ပါကစ္စတန်၀န်ကြီးချုပ် ဖမ်းဆီးခံရမှု ဆန္ဒပြပွဲတွေအတွင်း လူရှစ်ဦးသေဆုံး၊ ၁၀၀၀ ကျော်ဖမ်းဆီးခံရ

အစ္စလာမ္မာဘတ်၊ မေ-၁၁-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းဖမ်းဆီးခံရပြီးနောက် နိုင်ငံတ၀န်းဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လူရှစ်ဦးသေဆုံးခဲ့ပြီး လူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့ကပြောပါတယ်။

ဆန္ဒပြပွဲတွေကြောင့် အချိူ့နေရာတွေမှာ စစ်တပ်ကို တပ်ဖြန့်ထားပြီး ပြင်းထန်တဲ့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

၀န်ကြီးချူပ်ဟောင်း အိုင်းမရာခန်းကို အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အပြစ်မရှိကြောင်း သူကငြင်းဆိုထားပါတယ်။

သူ့ကိုဖမ်းဆီးမှုဟာ ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေးအကြပ်ရိုက်နေတဲ့ကာလအတွင် အိုင်မရာခန်းနဲ့ စစ်တပ်တို့အကြား တင်းမာမှုတွေ သိသိသာသာတိုးခဲ့ကြောင်း အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။

ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါက ၂၀၁၈ ခုနှစ်မကနေ ၂၀၂၂ ခုနှစ်ထိ ၀န်ကြီးချုပ်ရာထူးထမ်းဆောင်ခဲ့တဲ့ အိုင်မရာခန်းအနေနဲ့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရာသက်ပန် ဆုံးရှုံးနိုင်ပါတယ်။

ပါကစ္စတန်မှာ ရွေးကောက်ပွဲကို ယခုနှစ်နှောင်းပိုင်းမှာ ကျင်းပရန် စီစဉ်ထားပါတယ်။ အကြမ်းဖက်ဆန္ဒပြမှုတွေကို သည်းခံမှာမဟုတ်ကြောင်း ပါကစ္စတန်၀န်ကြီးချုပ် ရှာရစ်ဖ်က သတိပေးပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW