော

ဂျကာတာ၊ မေ-၁၁-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ သည်းခံနိုင်စရာမရှိကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံအစည်းအဝေးနောက်ဆုံးနေ့ မေ ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်သင့်ပြီး ပြည်သူတွေကို အကာအကွယ်ပေးရမယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ တွန်းအားပေးသွားမယ်လို့ သူကဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံရေးဖြစ်စဉ်မှာပါ၀င်နေတဲ့အဖွဲ့တွေကို အသိအမှတ်ပြုတာ သို့မဟုတ် ထောက်ခံတာမျိုးကို မဆိုလိုပေမယ့် ပဋိပက္ခမှာပါ၀င်နေတဲ့ ဘယ်သူတွေနဲ့မဆို ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာမှာ အာဆီယံနိုင်ငံတွေအနေနဲ့ လုံလောက်တဲ့စွမ်းနိုင်ခြင်းမရှိကြောင်း ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။ ဒီအတွက်အာဆီယံအနေနဲ့ စည်းလုံးညီညွှတ်ဖို့လိုတယ်လို့ သူကဆိုပါတယ်။ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှုမရှိဆိုကာ အာဆီယံအဖွဲ့ရဲ့ ထိပ်တန်းအစည်းအဝေးတွေမှာ မြန်မာဘက်က ကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။…

Read More

မိုခါမုန်တိုင်းဟာ စစ်တွေမြို့ကနေ ဝင်ရောက်မှာဖြစ်လို့ ဒေသခံတွေ အမြန်ပြောင်းရွှေ့ကြဖို့ တိုက်တွန်း

မေ ၁၁ – ၂၀၂၃ SN (VOM) မိုခါမုန်တိုင်း မေ ၁၄ ရက်မှာ စစ်တွေမြို့ကနေ ဝင်ရောက်မှာဖြစ်လို့ ဒေသခံတွေအနေနဲ့ ဘေးကင်းရာကို အမြန်ဆုံးပြောင်းရွှေ့ကြဖို့ မိုးလေဝသပညာရှင် တစ်ဦးက တိုက်တွန်ထားပါတယ်။ မေ ၁၄ ရက်နေ့မှာ မုန်တိုင်းဗဟိုချက် စစ်တွေ ရသေ့တောင်ကြား၊ မကျည်းချောင်းကနေပြီး ဝင်ရောက်မှာဖြစ်ပြီး မုန်တိုင်းဝန်းမိုင် ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။ မုန်တိုင်းကြောင့် မြေငူကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ မြေပုံ၊ ပုဏ္ဍားကျွန်းမြို့၊ မြောက်ဦး အထိအခိုက်အပျက်အစီး များနိုင်တယ်လို့ သိရပါတယ်။ “မိုးရေချိန် ၂၀၀ မီလီမီတာကနေ ၃၀၀ မီလီမီတာအထိ ရွာသွန်းနိုင်လို့ မိုးအလွန်ကြီးမှာဖြစ်ပါတယ်။ ဘေးကင်းရာ ကုန်းမြင့် လုံခြုံတဲ့နေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြပါလို့ အကြံပြုလိုက်ပါတယ်” လို့ မိုးလေဝသပညာရှင် မစုစုစံက အသိပေးထားပါတယ်။ မုန်တိုင်းဝင်ရောက်စဥ် တစ်နာရီ…

Read More

ပါကစ္စတန်၀န်ကြီးချုပ် ဖမ်းဆီးခံရမှု ဆန္ဒပြပွဲတွေအတွင်း လူရှစ်ဦးသေဆုံး၊ ၁၀၀၀ ကျော်ဖမ်းဆီးခံရ

အစ္စလာမ္မာဘတ်၊ မေ-၁၁-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းဖမ်းဆီးခံရပြီးနောက် နိုင်ငံတ၀န်းဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လူရှစ်ဦးသေဆုံးခဲ့ပြီး လူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့ကပြောပါတယ်။ ဆန္ဒပြပွဲတွေကြောင့် အချိူ့နေရာတွေမှာ စစ်တပ်ကို တပ်ဖြန့်ထားပြီး ပြင်းထန်တဲ့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ၀န်ကြီးချူပ်ဟောင်း အိုင်းမရာခန်းကို အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အပြစ်မရှိကြောင်း သူကငြင်းဆိုထားပါတယ်။ သူ့ကိုဖမ်းဆီးမှုဟာ ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေးအကြပ်ရိုက်နေတဲ့ကာလအတွင် အိုင်မရာခန်းနဲ့ စစ်တပ်တို့အကြား တင်းမာမှုတွေ သိသိသာသာတိုးခဲ့ကြောင်း အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။ ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါက ၂၀၁၈ ခုနှစ်မကနေ ၂၀၂၂ ခုနှစ်ထိ ၀န်ကြီးချုပ်ရာထူးထမ်းဆောင်ခဲ့တဲ့ အိုင်မရာခန်းအနေနဲ့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရာသက်ပန် ဆုံးရှုံးနိုင်ပါတယ်။ ပါကစ္စတန်မှာ ရွေးကောက်ပွဲကို ယခုနှစ်နှောင်းပိုင်းမှာ ကျင်းပရန် စီစဉ်ထားပါတယ်။ အကြမ်းဖက်ဆန္ဒပြမှုတွေကို သည်းခံမှာမဟုတ်ကြောင်း ပါကစ္စတန်၀န်ကြီးချုပ် ရှာရစ်ဖ်က သတိပေးပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar…

Read More
VOM News

FREE
VIEW